2. Algorithm - Insertion Sort

Posted by တေဇာလင်း Sunday 7 February 2016 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ အခန်းဆက် Tutorials လေးဖြစ်တဲ့ Algorithm အကြောင်းလေးကို ဆက်လေ့လာကြည့်ကြရအောင်ပါ။ အခန်းဆက် လေ့ကျင့်ခန်းဖြစ်လို့ အပိုင်းလေးတွေခွဲပြီး တင်ပြ ဆွေးနွေးပေးသွားပါ့မရ်ဗျာ။ အခု အပိုင်း(2) ကတော့ Sorting Method တွေထဲက တစ်ခုဖြစ်တဲ့ “Insertion Sort” အကြောင်းလေးပဲဖြစ်ပါတရ်။ ဒီ algorithm ရဲ့ နောက်ကွယ်က အလုပ်,လုပ်သွားတဲ့ idea ကို အလွယ်ကူဆုံးနဲ့ ထင်သာမြင်သာ အရှိဆုံးဖြစ်အောင် ပြောရမယ်ဆိုရင်တော့ ဖဲချပ်တွေကိုစီတဲ့ ပုံစံလို့ပဲ ဥပမာ ပေးရပါလိမ့်မရ်ဗျ။
စားပွဲပေါ်မှာ ဖဲချပ်တွေကို မှောက်ပြီးချထားမယ်၊ အဲ့ဒီအထဲက တစ်ချက်ချင်းကို လက်တစ်ဘက်နဲ့(ဘယ်လက်)ယူမယ်၊ အပွင့်ကိုကြည့်ပြီး နောက်လက်တစ်ဘက်ထဲကို(ညာလက်) အစဉ်အတိုင်း သူ့နေရာနဲ့သူ ထိုးထည့် (insert) လိုက်မယ်ပေါ့ဗျာ။ (ဒီ Insertion သဘောတရား ကြောင့်ပဲ insertion sort လို့ ခေါ်တာပါ)။ စစချင်းမှာတော့ ညာလက်ဟာ empty ပါဘဲ။ စားပွဲပေါ်ကနေ တစ်ချပ်ချင်းယူပြီး အစဉ်တိုင်း သူ့နေရာနဲ့သူ ထည့်လိုက်တော့မှ Fig မှာမြင်ရတဲ့အတိုင်း ညာလက်ထဲ ရောက်သမျှ ဖဲချပ်တိုင်းဟာ အစီစဉ်တကျ စဉ်ပြီးသား အနေအထားကို ရောက်သွားပါတယ်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတို့အနေနဲ့ ကျနော်နဲ့အတူ လေ့လာကြည့်ကြရအောင်ဗျာ။

အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။

0 Responses so far.

Post a Comment