C# - Gnome Sort

Posted by တေဇာလင်း Monday 25 December 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ကျနော်တို့ ဒီနေ့ Gnome Sort ဆိုတဲ့ Sorting Algorithm လေးတစ်ခုအကြောင်းကို လေ့လာကြည့်ပါမယ်။ Gnome Sort ကို Stupid Sort လို့လည်း ခေါ်ကြပါသေးတယ်ဗျ။ ဒီ Algorithm ကတော့ ဥယျာဉ်တစ်ခုအတွင်းမှာ ပန်းအိုးတွေကို အစီအစဉ်တကျ စီယူတဲ့အပေါ် အခြေခံထားပါတယ်။
Gnome Sort Algorithm
အလုပ် လုပ်သွားတဲ့ ပုံကတော့ Insertion Sort နဲ့ Bubble Sort ကို ပေါင်းစပ် အသုံးပြုထားတာနဲ့ အလားသဏ္ဍန်တူပါတယ်။ ဒီကောင်က Sorting စီရာမှာ ကပ်လျှက် Element နှစ်လုံးကို နှိုင်းယှဉ်ပါတယ်။ နှိုင်းယှဉ်ခံ Element နှစ်ခုအတွင်း ခြားနားချက်ရှိသွားပြီး တစ်နည်းအားဖြင့် else(Condition) မှန်သွားပြီ ဆိုရင်တော့ Element နှစ်ခုကို နေရာချိန်းယူပါတယ်။ နောက်ပြီး loop ကို else(Condition) မှားသည်အထိ backwards(i--) ပြန်သွားပြီး left order Element တွေနဲ့ ပြန်နှိုင်းယှဉ် ကြည့်ပါတယ်ဗျ။ If(Condition) ပြန်မှန်တဲ့အချိန်ရောက်ရင်တော့ Right order Element တွေနဲ့ တစ်ခါပြန်နှိုင်းယှဉ်ပြီး Algorithm ကို ဆက်အလုပ် လုပ်ပါတယ်ဗျ။ ဒီသဘောတရားအတိုင်း Sorted List မဖြစ်မခြင်း Algorithm ကို ထပ်ခါတလဲလဲ အလုပ် လုပ်စေမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကြီးလိုက်အတွက် Algorithm အလုပ် လုပ်သွားပုံကို ကျနော်တို့ ဥပမာလေးနဲ့ လေ့လာကြည့်ပါ့မယ်။
နားလည်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
Time Complexity :
ဒီ Algorithm ကတော့ Stupid Sort အမျိုးအစားထဲမှာပါပေမဲ့ Sorting Method တွေထဲမှာ Adaptive ဖြစ်ပြီး သုံးသင့်တဲ့ ထဲမှာပါဝင်ပါတယ်ဗျ။ Processing Time ကြာတယ်/မကြာဘူးကတော့ အသုံးပြုမယ့် Array/List အပေါ်မှာ မူတည်ပါလိမ့်မယ်။ Algorithm ကိုက loop တစ်ခုအတွင်းမှာ increase and decrease နှစ်မျိုးစလုံးကို သုံးထားတာကိုး။ ဒါကြောင့် အသုံးပြုမည့် Array/List မှာ Sorted ဖြစ်ပြီးသား Element တွေ များများ order ဖြစ်နေရင် Processing Time မြန်မှာဖြစ်ပြီး မဟုတ်ရင်တော့ ကြာနိုင်ပါလိမ့်မယ်ဗျ။
ကဲ… သေချာနားလည်သွားအောင် အောက်မှာ C# နဲ့ရေးထားတဲ့ ကုဒ်အပြည့်အစုံလေးကို လေ့လာကြည့်ကြစို့ဗျာ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

C# - Bogo Sort

Posted by တေဇာလင်း Wednesday 20 December 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ကျနော်တို့ ဒီနေ့ Bogo Sort ဆိုတဲ့ Sorting Algorithm လေးတစ်ခုအကြောင်းကို လေ့လာကြည့်ပါမယ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Bogo Sort ကိုတော့… ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ ခေါင်းစဉ်ခွဲတွေကို ကြည့်လိုက်တာနဲ့တင် Bogo Sort ရဲ့ အကျိုးသက်ရောက်မှုကို သိနိုင်ပါလိမ့်မယ်။ ဒီကောင်က အစီအစဉ်ကျနစွာ အလုပ်,လုပ်ခြင်းမျိုးမဟုတ်ဘဲ မျက်ကန်းလမ်းလျှောက် ဆန်နေပါတယ်။ Key Generator တစ်ခုက ချပေးလိုက်တဲ့ ကိန်းစဉ်တန်းပေါ်မူတည်ပြီး Sorted List ဖြစ်/မဖြစ် စစ်ပါတယ်။ Sorted List မဖြစ်မခြင်း ကိန်းစဉ်တန်းကို Key Generator ကိုဖြတ်ခိုင်းပြီး နောက်တစ်ဖန် Input အတွက် ကိန်းစဉ်တန်းတစ်ခု Generate လုပ်ယူပါတယ်။ Sorted List ဖြစ်သွားမှသာ ရပ်တန့်သွားမှာဖြစ်ပါတယ်။ Key Generator ကလည်း Random သဘော အလုပ်,လုပ်နေတာဖြစ်တဲ့အတွက် လက်တွေ့အရ အန်စာတုံးခေါက်ယူတာနဲ့ ဆင်တူပါတယ်။
Pseudocode ကတော့ ရိုးရှင်းပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ။ Pseudocode နဲ့ Exmaple ကိုကြည့်လိုက်ရင်တော့ Bogo Sort ရဲ့ အလုပ် လုပ်သွားပုံကို အနည်းငယ် နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ အန်စာတုံး ဥပမာနဲ့ ပြန်ပြောရရင်တော့… 1. Shuffle( ) function ထဲမှာ ကိန်းစဉ်တန်း အရေအတွက်အတိုင်း အန်စာခေါက်မယ်၊ ရလာတဲ့ ကိန်းတွေကို အစဉ်တိုင်း ချရေးမယ်၊ ပြီးရင်တော့ Sorted( ) function ကို Sorted List ဖြစ်/မဖြစ် အစစ်ဆေးခံနိုင်ရန် ပို့ပေး ရပါတယ်။ 2. Sorted( ) function ကတော့ Shuffle( ) function က Generate လုပ်ပြီး ပို့လာတဲ့ ကိန်းစဉ်တန်းကို Sorted List ဖြစ်/မဖြစ် ကိန်းလုံး အချင်းချင်း နှိုင်းယှဉ်ပြီး စစ်ဆေးပါတယ်။ Sorted List ဖြစ်တယ်ဆို ရင်တော့ End ကိုခုန်ပြီး Sorted List ကို ထုတ်ပြပေးပါတယ်။ Sorted List မဖြစ်ခဲ့ရင်တော့ အဆင့်(၁)၊ Shuffle( ) function ကိုပြန်သွားစေပြီး နောက်တစ်ကြိမ် Input အတွက် ကိန်းစဉ်တန်းကို Generate ထပ်လုပ်ခိုင်းပါတယ်။ ဒီသဘောတရားအတိုင်း Sorted List မဖြစ်မခြင်း Algorithm ကို ထပ်ခါတလဲလဲ အလုပ် လုပ်စေမှာ ဖြစ်ပါတယ်။ Time Complexity ကတော့ အောက်ပါအတိုင်းပါပဲဗျာ။ အလုပ် လုပ်နေမယ့် Shuffling ကတော့ အကန့်အသတ်မရှိ n အကြိမ်မြောက်ထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသုံးပြုသင့်တဲ့ Sorting Algorithm တစ်ခုတော့ မဟုတ်ပါဘူး။ အခြားသော Algorithm တွေနဲ့ နှိုင်းယှဉ် ဖော်ပြဖို့အတွက် ပညာရေးဆိုင်ရာ နယ်ပယ်တွေမှာ သီအိုရီအရ သိသင့်တဲ့ Sorting Method တစ်ခုလို့ပဲ ပြောပါ ရစေ။ မှတ်ချက်။ ။ ၆ မျက်နှာပဲရှိတဲ့ အန်စာတုံးမှာတောင်မှ မိမိလိုချင်တဲ့ ကိန်းတစ်ခုကို ရဖို့ အကြိမ်အတော် ကြာကြာ ခေါက်ယူရတာဖြစ်တဲ့အတွက် Bogo Sort ရဲ့ ကိန်းစဉ်တန်းဟာလည်း များရင် များသလို Shuffling အကြိမ်အရေအတွက် ပိုများနိုင်ပြီး Compile Time ပိုကြာနိုင်ပါတယ်။ ဒါပေသိ ကိန်းစဉ်တန်းကို Generator နဲ့ ထုတ်ပေးနေတာဖြစ်လို့ ကံအကြောင်း သင့်ခဲ့ရင်တော့ Sorted List ကို Shuffling အကြိမ် အနည်းငယ်အတွင်း မှာလည်း ရနိုင်ပါတယ်ဗျ။
အောက်မှာ C# Code အပြည့်အစုံလေးကို ပိုနားလည်သွားအောင် လေ့လာကြည့်လိုက်ကြပါအုံးဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။