မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Color Image တစ်ခုကို Grayscale Image ပုံစံသို့ ဘရ်လိုပြောင်းလဲ ယူနိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ရှေ့ Black & White ပြောင်းတဲ့ လေ့ကျင့်ခန်းမှာတော့ Grayscale Image နဲ့ Black & White Image ကွဲပြားတရ်ဆိုတာကို ကျနော် မှတ်ချက်ကလေးနဲ့ ပြောခဲ့ပါတရ်။ တချို့က Grayscale Image ကို Black & White Image လို့ မှားခေါ်တတ်ကြလို့ပါ။ Black & White Image ဆိုတာက Image တစ်ခုလုံးမှာ အဖြူ၊ အမဲ Color နှစ်မျိုးတည်းနဲ့ ဖွဲ့စည်းထားတဲ့ Image ကိုဆိုလိုတာပါ။ Grayscale ကတော့ ဒီလိုမဟုတ်ပါဘူး။ Pixel တစ်ခုထဲမှာတော့ RGB တူညီတဲ့ Color range ရှိရပါ့မရ်။ Pixel တစ်ခုနဲ့ တစ်ခုကတော့ Color range တူစရာမလိုပါဘူး။ ဥပမာအနေနဲ့...
first_Pixel = RBG(2, 2, 2);
second_Pixel = RGB(241, 241, 241);
-----
-----
Last_Pixel = RGB(126, 126, 126);
စသည်ဖြစ်ပေါ့။ Color range အနည်း၊ အများပေါ်မူတည်ပြီး light gray and dark gray ဆိုပြီး Pixel တစ်ခုနဲ့တစ်ခု ကွာသွားပါလိမ့်မရ်။ Image တစ်ခုကို Grayscale ပြောင်းလဲတဲ့အခါမှာတော့ ကျနော်တို့ နည်းလမ်း(၃)ခုကိုအသုံးပြုနိုင်ပါတရ်။ ၄င်း နည်းလမ်းတွေကတော့...
Grayscale (Average Method)
Grayscale (Lightness Method)
Grayscale (Luminosity Method)
တို့ပဲဖြစ်ပါတရ်။
Average Method // AverageColor = (R + G + B) / 3;
ဒီ Method ကတော့ ရိုးရှင်းပါတရ်။ Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကို ဆွဲထုတ်ပါတရ်။ နောက် ၄င်း R, G, B Color သုံးခုကိုပေါင်းပြီး အရေအတွက်နဲ့ ပြန်စားကာ Average Color တန်ဖိုးကို တွက်ယူပါတရ်။ နောက်ဆုံးအဆင့်အနေနဲ့ ရရှိလာတဲ့ Average Color တန်ဖိုးကို Pixel ရဲ့ မူလ R, G, B Color တန်ဖိုးတွေ နေရာမှာ အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel အထိ အလုပ်လုပ်ပြီး Grayscale Image တစ်ခုအဖြစ် ပြောင်းလဲယူလိုက် တာပဲဖြစ်ပါတရ်။
Lightness Method // LightnessColor = (Max(R, G, B) + Min(R, G, B)) / 2;
ဒီကောင်ကတော့ ပထမဦးဆုံး Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကိုဆွဲထုတ်ပါတရ်။ နောက် ၄င်း R, G, B Color Value တွေထဲကမှ Maximun ကိန်းနဲ့ Minimum ကိန်းကို ရှာပါတရ်။ နောက်တစ်ဆင့်မှာတော့ ၄င်း Max and Min ကိန်းနှစ်လုံးကိုပေါင်းပြီး 2 နဲ့ပြန်စားကာ Average Lightness Color ကို တွက်ယူပါတရ်။ နောက်ဆုံးအဆင့်အနေနဲ့ ရရှိလာတဲ့ Average Color တန်ဖိုးကို Pixel ရဲ့ မူလ R, G, B Color တန်ဖိုးတွေ နေရာမှာ ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel အထိ အလုပ်လုပ်ပြီး Grayscale Image တစ်ခုအဖြစ် ပြောင်းလဲယူလိုက်တာပဲဖြစ်ပါတရ်။
Luminosity Method // LuminosityColor = 0.21 R + 0.72 G + 0.07 B;
ဒီ Mehtod ကလည်း ပထမဦးဆုံး Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကိုဆွဲထုတ်ပါတရ်။ ရရှိလာတဲ့ R တန်ဖိုးကို 0.21 နဲ့မြှောက်၊ G တန်ဖိုးကို 0.72 နဲ့မြှောက်၊ B တန်ဖိုးကို 0.07 နဲ့မြှောက်ပါတရ်။ ပြီးရင်တော့ အားလုံးကို ပြန်ပေါင်းပြီး Pixel ရဲ့ မူလ R, G, B Color တန်ဖိုးတွေ နေရာမှာ ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel အထိ အလုပ်လုပ်ခိုင်းပြီး Grayscale Image တစ်ခုအဖြစ် ပြောင်းလဲယူလိုက်တာပဲဖြစ်ပါတရ်။
ကဲ... ဒီလောက်ဆိုရင်တော့ Grayscale ပြောင်းလဲယူနိုင်တဲ့ method သုံးခုကို ၄င်းတို့ရဲ့ Formula နဲ့အတူ သိပြီ လို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ PictureBox(2)ခုနဲ့ comboBox(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Grayscale Processing အတွက် ComboBox ကိုသုံးထားပါတရ်။ ComboBox ရဲ့ Index အချိန်းအပြောင်းပေါ်မူတည်ပြီး Grayscale Method ပြောင်းလဲ လုပ်ဆောင်သွားမှာဖြစ်ပါတရ်။ ComboBox ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။
Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Method Changing အတွက် Index Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ Average, Lightness, Luminosity Method တွေရဲ့ အလုပ်လုပ်ပုံကိုတော့ ကျနော် အပေါ်မှာ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ Calling Method ပုံစံပါ။ if()statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိနဲ့ ComboBox မှာ Processing လုပ်မရ့် Method ကို ရွေးချယ်ပြီးသား ရှိ/မရှိကို သိချင်လို့ပါ။
မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Color Image တစ်ခုကို Black & White ပုံစံသို့ ဘရ်လိုပြောင်းလဲ ယူနိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ကျနော်တို့ ဒီနေ့ လေ့ကျင့်ခန်းလေးကို မလေ့လာမှီ Ditigal Image တစ်ခုရဲ့ အကြမ်းဖျဉ်း ဖွဲ့စည်းပုံနဲ့ သဘောတရားကို ကြည့်မရ်ဆိုရင် သိခဲ့ပြီးသားအတိုင်းပါပဲ... Image တစ်ခုဟာ 2-Dimension ပုံစံ Pixel တွေနဲ့ ဖွဲ့စည်းထားပါတရ်။ Pixel တစ်ခုစီတိုင်းမှာတော့ အခြေခံအကျဆုံး Red, Green, Blue and Alpha ဆိုတဲ့ Color တန်ဖိုးတွေရှိပါတရ်။ ဒီ Color တန်ဖိုး အချိန်းအပြောင်းပေါ်မူတည်ပြီး Pixel တစ်ခုစီတိုင်းမှာ Secondly Color တစ်ခုစီဖြစ်လာပြီး ရုပ်လုံးပေါ်ကာ ကျနော်တို့ မြင်ကွင်းထဲကို ရောက်လာတာပဲဖြစ်ပါတရ်။ ယင်းဆိုရင်ဖြင့် Pixel တစ်ခုစီတိုင်းမှာရှိတဲ့ Color တန်ဖိုးတွေကို Black သို့မဟုတ် White အဖြစ် ပြောင်းလဲပေးနိုင်မှသာ ကျနော်တို့ လိုချင်နေတဲ့ Black & White Image တစ်ခုကို ရရှိပါလိမ့်မရ်။
ဒီတော့ ကျနော်တို့အနေနဲ့ RGB Color Channel ရဲ့ ဘရ်တန်ဖိုးတွေက Black ဖြစ်တရ်၊ ဘရ်တန်ဖိုးတွေက White ဖြစ်မရ်ဆိုတာကို သိဖို့လိုအပ်လာပါပြီ။ မခက်ခဲပါဘူးဗျာ။ Color တန်ဖိုးရဲ့ lower bound ဖြစ်တဲ့ Zero(0) ဟာ Black Color ဖြစ်ပြီး upper bound ဖြစ်တဲ့ 255 ဟာ White Color ဖြစ်ပါတရ် (Color Channel တစ်ခုဟာ 0 to 255 ရှိတရ်ဆိုတာတော့ သိကြမရ်ထင်ပါတရ်)။ ဆိုလိုတာကတော့ RBG(0, 0, 0) ဟာ Black Color ဖြစ်တရ်။ RGB(255, 255, 255) ဟာ White Color ဖြစ်တရ်လို့ ပြောတာပါ။
ကိုရင်မောင်ရေ... Color တန်ဖိုးတွေကို Black(0) ဖြစ်ဖြစ်၊ White(255) ဖြစ်ဖြစ် ပြောင်းလဲရမှာတော့ ဟုတ်ပါပြီ။ Pixel ကို Detect လုပ်တဲ့အခါမှာ 0 to 255 ကြား ဘာဖြစ်လာမရ်မှန်းမသိတဲ့ Color တန်ဖိုးတွေ ရမှာလေ။ ဒါကို ကျနော်တို့က ဘရ်ဟာကို Black ပြောင်းပြီး ဘရ်ဟာကို White ပြောင်းယူမှာလဲလို့ မေးဖို့ရှိလာပါတရ်။ ဒီအမေးကိုတော့ ကျနော်တို့အနေနဲ့... ဒီ Algorithm အတွက် တိတိကျကျ သတ်မှတ်ထားတာမရှိပါဘူး။ User ရဲ့ လိုအပ်ချက်အရ Threshold value တစ်ခုထားပြီး ပိုင်းခြားလိုက်ပါလို့ ဖြေရမှာပါပဲ။ Threshold Value ဆိုလို့ ခေါင်းရှုပ်မသွားပါနဲ့။ 0 to 255 ကြား တန်ဖိုးတစ်ခုခုကို key အဖြစ် အသေယူလိုက်တာပါ။ Detect ရရှိတဲ့ တန်ဖိုးဟာ ယင်း key နဲ့ငယ်ရင် Black ပြောင်း၊ ကြီးရင် White အဖြစ်ပြောင်းပါလို့ ခိုင်းလိုက်တာပါ။ အများစုကတော့ Color Rage (0 to 255) ရဲ့ တ၀တ်ဖြစ်တဲ့ 127 ကို Threshold Value ထားပြီး Black & White Image အဖြစ် ပြောင်းယူကြပါတရ်။ နားလည်ကြမရ် ထင်ပါတရ်ဗျ။
ကဲ... ကျနော်တို့ Processing ရဲ့ သဘောတရားကို သိပြီဆိုရင်တော့ GUI လေးဖောက်ပြီး Coding လေးနဲ့ လက်တွေ့ လေ့လာကြည့်ကြရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ Label(1)ခု၊ PictureBox(2)ခုနဲ့ TrackBar(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Black & White Processing အတွက် သီးသန့် Button မထည့်တော့ပဲ TrackBar ရဲ့ Scroll_Event ထဲက တိုက်ရိုက် Processing လှမ်းလုပ်တဲ့ ပုံစံလေးနဲ့ လေ့လာကြည့်သွားပါ့မရ်။ ဒီတော့ TrackBar Value ပြောင်းလဲမှုရှိတိုင်း Black & White Processing ပြောင်းလဲမှုဖြစ်မှာ ဖြစ်ပါတရ်။ TrackBar ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။
Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Threshold Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ ဒီမှာ Black & White အတွက် ထူးခြားသွားတာကတော့ Pixel တစ်ကွက်ချင်းစီမှာ ရှိနေတဲ့ R, G, B Color တန်ဖိုး(၃)ခုကို ပေါင်းပြီး အရေအတွက်နဲ့ ပြန်စားကာ Average Color တန်ဖိုးကို ရှာယူလိုက်တာပါပဲ။ ကျန်တာကတော့ ကျနော် အပေါ်မှာ ဆွေးနွေးခဲ့ပြီးတဲ့အတိုင်းပဲ ရလာတဲ့ averageColor တန်ဖိုးကို Threshold Value နဲ့ နှိုင်းယှဉ်ပါတရ်။ averageColor ကကြီးနေရင် ယင်း Pixel ကွက်ရဲ့ R, G, B Color တန်ဖိုးတွေကို 255 တွေပေးပြီး အဖြူရောင် Pixel ကွက်အဖြစ်ပြောင်းလဲယူပါတရ်။ ငယ်ခဲ့ရင်တော့ 0 တွေပေးပြီး အနက်ရောင် Pixel ကွက်အဖြစ် ဖန်တီးယူလိုက်တာပါ။ အရမ်း ရိုးရှင်းပြီး လွယ်ကူလွန်းပါတရ်။
ဒါကတော့ Calling Method ပုံစံပါ။ ဘရ်လောက် Threshold Value နဲ့ Processing လုပ်ထားတရ်ဆိုတာကို ပြဖို့ Label ကိုသုံးထားပါတရ်။ if()statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိကို သိချင်လို့ပါ။
မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို Rotate and Flip ပုံစံအမျိုးမျိုးနဲ့ ဘရ်လိုဆွဲယူ ကြည့်နိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲကနေပြီ အလွရ်ကူဆုံးနည်းလမ်းဖြစ်တဲ့ System.Drawing; အောက်က RotateFlip()Method ကိုအသုံးပြုပြီး ဖန်တီးယူနိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။ ကျနော်တို့ အသုံးပြုနိုင်တဲ့ RotateFlipType (16)မျိုးရှိပါတရ်။ ရှင်းလင်းချက်တွေကိုတော့ အောက်က Table မှာ ကြည့်နိုင်ပါတရ်။
Drawing Library က အသင့်ပေးထားတဲ့ Method ကိုခေါ်သုံးမှာဖြစ်လို့ ဒီနေ့ လေ့ကျင့်ခန်းက လွရ်တရ်လို့ ထင်ရပါလိမ့်မရ်။ ဒါပေမရ့် Image Control and Processing ဘက်ကို လေ့လာနေတဲ့ သူတွေအတွက် တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်နိုင်လိမ့်မရ်လို့တော့ ထင်ပါတရ်။ နောက်ပိုင်း အဆင့်မြင့်သင်ခန်းစာတွေကြရင်တော့ ဒီ Flip and Rotation Method တွေကို ကိုယ်တိုင် ဘရ်လိုဖန်တီးယူနိုင်မလဲဆိုတာနဲ့ ပါတ်သတ်ပြီး Graphic နဲ့ဖြစ်စေ၊ Pixel Detection ပုံစံနဲ့ဖြစ်စေ ကျနော် ထပ်ဆွေးနွေးပေးပါ့မရ်ဗျ။ ဒီနေ့တော့ သဘောတရားနဲ့ Result ကို ကျွမ်းဝင်သွားအောင် လွရ်လွရ်ကူကူပဲ လေ့လာကြည့်ကြပါ့မရ်။
ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ PictureBox(2)ခုနဲ့ ComboBox(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
ဒီနေ့ လေ့ကျင့်ခန်းကိုတော့ အဆင့်(၃)ဆင့်နဲ့ လေ့လာကြည့်ပါ့မရ်။ ပထမအဆင့်ကတော့ Form_Load မှာ System.Drawing; Library အောက်မှာ Enumation အနေနဲ့ ရှိနေပြီးသား RotateFlipType တွေကို ComboBox ထဲသို့ ဆွဲတင်ယူမှာဖြစ်ပါတရ်။ ဒီအတွက် LoadFlipType() Method ဖန်တီးပုံလေးနဲ့ Form_Load မှာခေါ်ယူပုံလေးကို အောက်မှာ လေ့လာကြည့်ပါ့မရ်။
LoadFlipType()Method မှာတော့ Parameter အဖြစ် ComboBox ကို Passing လုပ်ထားပါတရ်။ Coding စစချင်းမှာ Enum.GetNames() Method ကိုအသုံးပြုပြီး System.Drawing; Libray ထဲက Enumation Type အနေနဲ့ သိမ်းထားသေား RotateFlipType တွေကို Scan ဖတ်ယူပါတရ်(ဒီနည်းအတိုင်းပဲ အခြားသော Enumation Type တွေကိုလည်း ဆွဲယူနိုင်ပါတရ်ဗျ)။ ဒီမှာ Array တစ်ခုခုထဲကို ထည့်ထားလို့ရပါတရ်။ ကျနော်ကတော့ var Type ကိုသုံးထားပါတရ်။ နောက်တစ်ကြောင်းမှာတော့ Scan ဖတ်လို့ရရှိလာတဲ့ Flip Type တွေကို Loop ပါတ်ပြီး string Data တွေအဖြစ် ComboBox ထဲသို့ Add လိုက်တာပဲဖြစ်ပါတရ်။ အပေါ်က Form_Load ရဲ့ Calling Method မှာတော့ ကျနော်တို့ Flip Type တွေကို ဖော်ပြစေချင်တဲ့ ComboBox ကို Parameter ခေါ်ပေးလိုက်ယုံပါပဲဗျ။ ဒါဆိုရင်တော့ Form_Load တတ်ပြီးတဲ့အချိန်မှာ အောက်ကပုံအတိုင်း ComboBox ထဲမှာ Flip Type တွေရောက်နေတာ တွေ့ရပါလိမ့်မရ်။
ခက်ခက်ခဲခဲမပါလို့ နားလည်ကြလိမ့်မရ်လို့ ထင်ပါတရ်ဗျ။ ဒုတိယအဆင့်ကို ဆက်လေ့လာကြည့်ပါ့မရ်။ ဒီအဆင့်ကတော့ picOriginalImg PictureBox ထဲသို့ Image ဆွဲတင်တဲ့အပိုင်းပါ။ PictureBox ထဲသို့ Image ဆွဲတင်တာကိုတော့ ရှေ့မှာ လေ့လာခဲ့ပြီးဖြစ်ကြတဲ့ လေ့ကျင့်ခန်းတိုင်းမှာ ပါနေလို့ ကျနော်အသေးစိတ်မရှင်းတော့ပါဘူး။
နောက်ဆုံးအဆင့်ကတော့ ComboBox ရဲ့ Index Change မှာ ရွေးချယ်လိုက်တဲ့ Action အပေါ်မူတည်ပြီး Flip and Rotation Process ကိုလုပ်ပြီး picResultImg PictureBox မှာ ဖော်ပြပေးဖို့ပါ။ ဒီအတွက် cbFlipType ComboBox ကို D_Click ပေးပြီး SelectedIndexChanged Event မှာ အောက်ပါ Calling ပုံစံနဲ့ Method ခွဲရေးတဲ့ပုံစံလေးကို ရေးယူလိုက်ပါဗျာ။
Calling Method ပုံစံကတော့ ရှင်းပါတရ်။ စစချင်းမှာ if()statement နဲ့ Processing လုပ်ချင်တဲ့ Image ဆွဲတင်ပြီးသား ရှိ/မရှိကို စစ်ပါတရ်။ Image Loading မလုပ်ရသေးဘူးဆိုရင်တော့ FlipImage()Method ကို လှမ်းခေါ်မှာ မဟုတ်ပါဘူးဗျ။ Image လည်း Loading ရှိပြီ၊ ComboBox မှာလည်း Action တစ်ခုခုကို ရွေးပြီဆိုရင်တော့ အောက်က FlipImage()Method ကို လှမ်းခေါ်ပါလိမ့်မရ်။
FlipImage()Method မှာတော့ Parameter အဖြစ် Image တစ်ခုနဲ့ string တစ်ခုကို Passing လုပ်ထားပါတရ်။ ပထမ parameter ကတော့ processing လုပ်ချင်တဲ့ Image ပါ။ ဒုတိယကတော့ ပြောင်းလဲယူချင်တဲ့ Rotate and Flip Type ပေါ့။ အတွင်းပိုင်း အလုပ်လုပ်သွားတဲ့ ပုံစံကတော့ ကျနော်တို့ လေ့လာနေကြ ပုံစံအတိုင်းပါပဲ။ ရောက်လာတဲ့ Image ကို Bitmap အဖြစ် Clone ပွားယူပါတရ်။ ဒုတိယ cmd line ကတော့ string အနေနဲ့ ပို့လိုက်တဲ့ RotateFlipType စာသားကို RotateFlip()Method ကနားလည်တဲ့ RotateFlipType အဖြစ် ပြောင်းလဲယူတာပါ။ ရှင်းပြရခက်တရ်ဗျ။ ဒါပေမဲ့ ကြည့်လိုက်တာနဲ့ နားလည်ကြမရ် ထင်ပါတရ်။ ဒီအဆင့်ကို ရောက်ပြီဆိုရင်တော့ String အနေနဲ့ Passing ၀င်လာတဲ့ RotateFlipType တွေဟာ RotateFlip()Method ကနားလည်တဲ့ RotateFlipType အစစ်ဖြစ်သွားပါပြီ။ ဒါဆိုရင်တော့ တတိယ cmd line အတိုင်း ကျနော်တို့ Clone ပွားယူထားသော Image ကို RotateFlip() Method ကိုအသုံးပြုပြီး Processing လုပ်ပေးပါလို့ ခိုင်းလိုက်ယုံပါပဲ။ နောက်ဆုံးအဆင့်ကတော့ Processing လုပ်ပြီသား Image ကို ပြန်လည်ဖော်ပြေပေးနိုင်ရန် Call Method ဆီသို့ Return ပြန်ပေးလိုက်တာပဲ ဖြစ်ပါတရ်ဗျာ။ ပုံမှာ ကျနော် ဥပမာအနေနဲ့ Rotate180FlipY ဆိုပြီး ပြောင်းပြထားပါတရ်ဗျ။
ပိုပြီးနားလည်သွားအောင် Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို ZoomIn, ZoomOut ပုံစံဖြစ် ဘရ်လိုဆွဲယူ ကြည့်နိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲကနေပြီ အလွရ်ကူဆုံးနည်းလမ်းဖြစ်တဲ့ Graphic ဆွဲပြီး ဖန်တီးယူတဲ့ နည်းလမ်းကိုပဲ အသုံးပြုပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ PictureBox(1)ခု၊ Panel(1)ခု၊ TrackBar(1)ခုနဲ့ Label(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Zoom Processing အတွက် သီးသန့် Button မထည့်တော့ပဲ TrackBar ရဲ့ Scroll_Event ထဲက တိုက်ရိုက် Processing လှမ်းလုပ်တဲ့ ပုံစံလေးနဲ့ လေ့လာကြည့်သွားပါ့မရ်။ ဒီတော့ TrackBar Value ပြောင်းလဲမှုရှိတိုင်း Zoom Processing ပြောင်းလဲမှုဖြစ်မှာ ဖြစ်ပါတရ်။ Coding ကို တစ်ဆင့်ချင်းစီ လေ့လာကြည့်မရ်။
ဒါကတော့ ကျနော်တို့ Load Image Button ကို အသုံးပြုပြီး PictureBox ပေါ်သို့ Image ဆွဲတင်တဲ့နေရာမှာ Zoom Processing အတွက် လိုအပ်ချက်များကို Initial သတ်မှတ်ပေးထားတာပါ။ Global Variable အဖြစ် colneImg ဆိုပြီး Processing လုပ်နေစဉ်အတွင်းမှာ Image ကို သိုလှောင်ရန် Image Type တစ်ခုကို ဖန်တီးပါတရ်။ ပြီးရင်တော့ PictureBox ပေါ်သို့ Image ဆွဲတင်ပြီးတဲ့အချိန်မှာ ၄င်း Variable ထဲသို့ Clone ပွားယူ Assign လုပ်လိုက်ပါတရ်။ ဆိုလိုတဲ့ သဘောကတော့ နောက်ပိုင်း Processing လုပ်ငန်းစဉ်အတွင်း မူရင်း Image ကိုမထိပဲ ယခု Clone ပွားယူထားသော Image နဲ့သာ Processing လုပ်ပါလို့ ပြောလိုက်တာပါ။ PictureBox ရဲ့ Size ကို CloneImg ရဲ့ Size အတိုင်း ပြောင်းလဲလိုက်တာ ကတော့ ဆွဲတင်လိုက်သော Image ရဲ့ Width and Height အတိုင်း PictureBox က လိုက်ပြီး Fixed ဖြစ်သွားအောင်ပါ။ TrackBar ကို Initial Value = 50 ပေးထားတာကတော့ Zoom In/Out အတွက် TrackBar ကို စမှတ် 50 မှာ Zero Line ချလိုက်တာပါ။ ဒါမှ ကနဦး ဆွဲတင်လိုက်သော Image ဟာ 50(0%)မှာ ဖော်ပြပြီး 50 အောက်ငယ်သွားရင် ဘရ်လောက် % ထိ ZoomOut ဖြစ်သွားလဲဆိုတဲ့ ZoomOut Process လုပ်ကာ 50 ထက်များသွားရင်တော့ ဘရ်လောက် % ထိ ZoomIn ဖြစ်သွားလဲဆိုတဲ့ ZoomIn Process ကိုလုပ်ပါလို့ ခိုင်းလို့ရမှာပါ။ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။
Zoom In/Out Method ကို ဆက်လေ့လာကြည့်ပါ့မရ်။ tbZoomValue ကို D_Click ပေးပြီး TrackBar ရဲ့ Scroll_Event ထဲမှာ အောက်ပါ Coding ကိုရေးယူလိုက်ပါဗျာ။
အနည်းငရ်ရှင်းပြပါ့မရ်။ စစချင်းမှာ if()Statement နဲ့ Zoom Processing လုပ်ချင်တဲ့ Image ကို PictureBox ပေါ်သို့ ဆွဲတင်ပြီးသား ရှိ/မရှိ တနည်းအားဖြင့် Processing လုပ်ဖို့ Clone Image ရှိ/မရှိ စစ်ဆေးပါတရ်။ Image မဆွဲတင်ရသေးဘူး ဆိုရင်တော့ Zoom Function အလုပ်လုပ်မှာ မဟုတ်ပါဘူးဗျာ။ ဒုတိယ cmd line ကတော့ ဘရ်လောက် Zoom In/Out ဖြစ်နေလဲဆိုတဲ့ Information ကို အသုံးပြုသူကို ပြစေချင်လို့ ထည့်ထားတာပါ။ TrackBar Value က 50 အောက်ငရ်ရင် အနုတ်တန်ဖိုးပြမှာဖြစ်ပြီး 50 ထက်ကြီးရင်တော့ အပေါင်းတန်ဖိုး ပြပေးမှာဖြစ်ပါတရ်။ နောက်တစ်ကြောင်းမှာတော့ if()statement နဲ့ zoom တန်ဖိုး (သို့မဟုတ်) TrackBar Value ဟာ 50 နဲ့ ညီလား၊ ငယ်လားလို့ ထပ်စစ်ပါတရ်။ Connection မှန်ရင်တော့ Zoom Out Processing အတွက် အောက်က အလုပ်ကို ဆက်လုပ်ပါလိမ့်မရ်။ ဒီမှာတော့ Image ရဲ့ Width and Height ကို ZoomOut ကြောင့် ပြောင်းလဲသွားသော Width and Height အတိုင်း Rebuild ပြန်လုပ်ပေးဖို့အတွက် reWidth နဲ့ reHeight ဆိုပြီး တွက်ထုတ်ယူထားပါတရ်။ တွက်ချက်မှုကိုတော့ အရောင်းဆိုင်တွေမှာ Discount တွက်တဲ့ ပုံသေနည်းအတိုင်း စဉ်းစားပြီး တွက်ယူထားတာပါ။ ဥပမာ - ကျသင့်ငွေ 1000 ကျသော ပစ္စည်းတစ်ခုကို 5% Discount ပေးမရ်ဆိုပါစို့။ ဒါဆို...
Net Amount = ကျသင့်ငွေ - ((ကျသင့်ငွေ x Discount) / 100);
ဒီ Formula အတိုင်း တွက်ယူနိုင်ပါတရ်။ ဒီတော့...
Net Amount = 1000 – ((1000 x 5) /100); = 950 ကျပ် ကျသင့်မှာဖြစ်ပါတရ်။
ဒီနည်းလမ်း အတိုင်းပါပဲ။ Zoom Out ကြောင့် ပြောင်းလဲပေးရမရ့် Imag ရဲ့ Size ကို တွက်ယူလိုက်တာပါ။ 50 ထဲက tbZoomValue.Value ကို ပြန်နုတ်ထားတာကတော့ ကနဦးတည်းက မူရင်း Image Size ကို 50 မှာ Zero Line ချခဲ့လို့ပါ။ ဒီပုံစံအတိုင်း ကျနော် 5% လျှော့ချတဲ့ ZoomOut တစ်ခုကို တွက်ပြပါ့မရ်။ ဥပမာ - ကျနော်တို့ Image Size က 1024x768 ရှိတရ်ဆိုပါစို့။ သူ့ကိုမှ 5% ZoomOut လုပ်မရ်ပေါ့။ ဒီတော့ ပုံသေနည်းထဲကို ဖြတ်ကြည့်ပါမရ်။
reWidth = cloneImg.Width - ((cloneImg.Width * (50 - tbZoomValue.Value)) / 100); reWidth = 1024 – ((1024 * (50 - 45))/100); reWidth = 1024 – ((1024 * 5)/100); reWidth = 1024 – (5120/100); reWidth = 1024 – 51; reWidth = 973;ဒါဆို Width = 1024 ကို 5% ZoomOut လုပ်တဲ့အခါမှာ ပြောင်းလဲသွားတဲ့ reWidth = 973 ကို ရရှိပါပြီ။ ကျနော်တို့ Height ကို ဆက်တွက်ကြည့်မရ်။
reHeight = cloneImg.Height - ((cloneImg.Height * (50 - tbZoomValue.Value)) / 100); reHeight = 768 – ((768 * (50 - 45))/100); reHeight = 768 – ((768 * 5)/100); reHeight = 768 – (3840/100); reHeight = 768 – 38; reHeight = 730;ဒါဆို Height = 768 ကို 5% ZoomOut လုပ်တဲ့အခါမှာ ပြောင်းလဲသွားတဲ့ reHeight = 730 ကို ရရှိပါပြီ။ ဒီတော့ 1024x768 ရှိသော Image တစ်ခုကို 5% ZoomOut လုပ်ရင် 973x730 ရရှိမှာပါ။ ဒီနည်းအတိုင်း ရာခိုင်နှုန်း(%) သို့မဟုတ် TrackBar Value အနုတ်ဘက်သို့ ပြောင်းလဲမူအပေါ် မူတည်ပြီး ZoomOut Processing အတွက် Width and Height ပြောင်းလဲသွားမှာပဲ ဖြစ်ပါတရ်။ နောက်တစ်ဆင့်မှာတော့ ZoomOut ဖြစ်သွားသော Width and Height အတိုင်း Image ကို သိုလှောင်ဖို့ Bitmap Container တစ်ခု ဖန်တီးလိုက်ပါတရ်။ ပြီးရင်တော့ ၄င်း Bitmap အတိုင်း Grahic ဆွဲယူပါ့မရ်လို့ ခိုင်းပါတရ်။ Graphic ဆွဲပြီးသွားရင်တော့ ကျနော်တို့ ZoomOut Image တစ်ခုရပါပြီး ဒီကောင့်ကို မူရင်း Image Viewer ဖြစ်တဲ့ PictureBox ပေါ်သို့ ပြန်ဆွဲတင်ပေးလိုက်ယုံပါပဲဗျာ။ PictureBox ရဲ့ Size ကို Rebuilt လုပ်ထားတာကတော့ ပြောင်းလဲသွားသော ZoomOut Image အတိုင်း PictureBox Size ကို fixed ဖြစ်နေအောင်ပဲဖြစ်ပါတရ်။
ZoomIn အတွက် တွက်ချက်မှုကလည်း ZoomOut ရဲ့ သဘောတရားအတိုင်းပါပဲဗျာ။ ကျနော်အသေးစိတ် မရှင်းတော့ပါဘူး။ ((cloneImg.Width * (tbZoomValue.Value - 50)) / 100) ဒါက Percentage တွက်ယူတဲ့အပိုင်းပါ။ TrackBar Value က 50(Zero Line Value) ထက်ကြီးသွားမှာဖြစ်လို့ ပြန်နုတ်ပေးခြင်းဖြင့် ZoomIn လုပ်ပေးမရ့် Percentage တန်ဖိုးကို တွက်ယူထားတာပါ။ မူရင်း Width and Height နဲ့ ပြန်ပေါင်းပေးထားတာကတော့ မူလ Image ထက် တွက်ထုတ်ထားသော Percentage အတိုင်း ကြီးသွားစေချင်လို့ပါ။ ဒီလောက်ဆိုရင်တော့ Zoom In/Out ကို Percentage နဲ့ လုပ်နိုင်တဲ့ နည်းလမ်းလေးကို နားလည်နိုင်ကြပြိလို့ ထင်ပါတရ်။
ပိုပြီးနားလည်သွားအောင် Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
Result ကိုတော့ ပုံမှာ ကြည့်ရင် အရှင်းကြီး သိနိုင်ပါလိမ့်မရ်။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။



