Showing posts with label Algorithm. Show all posts
Showing posts with label Algorithm. Show all posts
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ အခန်းဆက် Tutorials လေးဖြစ်တဲ့ Algorithm အကြောင်းလေးကို ဆက်လေ့လာကြည့်ကြရအောင်ပါ။ အခန်းဆက် လေ့ကျင့်ခန်းဖြစ်လို့ အပိုင်းလေးတွေခွဲပြီး တင်ပြ ဆွေးနွေးပေးသွားပါ့မရ်ဗျာ။ အခု အပိုင်း(2) ကတော့ Sorting Method တွေထဲက တစ်ခုဖြစ်တဲ့ “Insertion Sort” အကြောင်းလေးပဲဖြစ်ပါတရ်။ ဒီ algorithm ရဲ့ နောက်ကွယ်က အလုပ်,လုပ်သွားတဲ့ idea ကို အလွယ်ကူဆုံးနဲ့ ထင်သာမြင်သာ အရှိဆုံးဖြစ်အောင် ပြောရမယ်ဆိုရင်တော့ ဖဲချပ်တွေကိုစီတဲ့ ပုံစံလို့ပဲ ဥပမာ ပေးရပါလိမ့်မရ်ဗျ။
စားပွဲပေါ်မှာ ဖဲချပ်တွေကို မှောက်ပြီးချထားမယ်၊ အဲ့ဒီအထဲက တစ်ချက်ချင်းကို လက်တစ်ဘက်နဲ့(ဘယ်လက်)ယူမယ်၊ အပွင့်ကိုကြည့်ပြီး နောက်လက်တစ်ဘက်ထဲကို(ညာလက်) အစဉ်အတိုင်း သူ့နေရာနဲ့သူ ထိုးထည့် (insert) လိုက်မယ်ပေါ့ဗျာ။ (ဒီ Insertion သဘောတရား ကြောင့်ပဲ insertion sort လို့ ခေါ်တာပါ)။ စစချင်းမှာတော့ ညာလက်ဟာ empty ပါဘဲ။ စားပွဲပေါ်ကနေ တစ်ချပ်ချင်းယူပြီး အစဉ်တိုင်း သူ့နေရာနဲ့သူ ထည့်လိုက်တော့မှ Fig မှာမြင်ရတဲ့အတိုင်း ညာလက်ထဲ ရောက်သမျှ ဖဲချပ်တိုင်းဟာ အစီစဉ်တကျ စဉ်ပြီးသား အနေအထားကို ရောက်သွားပါတယ်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတို့အနေနဲ့ ကျနော်နဲ့အတူ လေ့လာကြည့်ကြရအောင်ဗျာ။
အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Algorithm အကြောင်းလေးကို လေ့လာကြည့်လိုက်ကြရအောင်…။ အခန်းဆက် Tutorials ဖြစ်လို့ အပိုင်းလေးတွေခွဲပြီး တင်ပြဆွေးနွေး ပေးသွားပါ့မရ်ဗျာ။ အခုတော့ အပိုင်း(၁)လေးဖြစ်တဲ့ “Alogrithm မိတ်ဆက်” ဆိုတာလေးနဲ့ စလိုက်ကြမရ်။
Algorithm ဆိုတာ လုပ်ငန်းဆောင်တာတစ်ခုအတွက် အစီအစဉ်တကျ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတရ်။ ဒီတော့ အစီစဉ်ကျနစွာ ဖြစ်တည်မှုအတွက် စဉ်းစားကြည့်ရင် အရာအားလုံးဟာ Algorithm နဲ့ ဆက်စပ်နေမှာပဲဖြစ်ပါတရ်။ ယနေ့ IT ခောတ်မှာ လူ့အတွေးအတွက် စက်တွေကို အသုံးပြုလာတဲ့ ခောတ်မှာဆိုရင်တော့ Algorithm ရဲ့ အသုံးဝင်မှုက ဆိုဖွယ်ပင် မရှိဘူးလို့ ထင်ပါတရ်။ Algorithm ဆိုတာ ကွန်ပျူတာတွေ မပေါ်ခင်ကတည်းက ရှိခဲ့တာပါ။ အခု ကွန်ပျူတာတွေ ပေါ်လာတော့လည်း Algorithm တွေက ပိုလို့တောင် များလာပါသေးတယ်။
ဒီတော့ Algorithm ဆိုတာ ဘာလဲ( )..? ဘာ့ကြောင့် Algorithm ကို လေ့လာဖို့လိုတာလဲ( )..? ကွန်ပျူတာတွေမှာ အသုံးပြုနေတဲ့ တခြား technology တွေနဲ့ ယှဉ်ရင် Algorithm ရဲ့ အရေးပါမှုက ဘာလဲ( )..?။
အရပ်စကားနဲ့ ပြောရမယ်ဆိုရင် algorithm ဆိုတာ တန်ဖိုးတစ်ခု (သို့) တန်ဖိုးများကို input အနေနဲ့ လက်ခံပြီး၊ အခြားတန်ဖိုးတစ်ခု (သို့) တန်ဖိုးများကို output အဖြစ်နဲ့ ပြန်လည် ထုတ်ပေးနိုင်တဲ့ တိတိကျကျ သတ်မှတ်ထားတဲ့ တွက်ချက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ algorithm ဆိုတာကို input ကနေ output သို့ အသွင်ပြောင်းပေးတဲ့ တွက်ချက်မှု လုပ်ငန်းစဉ် တစ်ခုလို့ အကြမ်းဖျဉ်း မှတ်ထားရင် ရပါပြီဗျာ။ စိတ်ဝင်စားတဲ့ မိတ်ဆွေတို့အနေနဲ့ ကျနော်နဲ့အတူ လေ့လာကြည့်ကြရအောင်ဗျာ။
အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
