မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုကို Contrast Algorithm ကိုအသုံးပြုပြီးတော့ Color တွေကို Control လုပ်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Contrast Algorithm ရဲ့ အလုပ်လုပ်ပုံကတော့ Pixel တစ်ခုကို Detect လုပ်မရ်။ Detect လုပ်ပြီးတဲ့အခါမှာတော့ bright ဖြစ်တဲ့ Pixel ဖြစ်ရင် RGB Value တွေကို သတ်မှတ်ပေးလိုက်တဲ့ Contrast အတိုင်းတိုးပေးလိုက်မှာဖြစ်ပြီး dark ဖြစ်တဲ့ Pixel ဖြစ်ခဲ့ရင်တော့ သတ်မှတ်ပေးလိုက်တဲ့ Contrast အတိုင်း RGB Value တွေကို လျှော့ချပေးပါလိမ့်မရ်။ တနည်းပြော ရရင် Contrast ဆိုတာ Image တစ်ခုရဲ့ Brithtest and Drakest Area အကြား ဘရ်လောက်အနေအထား(length)အထိ ခြားနားပေးလိုက်မရ် ဆိုတာကို သတ်မှတ်ပေးတာပါ။ Contrast Increase ဖြစ်ရင် (သို့မဟုတ်) ခြားနားချက်များလာရင် Vibrant များပြီး အရောင်အသွေး တောက်လာမှာဖြစ်ပြီး Contrast Decrease ဖြစ်လာရင်တော့ အရောင်အသွေး ထိုင်းမှိုင်းတဲ့ဘက်ကို ကူးသွားမှာဖြစ်ပါတရ်။ Fig တွေမှာ ကြည့်လိုက်ရင်တော့ ဆိုလိုရင်းကို နားလည်ကြလိမ့်မရ်လို့ ထင်ပါတရ်ဗျ။
Contrast တန်ဖိုး သတ်မှတ်တဲ့အခါမှာတော့ Threshold Value အနေနဲ့ -100 to 100 ကြားကို သတ်မှတ်ပေး နိုင်ပါတရ်။ Positive Values ကတော့ Image ရဲ့ Contrast တန်ဖိုးကို တိုးပေးမှာဖြစ်ပြီး Negative Values တွေကတော့ Image ရဲ့ Contrast တန်ဖိုးကို လျှော့ချပေးမှာဖြစ်ပါတရ်။ Contrast တန်ဖိုး သုည(0) ကတော့ Contrast အလုပ် မလုပ်ရသေးတဲ့အခြေအနေ (သို့မဟုတ်) Image ရဲ့ မူလအခြေအနေပဲဖြစ်ပါတရ်။ ဒါပေမဲ့ Algorithm ထဲရောက်တဲ့ အခါမှာတော့ Contrast တွက်ယူတဲ့ Formula ကိုဖြတ်ရပါတရ်။ ဒီအချိန်မှာတော့ Contrast တန်ဖိုးဟာ 0 to 4 ကြားသာ အလုပ် လုပ်တာကို တွေ့ရပါလိမ့်မရ်။ ကျနော်တို့ ရွေးချယ်ပေးလိုက်တဲ့ -100 to 100 ကြား Threshold Value ကို Contrast Value အဖြစ် ပြောင်းလဲပေးတဲ့ Formula ကတော့...
Contrast = Math.Pow(((100.0 + Threshold) / 100.0), 2);အခုလိုပုံစံဖြစ်ပါတရ်။ တကယ်အသုံးပြုမရ့် Contrast တန်ဖိုး တွက်ထုတ်ပြီးတဲ့အချိန်မှာတော့ Contrast = 1 ဟာ ပြောင်းလဲမှုမရှိတဲ့ မူလ Image အခြေအနေဖြစ်ပြီး 0 to 1 ကြားကတော့ Contrast Decrease ဘက်ကို ကစားနိုင်မရ့် အခြေအနေပါ။ ဒီလိုပါပဲ 1 to 4 ကြားကတော့ Contrast Increase ဘက်ကို စကားနိုင်မရ့် အခြေအနေပဲဖြစ်ပါတရ်။ Contrast တန်ဖိုးကို သိပြီဆိုရင်တော့ ကျနော်တို့ Algorithm လုပ်ငန်းစဉ်လေးကို လေ့လာကြည့်ပါ့မရ်။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပါတရ်။ ဒုတိယအဆင့်မှာတော့ ရလာတဲ့ RGB Color Value တွေကို Contrast Formula ထဲကိုဖြတ်ပြီး RGB Color Value အသစ်တွေကို ဖန်တီးယူပါတရ်။ Contrast Formula ပုံစံကတော့ RGB = ((((originalRGB / 255.0) – 0.5) * Contrast) + 0.5) * 255.0; အခုလိုဖြစ်ပါတရ်။ တတိယအဆင့်မှာတော့ ရရှိလာတဲ့ Color Value အသစ်တွေကို မူလ Pixel ရဲ့ RGB Color Value နေရာတွေမှာ ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Contrast Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Red Color တစ်ခုကို Contrast တွက်ပြထားပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Contrast Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခုနဲ့ PictureBox(2)ခု၊ TrackBar(1)ခုနဲ့ Label(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
TrackBar ကို Initial Value = 100 ပေးထားတာကတော့ Contrast In/Out အတွက် TrackBar ကို စမှတ် 100 မှာ Zero Line ချလိုက်တာပါ။ ဒါမှ ကနဦး ဆွဲတင်လိုက်သော Image ဟာ 100(0%)မှာ ဖော်ပြပြီး 100 အောက်ငယ်သွားရင် Contrast Decrease Proces ဘက်ကိုလုပ်ကာ 100 ထက်များသွားရင်တော့ Contrast Increase Process ဘက်ကိုလုပ်ပါလို့ ခိုင်းလို့ရမှာပါ။ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။ ဒီတော့ TrackBar ရဲ့ Value အချိန်းအပြောင်းပေါ်မူတည်ပြီး Brightness Result ပြောင်းလဲ လုပ်ဆောင်သွားမှာဖြစ်ပါတရ်။ TrackBar ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။
Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Contrast Changing အတွက် Threshold Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Contrast Value အတိုး/အလျှော့ လုပ်သွားတဲ့ပုံကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ ဒီလေ့ကျင့်ခန်းမှာတော့ တမူထူးခြားသွားအောင် Coding ရေးသားတဲ့ ပုံစံလေးကို အနည်းငရ် ချိန်းထားပါတရ်။ R, G, B Color တန်ဖိုး အချိန်းအပြောင်း အားလုံးဟာ တူညီတဲ့ Formula တစ်ခုတည်းမှာ အလုပ်လုပ်တာပါ။ ဒီတော့ Image တစ်ခုလုံးမှာရှိတဲ့ Byte အရေအတွက်ကို အရင်ရှာပြီး For loop နဲ့ တစ်ကြောင်းတည်းပတ်ကာ အလုပ် လုပ်ခိုင်းထားပါတရ်။ ရှေ့သင်ခန်းစာတွေမှာ လေ့လာခဲ့တဲ့ R, G, B Color တန်ဖိုး တစ်ခုချင်းစီ ခွဲတွက်ယူတာနဲ့ အတူတူပါပဲ။ ဒီနေ့ လေ့လာတဲ့ ပုံစံက Coding နည်းတရ်ဆိုပေမဲ့ Processing Time အနည်းငရ် ပိုနှေးတရ်ဆိုတာတော့ သိထားစေချင်ပါတရ်။ အရင်ပုံစံအတိုင်း သုံးချင်တဲ့ မိတ်ဆွေတို့ အနေနဲ့တော့ အောက်က Coding အတိုင်း Method မှာ အစားထိုး အသုံးပြုနိုင်ပါတရ်။
Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ TrackBar သို့မဟုတ် Contrast Value ရဲ့ ပြောင်းလဲအမှုအပေါ် မူတည်ပြီး Contrast Image ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ Track Value ထဲက 100 ပြန်နုတ်ထားတာကတော့ Contrast Value ကို -100 to 100 ကြား တွက်ယူချင်လို့ပါ။ ပြောင်းလဲသွားတဲ့ Contrast Value ကိုတော့ label နဲ့ Infornation ထုတ်ပြထားပါတရ်။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုကို Gamma Algorithm ကိုအသုံးပြုပြီးတော့ Color တွေကို Control လုပ်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Gamma ဆိုတာ non-linear operation တစ်ခုပါ။ Gamma correction, gamma non-linearity, gamma encoding, ... စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတရ်။ မည်သို့ပင်ဆိုစေ Gamma ရဲ့ အလုပ်ကတော့ Image တစ်ခုရဲ့ light and dark တန်ဖိုးတွေကို encode and decond လုပ်ဖို့ပါ။ တစ်နည်းအားဖြင့် Brightness ကို Control လုပ်တာပါ။ အလင်း/အမှောင်ကို control လုပ်တရ်ဆိုလို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Brightness နဲ့ သွားမရောစေချင်ပါ။ Gamma Operation က Brightness Operation နဲ့ ပိုပြီးရှုပ်ထွေးပါတရ်။ Gamma Algorithm ကိုတော့ အလင်း/အမှောင် ပုံစံ မမှန်သော Image များကို မိမိစိတ်ကြိုက် R, G, B Color Value ကို Brithtness ကစားပြီး encode လုပ်တဲ့အချိန်မှာ သုံးပါတရ်။ Brightness တုန်းက R, G, B Color value ကို -255 to 255 နဲ့ radio တစ်ခုတည်းမှာ ကစားနိုင်ပေမဲ့ Gamma မှာတော့ 0.2 to 5 ကြားမှာ R, G, B Color Value ကို channel တစ်ခုစီအလိုက် ကစားနိုင်ပါလိမ့်မရ်။ အောက်မှာ Algorithm နဲ့ Example လေးကို ကြည့်လိုက်ရင် နားလည်သွာပါလိမ့်မရ်။
အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပါတရ်။ ဒုတိယအဆင့်မှာတော့ ရလာတဲ့ RGB Color Value တွေကို Gamma Formula ထဲကိုဖြတ်ပြီး RGB Color Value အသစ်တွေကို ဖန်တီးယူပါတရ်။ Gamma Formula ပုံစံကတော့...
RGB = (255.0 * Math.Pow(Original_Color / 255.0, 1.0 / Gamma));
အခုလိုဖြစ်ပါတရ်။ တတိယအဆင့်မှာတော့ ရရှိလာတဲ့ Color Value အသစ်တွေကို မူလ Pixel ရဲ့ RGB Color Value နေရာတွေမှာ ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Gamma Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Red Color တစ်ခုကို Gramma တွက်ပြထားပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
အထက်မှာရှင်းပြခဲ့တာကတော့ Gamma Algorithm ရဲ့ Color Encode Formual ပုံစံပါ။ မိတ်ဆွေတို့အနေနဲ့ Gamma ချိန်ယူပြီးသား Image တစ်ခုကို မူလပုံစံ သို့မဟုတ် ကြိုက်နှစ်သက်ရာ Color နဲ့ Decode ပြန်လုပ်ချင်တရ်ဆိုရင်ဖြင့် အောက်က Formula ကို ပြန်သုံးနိုင်ပါတရ်ဗျ။
Original = 255.0 * Math.Pow(encode/255.0, gamma);
အပေါ်မှာ ကျနော် Red Color 120 ကို Gamma ကိုသုံးပြီး Encode လုပ်ခဲ့တာ 139 ရခဲ့ပါတရ်။ မိတ်ဆွေတို့အနေနဲ့ ဒီ Decode Formual ကိုသုံးပြီး Decode ပြန်လုပ်ကြည့်ပါ။ Red Color 120 ပြန်ရပါလိမ့်မရ်ဗျ။
မှတ်ချက်။ Gamma Input range က 0.2 to 5 အထိပဲရှိတာကို သတိပြုပါ။ Gamma Value = 1 က Gamma Processing မလုပ်ရသေးတဲ့ မူလ Color Value ဖြစ်ပြီး 1 နဲ့ 0.2 ကြားကတော့ အမှောင်ဘက်ကို Control လုပ်မရ့် Gamma Value ဖြစ်ပါတရ်။ 1 to 5 ကတော့ အလင်းဘက်သို့ Control လုပ်မရ့် Gamma Value ပဲဖြစ်ပါတရ်ဗျာ။
ကဲ... ဒီလောက်ဆိုရင်တော့ Gamma Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(2)ခုနဲ့ PictureBox(2)ခု၊ TrackBar(3)ခုနဲ့ Label(3)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီမှာ TrackBar ရဲ့ Range ကို 4 to 100 ပေးထားတာကတော့ ကျနော်တို့ Gamma ရဲ့ Inupt Range ဖြစ်တဲ့ 0.2 to 5 ကြား ကစားနိုင်အောင်ပါ။ 4 to 100 ပေးပြီး 0.2 to 5 ဖြစ်အောင် ကျနော်ကတော့ အောက်ကပုံစံအတိုင်း တွက်ထုတ်ထားပါတရ်။
Gamma = 0.05 * TrackBarValue;
အခုလိုပါ။ TrackBar ရဲ့ lower bound ဖြစ်တဲ့ 4 ကို 0.05 နဲ့မြှောက်ကြည့်ပါ။ ကျနော်တို့ Gamma Value ရဲ့ lower bound ဖြစ်တဲ့ 0.2 ကိုရပါလိမ့်မရ်။ ဒီလိုပါပဲ TrackBar ရဲ့ upper bound ဖြစ်တဲ့ 100 ကို 0.05 နဲ့မြှောက်ကြည့်ပါ။ ကျနော်တို့ Gamma Value ရဲ့ upper bound ဖြစ်တဲ့ 5 ကိုရပါလိမ့်မရ်ဗျာ။ ဒါဆိုရင်တော့ TrackBar ကိုကြိုက်သလိုကစားရင်တောင် ကျနော်တို့ လိုချင်နေတဲ့ Gamma Input Range ဖြစ်တဲ့ 0.2 to 5 ကြားပဲ ရှိနေပါလိမ့်မရ်ဗျ။ logic ကတော့ သင်္ချာကို အခြေခံထားပါတရ်။ Math အားကောင်းရင်ဖြင့် Programming Logic ကောင်းပါလိမ့်မရ်ဗျာ။ လေ့လာကြပါလို့ တိုက်တွန်းပါရစေ။
ဒီလောက်ဆိုရင်တော့ ကျနော်တို့ Gamma Processing မှာ အသုံးပြုမရ့် Algorithm တွေ logic တွေ အကြမ်းဖျဉ်းနားလည်သွားပါပြီ။ ကျနော်တို့ Coding ရေးကြည့်ကြမရ်။
ဒါကတော့ ပထမဆုံး Processing လုပ်မရ့် Image ကို PictureBox ပေါ်သို့ ဆွဲတင်တဲ့အချိန်မှာပဲ Gamma Processing အတွက် လိုအပ်တာများကို Initial လုပ်လိုက်တာပါ။ Global အနေနဲ့ redGamma, greenGamma, blueGamma တို့ကို 1 assign လုပ်ထားတာကတော့ ကျနော်အပေါ်မှတ်ချက်မှာ ပြောခဲ့တဲ့အတိုင်း Image ကို Gamma Processing မလုပ်ရသေးတဲ့ 1 အခြေအနေမှာ initial လုပ်ချင်လို့ပါ။ ကနဦးမှာ user information အဖြစ် label တွေနဲ့ Gamma value တွေကို 1 ပေးထားပါတရ်။ နောက် TrackBar Value တွေကို 20 ပေးထားတာကလည်း Gamma Processing မလုပ်ရသေးတဲ့ 1 အခြေအနေမှာ initial လုပ်ချင်လို့ပါပဲ(Gamma = 20 * 0.05 = 1)။ နားလည်နိုင်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ Gamma Processing အတွက် Method ခွဲရေးထားတာပါ။ Method ကိုတော့ Processing လုပ်မရ့် Image နဲ့အတူ RGB Gamma Value တွေကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Color Value တွေကို Gamma ပြောင်းယူပုံအဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ TrackBar သို့မဟုတ် RBG Gamma Value တွေရဲ့ ပြောင်းလဲအမှုအပေါ် မူတည်ပြီး Gamma Image ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ RBG Gamma Value တွေအတွက် Track Bar သုံးခုကို သုံးထားတဲ့အတွက် TrackBar သုံးခုစလုံးမှ Method ကို Calling လုပ်ထားပါတရ်။ Coding ကတော့ အရမ်းကို ရိုးရှင်းပါတရ်။ Gamma Method က သတ်မှတ်ထားတဲ့ Parameter အတိုင်း Value တွေကို မှန်မှန်ကန်ကန် Assign လုပ်ပေးလိုက်ယုံပါပဲဗျာ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ Default Image အတွက်တော့ ရိုးရိုးရှင်းရှင်းပါပဲ။ အားလုံးကို Gamma Processing မလုပ်ရသေးတဲ့ အခြေအနေကို ပြန်ပို့ထားလိုက်တာပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို Negative View ပုံစံနဲ့ ထုတ်ကြည့်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ဖလင်ကင်မရာတွေခောတ်ကို မှီခဲ့တဲ့ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမတို့အတွက်တော့ Negative Image ဆိုတာကို သိကြမရ်ထင်ပါတရ်။ Negative Film လိပ်လေးတွေကို တယုတယသိမ်းပြီး ဓါတ်ပုံအဖြစ် ပြန်ပြန်ကူးယူခဲ့ကြရတာကိုဗျ။ Negative ဆိုတာက ရိုးရိုးရှင်းရှင်း ပြောရရင် Invert လုပ်လိုက်တာပါ။ 1 ဆိုရင် 0 ပြောင်း၊ အဖြူဆိုအမဲ ပြောင်းလိုက်တာပေါ့။ Pixel တစ်ခုစီမှာရှိတဲ့ Color တွေကို Invert လုပ်ပစ်နိုင်မှာသာ ကျနော်တို့လိုချင်တဲ့ Negative Image တစ်ခုကိုရရှိမှာ မဟုတ်လားဗျ။ Color Range 0 to 255 ကြားမှ ဘာဖြစ်လာမရ်မှန်းမသိတဲ့ Color Value ကို Invert လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းရှိပါတရ်။ ဒါကတော့ Color ရဲ့ Upper Bound ဖြစ်တဲ့ 255 ထဲက Detect လုပ်လို့ရရှိတဲ့ Color Value ကိုနုတ်လိုက်ယုံပါပဲ။ အောက်မှာ အဆင့်လိုက် အသေးစိတ် Algorithm လေးကို ကြည့်လိုက်ပါ။
အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမအဆင့်မှာ Image ရဲ့ Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကို ဆွဲထုတ်ယူပါတရ်။ ဒုတိယအဆင့်မှာတော့ Color range ရဲ့ Upper Bound ဖြစ်တဲ့ 255 ထဲက Detect ရရှိသော R, G, B Color တန်ဖိုးတွေကို နုတ်ပါတရ်။ တတိယအဆင့်မှာတော့ အသစ်ရရှိလာသော R, G, B တန်ဖိုးတွေကို မူလ Pixel ရဲ့ R, G, B Color တန်ဖိုးတွေနေရာကို ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းလမ်းအတိုင်းပဲ Last Pixel ရောက်သည်အထိ အလုပ်လုပ်စေပြီး Color Image တစ်ခုကို Negative Image အဖြစ်သို့ ပြောင်းလဲယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာလေးနဲ့တွဲပြီးရှင်းထားလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။
မှတ်ချက်။ ဒီ Algorithm က Color Image ကို Negative Image အဖြစ် ပြောင်းလဲနိုင်သလို၊ Negative Image ကို Color Image အဖြစ် ပြန်လည်ပြောင်းလဲယူနိုင်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Negative Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(2)ခုနဲ့ PictureBox(2)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
NegativeImage( ) Method လေးကို လေ့လာကြည့်ပါ့မရ်။ Button Click_Event ကိုသာ သုံးထားတဲ့အတွက်ကြောင့် Negative Image Button ကို D_Click ပေးပြီး အောက်ပါ Coding လေးကို ရေးယူလိုက်ပါဗျာ။
Method ကိုတော့ Processing လုပ်မရ့် Image ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Color Value တွေကို Invert ပြောင်း Negative လုပ်ယူပုံအဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ Calling Method ပုံစံပါ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို Brithtness အတိုး/အလျှော့လုပ်ပြီး အလင်း/အမှောင် ချိန်ယူနိုင်တာလေးနဲ့ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Brightness ဆိုတာကတော့ Image တစ်ခုကို အလင်း/အမှောင် ချိန်ညှိုနိုင်ဖို့အတွက် အသုံးပြုတဲ့ Algorithm တစ်ခုပဲ ဖြစ်ပါတရ်။ Image တစ်ခုကို Region တွေ အသေးစိတ်ခွဲပြီး Pixel တစ်ခုချင်းစီကို Detect လုပ်ကာ စိတ်ကြိုက် အလင်း/အမှောင်ကို ချိန်ယူနိုင်ပါတရ်။ အနုစိတ်နိုင်လေ ပုံထွက်ကောင်းလေပါပဲဗျ။ ဒီလေ့ကျင့်ခန်းမှာတော့ Image ရဲ့ Pixel အားလုံးကို Detect လုပ်ပြီး Brightness အတိုး/အလျှော့ကို စိတ်ကြိုက်ကစားကြည့်မှာ ဖြစ်ပါတရ်။ အလင်း/အမှောင်ပဲ ချိန်တာလေးကို ပုံထွက်ကောင်းတရ်ပြောလို့ အမျိုးတော့ မထင်ကြပါနဲ့ Camera အသုံးပြုဖူးသူတွေနဲ့ ဆယ်ဖီသမားတွေအတွက်ကတော့ မီး အလင်း/အမှောင်ရဲ့ အရေးပါမှုကို ကောင်းကောင်း သိကြမရ်ထင်ပါတရ်။ ရုပ်ရှင်တွေမှာ မီးထိုး၊ မှန်ထိုးတာတွေကလည်း ဒီ အလင်း/အမှောင်ကို စိတ်ကြိုက် ကစားကြတာပါ။
Brightness က အလင်း/အမှောင် ချိန်ယူတာလို့ ပြောခဲ့ပါတရ်။ ဒီတော့ Brightness ကို လေ့လာတဲ့အခါ အလင်းနဲ့အမှောင်ဆိုပြီ နှစ်ပိုင်းခွဲပြီး လေ့လာနိုင်ပါတရ်။ အလင်းဘက်ကိုပဲသွားသွား၊ အမှောင်ဘက်ကိုပဲသွားသွား Color range က (0 to 255) သာရှိလို့ ဒီ scope ထဲက လွတ်သွားလို့မရပါဘူး။ ဒီတော့ ကျနော်တို့ အလင်း/အမှောင်ကို ကစားလို့ရတဲ့ Range က (-255 to +255) ပေါ့။
Algorithm ကိုချဉ်းကပ်တဲ့ ပုံစံကတော့ ထူးထူးခြားခြားမရှိပါဘူးဗျ။ ပထမဦးဆုံး Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကို ဆွဲထုတ်ပါတရ်။ ရလာတဲ့ R, G, B တန်ဖိုးတွေကိုမှ မိမိတို့လိုချင်တဲ့ အလင်း/အမှောင် တန်ဖိုးနဲ့ ပေါင်းပေးပြီး မူရင်း Pixel ရဲ့ R, G, B value တွေထဲ ပြန်ထည့်ပေးလိုက်တာပါ။ အလင်းဘက်သွားချင်ရင် အပေါင်းတန်ဖိုးနဲ့ ပေါင်းမရ်။ အမှောင်ဘက်သွားချင်ရင် အနုတ်တန်ဖိုးနဲ့ ပေါင်းပေးယုံပေါ့။ ဥပမာ အလင်းဘက်ကို သွားမရ်ဆိုပါစို့-
Brightness Value = 45;
Pixel = RGB(120, 114, 50);
Brightness Processing,
Pixel = RGB(120+45, 114+45, 50+45); = RGB(165, 159, 95);
ဒီလိုပါပဲ။ အမှောင်ဘက်ကို သွားမရ်ဆိုရင်တော့...
Brightness Value = -45;
Pixel = RGB(120, 114, 50);
Brightness Processing,
Pixel = RGB(120+(-45), 114+(-45), 50+(-45)); = RGB(75, 69, 5);
ကဲ... ဒီလောက်ဆိုရင်တော့ Brightness Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ Label(1)ခု၊ PictureBox(2)ခုနဲ့ TrackBar(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Brightness Processing အတွက် TrackBar ကိုသုံးထားပါတရ်။ TrackBar ကို Initial Value = 255 ပေးထားတာကတော့ Brightness In/Out အတွက် TrackBar ကို စမှတ် 255 မှာ Zero Line ချလိုက်တာပါ။ ဒါမှ ကနဦး ဆွဲတင်လိုက်သော Image ဟာ 255(0%)မှာ ဖော်ပြပြီး 255 အောက်ငယ်သွားရင် Bright Out Process ဖြစ်တဲ့ အမှောင်ဘကိုကိုလုပ်ကာ 255 ထက်များသွားရင်တော့ Bright In Process ဖြစ်တဲ့ အလင်းဘက်ကိုလုပ်ပါလို့ ခိုင်းလို့ရမှာပါ။ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။ ဒီတော့ TrackBar ရဲ့ Value အချိန်းအပြောင်းပေါ်မူတည်ပြီး Brightness Result ပြောင်းလဲ လုပ်ဆောင်သွားမှာဖြစ်ပါတရ်။ TrackBar ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။
Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Brightness Changing အတွက် Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Brightness Value အတိုး/အလျှော့ လုပ်သွားတဲ့ပုံကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ Calling Method ပုံစံပါ။ if()statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။







