မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Binary Number တစ်ခုကို Hexadecimal Number အဖြစ် ဘရ်လိုပြောင်းလဲ ယူနိုင်မလဲ ဆိုတာလေးကို လေ့လာကြည့်ကြမှာဖြစ်ပါတရ်။ ရှေ့သင်ခန်းစာတွေမှာ ကျနော်တို့ Binary To Decimal ပြောင်းလဲတာ၊ Decimal To Hexadecimal ပြောင်းလဲတာ အစရှိတဲ့ function တွေကို လေ့လာခဲ့ပြီးဖြစ်ပါတရ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ၄င်း function နှစ်ခုကိုဖြတ်ပြီး Binary To Hexadecimal ပြောင်းလဲတာလေးကို ပြုလုပ်နိုင်ပါတရ်။ဒီနေ့တော့ Getting 'char' Method လေးကို အသုံးပြုပြီး Binary Number မှ Hexadecimal Number အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲနိုင်တာလေးကို ဆွေးနွေးပေးသွားပါ့မရ်ဗျာ။ ရှေ့မှာ လေ့လာခဲ့ပြီးသား သင်ခန်းစာတွေကိုပဲ ကျောရိုးပြုပြီး သာမာန်အတွေးလေးကို ရုပ်လုံးဖော်ကြည့်ထားတာပါ။
သတိပြုရမရ့် Logic အနေနဲ့ကတော့ ကိန်းစဉ်တန်းတစ်ခုကို ဆယ်ပြည့်ကိန်း၊ ရာပြည့်ကိန်း၊ ထောင်ပြည့်ကိန်း... စသည်တို့ဖြင့် စားတဲ့အခါ စားကြွင်းအဖြင့် ကိန်းစဉ်တန်းမှာရှိသော မိမိလိုချင်တဲ့ ကိန်းအရေအတွက်ကို ဖြတ်ယူနိုင်တရ်ဆိုတာပါပဲဗျာ။ ဥပမာ အနေနဲ့ ကိန်းစဉ်တန်းတစ်ခုကို 10 နဲ့ စားရင် ၄င်းကိန်းစဉ်တန်းရဲ့ နောက်ဆုံး 1 လုံးကို စားကြွင်းအဖြင့် ပြန်ရမရ်။ 100 နဲ့ စားရင် 2 လုံးပြန်ရမရ်၊ 1000 နဲ့စားရင် 3 လုံးပြန်ရမရ်ပေါ့... စသည်ဖြင့် မိမိလိုချင်သလောက် ပြည့်ကိန်းကို တိုးပြီး စားနိုင်တာပဲဖြစ်ပါတရ်ဗျ။
မိတ်ဆွေတို့ ပိုပြီးနားလည်သွားအောင် ကျနော် Binary ကနေ Hexadecimal ပြောင်းတာကို အောက်မှာ ဥပမာလေးနဲ့ အရင်ပြပါ့မရ်။
eg. Binary = 110110110, Hex =? so, Binary = 0001 1011 0110 = 1 B 6 = 1B6 Binary(000110110110) = Hex(1B6)အနည်းငယ်ရှင်းရမရ်ဆိုရင်တော... Binary ကနေ Hexadecimal ပြောင်းမှာဖြစ်တဲ့အတွက် Binary Number ကို Right to Left လေးလုံးစီ အရင်ဖြတ်ယူပါ့မရ်။ ရလာတဲ့ လေးလုံးတွဲ Binary Number ကိုမှ Decimal အဖြစ် ပြောင်းလဲမရ်။ ရလာတဲ့ Decimal ကို Hexadecimal ပြောင်းလဲတဲ့အခါမှာ 10 to 15 ကို A to F အဖြစ် ပြောင်းလဲယူပါ့မရ်။ ပြီးရင်တော့ ၄င်း လေးလုံး Group အလိုက် ရရှိလာတဲ့ Hexadecimal တွေကိုစုစည်း ဖော်ပြခြင်းလိုက်ခြင်းဖြင့် ကျနော်တို့ လိုချင်နေတဲ့ Hexadecimal Number တစ်ခုကို ရရှိမှာဖြစ်ပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။ အခက်အခဲရှိတရ် ဆိုရင်တော့ ကျနော် http://programmingknowledge.blogspot.com/2014/07/5-number-system-conversions-from-binary.html Page မှာ ပုံနဲ့တကွ ရှင်းပြထားတာရှိပါတရ်ဗျ။
ကဲ... အခုဆိုရင် ကျနော်တို့ Logic အတွေးကိုလည်း နားလည်သွားပြီဆိုတော့ Coding Flow လေးကို ဆက်လေ့လာကြည့်ကြမရ်။
- ပထမဦးဆုံး Binary Number ကို 10000 နဲ့ စားပါ့မရ်( Binary Number ရဲ့ နောက်ဆုံး(4)လုံးကို ဖြတ်ယူချင်လို့ပါ)။
- ရလာတဲ့ စားကြွင်းကို loop ပတ်ပြီး ကျနော်တို့ ကြိုတင်သတ်မှတ်ထားတဲ့ Binary array နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ရရှိလာတဲ့ Index Number ကိုဆွဲထုတ်ပါတရ်။
- ၄င်း ဆွဲထုတ်ယူလာတဲ့ if( ) statement နဲ့ စစ်ထုတ်ပြီး formula ကိုဖြတ်ခိုင်းပါတရ်။ ရလာတဲ့ တန်ဖိုးကို char type ပြောင်းလဲယူပါ့မရ်။ ရလာတဲ့ Char တန်ဖိုးဟာ ကျနော်တို့ first loop ရဲ့ Hexadecimal Number ဖြစ်ပါတရ်။
- နောက်ဆုံးမှာတော့ Binary Number ကို 10000 နဲ့စားပြီး စားလဒ်ကို သုညနဲ့ မညီမချင်း loop ပတ် စစ်ထုတ်နေမှာဖြစ်ပါတရ်။
- နောက်ဆုံးမှာတော့ loop တခါပတ်တိုင်းရရှိလာတဲ့ char တန်းဖိုးတွေကို စုစည်းရေးသားပေးခြင်းဖြင့် ကျနော်တို့ လိုချင်နေတဲ့ Hexadecimal တန်ဖိုးကိုရရှိမှာဖြစ်ပါတရ်ဗျာ။
ဒီ Conversion လေးရဲ့ GUI ကိုတော့ အောက်ပါအတိုင်း ချထားပါတရ်ဗျ။ မိတ်ဆွေတို့အနေနဲ့ ကြိုက်နှစ်သတ်ရာ ပုံစံ Tool တွေနဲ့ ဖန်တီးယူနိုင်ပါတရ်။
Coding လေးကို လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
using System; using System.Windows.Forms; namespace NumberTypeConverter { public partial class BinaryConversion : Form { public BinaryConversion() { InitializeComponent(); } public string BinaryToHexadecimal(int Bi) { int[] HexConstant = { 0, 1, 10, 11, 100, 101, 110, 111, 1000, 1001, 1010, 1011, 1100, 1101, 1110, 1111 }; int remainder, count = 0; char[] arr = new char[32]; while (Bi != 0) { remainder = Bi % 10000; for (int i = 0; i <= HexConstant.Length - 1; i++) { if (HexConstant[i] == remainder) { if (i > 9 && i < 16) { /* A-F character constant */ arr[count++] = (char)((i - 10) + 'A'); } else { /* 0-9 integer constant */ arr[count++] = (char)(i + '0'); } } } Bi /= 10000; } //Revert array string output = ""; for (int i = count - 1; i >= 0; i--) { output += arr[i]; } return output; } private void btnConvert_Click(object sender, EventArgs e) { txtHexadecimal.Text = BinaryToHexadecimal(int.Parse(txtBinary.Text)); } private void btnReset_Click(object sender, EventArgs e) { txtBinary.Clear(); txtHexadecimal.Clear(); txtBinary.Focus(); } } }
အသေးစိတ်နားလည်နိုင်ဖို့အတွက် ကျနော် Trace လိုက်ပြပါ့မရ်။
ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Getting 'char' method လေးကို အသုံးပြုပြီး Binary Number ကနေပြီး Hexadecimal Number အဖြစ် ပြောင်းလဲနိုင်ပြီလို့ ထင်ပါတရ်ဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
Binary = 00011011, Hex=? Loop1 => (00011011 != 0) => true Remainder = 00011011 % 10000 = 1011 For(loop(11)== 1011) => true arr[0] = (char)((11 - 10) + 'A') = 1 + 65 = 66(B) Binary = 00011011 / 10000 = 1 Loop2 => (1 != 0) => true Remainder = 1 % 10000 = 1 For(loop(1)==1) => true arr[1] = (char)(1+ '0') = 1+48 =49(1) Binary = 1 / 10000 = 0 Loop3 => (0 != 0) => false arr[] = B1 so, output = 1B
Labels:
Number Conversion
0 Responses so far.
Post a Comment