C++ Programming Language_1

Posted by တေဇာလင်း Tuesday 4 January 2011 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမ တို့ရေ ဒီနေ့တော့ ကျနော်တို့ C++ programming language အကြောင်းကို အခြေခံက စ၍လေ့လာကြည့်ကြရအောင်ဗျာ။ ယခုမှ စတင်လေ့လာသူများအတွက် ရည်ရွယ်ပါတရ်။ Programming language ကို စတင်လေ့လာမရ် သူများအနေနဲ့ ကုဒ်တင်းပိုင်းမှာ copy, paste ကို ဦးစားမပေးပဲ command တခုချင်းစီက ဘာအလုပ်လုပ်တရ်ဆိုတာကို နားလည်အောင် ကြိုးစားကြဖို့။ အခြေခံစ တဆင့်ပြီး တဆင့်ပဲ စိတ်အေးအေးနဲ့ လေ့လာဖို့ ပြောချင်ပါတရ်။ အခုမှ စလေ့လာပြီး program ကောက်ရေးချင်လို့ မရပါဘူး။ အဲ့လို စိတ်ရှိတဲ့ လူတွေ အဖို့ copy, paste ကို အားသာသွားပြီး ကိုယ်တိုင် မစဉ်းစားလိုစိတ် နည်းသွားတတ်ပါတရ်။ ကျနော်ကိုယ်တိုင်လဲ copy, paste သမားပါ။ ကျောင်းက ဆရာက လေ့ကျင့်ခန်းပေးလိုက်တရ်။ အင်တာနက်က ရှာတရ်။ run ကြည့်တရ်။ မှန်တော့ ဆရာကို ပြတရ်လေ။ အဲ့ဒီမှာ ခဏ ခဏ ကွဲတော့တာပေါ့။ ဒီ command က ဘာဖြစ်လို့ သုံးလိုက်တာလဲ။ ဒီအဖြေ ဘာကြောင့် ထွက်လဲ ဆရာက မေးရင် မဖြေနိုင်တဲ့ အခါများပါတရ်။ နောက်တခုက programming language က ဖတ်ယုံလောက်နဲ့ နားလည်တဲ့ language မဟုတ်ပါဘူး။ ဖတ်နေတုန်းတော့ ဒါတွေ အားလုံး ငါသိပြီးသားပါ ထင်နေရပေမဲ့။ တကရ်တမ်း ချရေးတော့ ဘာမှ ထွက်မလာတဲ့ အခါမျိုးတွေရှိပါတရ်။ ရှည်နေပြီဗျာ။ စိတ်ဝင်စားမဲ့ မိတ်ဆွေများ ကျနော်နဲ့အတူ ဒီနေရာမှာ လေ့လာကြဖို့ ဖိတ်ခေါ်ရင်း... ဒီနေ့ အပိုင်းလေးမှာတော့...
  • basic structure of C++
  • Datatype in C++
အကြောင်းလေးတွေ ရှင်းပြထားပါတရ်။ လေ့လာကြည့်လိုက် ကြပါအုံးဗျာ။

အားလုံး အဆင်ပြေ ချောမွေ့နိုင်ကြပါစေ။

0 Responses so far.

Post a Comment