How to Draw Graphic Object using SolidBrush with Web Color in C# ?

Posted by တေဇာလင်း Friday 29 January 2016 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါ။ ကျနော်တို့ Graphics သင်ခန်းစာလေးတွေ မလုပ်ဖြစ်တာ ကြာပြီထင်ပါ့။ တောင်းပန်ပါတရ်ဗျို့။ စိတ်ကလေးတွေ ကဆင့်ကလျားနိုင်လို့ လိုက်စုစည်း နေရတရ်ဗျ။ ဟဲဟဲ... ဒီနေ့ ပြန်အားယူလိုက်ကြရအောင်။ ကဲ... ဒီနေ့တော့ ကျနော်တို့ Graphic ရဲ့ အဓိကကျတဲ့ Drawing Tool - Brush အကြောင်းလေးကို အနည်းငရ် လေ့လာကြည့်လိုက်ကြမရ်။
ပိုပြီး မြိုင်ဆိုင်သွားအောင် Brush ရဲ့ Color အဖြစ် Web Color Properties အားလုံးကို ခေါ်သုံးထားပါတရ်။ ဒီ Project လေးကို လေ့လာကြည့်မရ်ဆိုရင် လုပ်ငန်းစဉ် နှစ်ခုရှိတာကို တွေ့ရပါလိမ့်မရ်။ ပထမ လုပ်ငန်းစဉ်က Web Color Library ကို Load ဆွဲတင်ယူတဲ့ အပိုင်းဖြစ်ပါတရ်။ ဒုတိယ လုပ်ငန်းစဉ်ကတော့ User ကိုယ်တိုင် ရွေးချယ်ယူလိုက်တဲ့ Color ကို Brush ရဲ့ Color အဖြစ် အသုံးပြုပြီး Rectangle တစ်ခု ဆွဲယူခြင်းအပိုင်း ဖြစ်ပါတရ်ဗျာ။ ဒါအပြင် ၄င်း Color ရဲ့ argb Color Value ဖြစ်တဲ့ Red, Green, Bule, Alpha နဲ့ Hexadecimal တန်ဖိုးတွေမြင်တွေ့ရမရ့်အပြင် HUB Color Value တွေဖြစ်တဲ့ Hue, Saturation, Brightness တန်ဖိုးတွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတရ်ဗျာ။ ကဲ.. Project ရဲ့ လုပ်ငန်းစဉ် အကြမ်းဖျဉ်းကို သိပြီဆိုရင် စိတ်ဝင်စားတဲ့ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ ကျနော်နဲ့အတူ လေ့လာကြည့်ကြအုံးစို့ဗျာ။
အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။

1. Introduction to Algorithm

Posted by တေဇာလင်း Tuesday 5 January 2016 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Algorithm အကြောင်းလေးကို လေ့လာကြည့်လိုက်ကြရအောင်…။ အခန်းဆက် Tutorials ဖြစ်လို့ အပိုင်းလေးတွေခွဲပြီး တင်ပြဆွေးနွေး ပေးသွားပါ့မရ်ဗျာ။ အခုတော့ အပိုင်း(၁)လေးဖြစ်တဲ့ “Alogrithm မိတ်ဆက်” ဆိုတာလေးနဲ့ စလိုက်ကြမရ်။
Algorithm ဆိုတာ လုပ်ငန်းဆောင်တာတစ်ခုအတွက် အစီအစဉ်တကျ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတရ်။ ဒီတော့ အစီစဉ်ကျနစွာ ဖြစ်တည်မှုအတွက် စဉ်းစားကြည့်ရင် အရာအားလုံးဟာ Algorithm နဲ့ ဆက်စပ်နေမှာပဲဖြစ်ပါတရ်။ ယနေ့ IT ခောတ်မှာ လူ့အတွေးအတွက် စက်တွေကို အသုံးပြုလာတဲ့ ခောတ်မှာဆိုရင်တော့ Algorithm ရဲ့ အသုံးဝင်မှုက ဆိုဖွယ်ပင် မရှိဘူးလို့ ထင်ပါတရ်။ Algorithm ဆိုတာ ကွန်ပျူတာတွေ မပေါ်ခင်ကတည်းက ရှိခဲ့တာပါ။ အခု ကွန်ပျူတာတွေ ပေါ်လာတော့လည်း Algorithm တွေက ပိုလို့တောင် များလာပါသေးတယ်။ ဒီတော့ Algorithm ဆိုတာ ဘာလဲ( )..? ဘာ့ကြောင့် Algorithm ကို လေ့လာဖို့လိုတာလဲ( )..? ကွန်ပျူတာတွေမှာ အသုံးပြုနေတဲ့ တခြား technology တွေနဲ့ ယှဉ်ရင် Algorithm ရဲ့ အရေးပါမှုက ဘာလဲ( )..?။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် algorithm ဆိုတာ တန်ဖိုးတစ်ခု (သို့) တန်ဖိုးများကို input အနေနဲ့ လက်ခံပြီး၊ အခြားတန်ဖိုးတစ်ခု (သို့) တန်ဖိုးများကို output အဖြစ်နဲ့ ပြန်လည် ထုတ်ပေးနိုင်တဲ့ တိတိကျကျ သတ်မှတ်ထားတဲ့ တွက်ချက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ algorithm ဆိုတာကို input ကနေ output သို့ အသွင်ပြောင်းပေးတဲ့ တွက်ချက်မှု လုပ်ငန်းစဉ် တစ်ခုလို့ အကြမ်းဖျဉ်း မှတ်ထားရင် ရပါပြီဗျာ။ စိတ်ဝင်စားတဲ့ မိတ်ဆွေတို့အနေနဲ့ ကျနော်နဲ့အတူ လေ့လာကြည့်ကြရအောင်ဗျာ။

အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။