မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံးပဲ မင်္ဂလာပါဗျာ။ ကျနော်တို့ ရှေ့သင်ခန်းစာတွေမှာ Decimal Number ကို Hex, Octal and Binary Number တွေအဖြစ် ပြောင်းလဲနိုင်တာလေးကို Repeated Division Mehtod ကို အခြေခံပြီး Function တစ်ခုချင်းစီဖြင့် သီးခြားလေ့လာခဲ့ပြီးဖြစ်ပါတရ်။ သာမာန်အတွေးကိုပဲ ပုံဖော်ထားတာဖြစ်လို့ နားလည်နိုင်ကြလိမ့်မရ်လို့ ယုံကြည်ပါတရ်။
ဒီနေ့ သင်ခန်းစာမှာတော့ တမူထူးခြားမှုလေးဖြစ်သွားအောင် Getting ‘Char’ Mthod ကို အခြေခံပြီး လေ့လာကြည့်ကြပါမရ်။ Function ရေးသားရာမှာလည်း Conversion တိုင်းကို သီးခြား function တွေ ခွဲရေးမနေတော့ပဲ Function တစ်ခုတည်းဖြင့် Type Conversion အားလုံး ပြောင်းလဲနိုင်တဲ့ ပုံစံလေးနဲ့ လေ့လာကြည့်သွားကြမှာဖြစ်ပါတရ်။
Logic ပိုင်း ထွေထွေထူးထူးမရှိပါဘူး။ သာမာန်အတွေးကိုပဲ ရုပ်လုံးဖော်လိုက်တာပါ။ Coding Flow လေးကို ကြည့်ကြည့်မရ်ဗျာ။ 
  1. Decimal Number ကို မိမိတို့ ပြောင်းလဲချင်သော Type ရဲ့Base နဲ့စားမရ်။
  2. ရလာတဲ့ စားလဒ်(Quotient)ကို သုညနဲ့မငယ်မချင်း Loop ပတ်ပြီး ထပ်ခါတလဲလဲ Base နဲ့ စားနေမရ်။
  3. စားကြွင်း(remainder)ကိုတော့ remainder -10+ 'A' OR remainder +'0' ဆိုတဲ့ Formula ကိုဖြတ်ပြီး Char Value တစ်ခု ရယူမရ်။ ရလာတဲ့ result တစ်ခုကို char array တစ်ခုထဲ ခေတ္တထည့်သိမ်းထားမရ်ပေါ့။
  4. နောက်ဆုံး စားလဒ်(Quotient)ဟာ သုညနဲ့ညီလျှင်ပဲဖြစ်ဖြစ်၊ ငယ်သွားရင်ပဲဖြစ်ဖြစ် Loop ကို ရပ်မရ်။ ဒီအချိန်မှာတော့ စားကြွင်း(remainder)တွေကြီး စုစည်းထားတဲ့ char array တစ်ခုကို ကျနော်တို့ ရရှိနေပါပြီ။
  5. နောက်ဆုံးမှာတော့ ၄င်း Array ကို Invert လုပ် ပြောင်းပြန်လှန်ပေးခြင်းဖြင့် ကျနော်တို့လိုချင်တဲ့ အခြားသော Type string တစ်ခုကို ဆွဲထုတ်ယူလိုက်တာပဲဖြစ်ပါတရ်။
GUI ကိုတော့ ကျနော် အောက်က ပုံစံအတိုင်း ပုံဖော်ထားပါတရ်။ မိတ်ဆွေတို့တော့ စိတ်ကြိုက် ပုံဖော် ဖန်တီးနိုင်ပါတရ်။
Coding လေးကို လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
using System;
using System.Windows.Forms;

namespace NumberTypeConverter
{
    public partial class frmDecToOther : Form
    {
        public frmDecToOther()
        {
            InitializeComponent();
        }

        public string DecToOther(int Dec, int Base)
        {
            int count = 0, remainder;
            char[] arr = new char[32];

            while (Dec > 0)
            {
                remainder = Dec % Base;
                Dec /= Base;

                if (remainder > 9 && remainder < 16)
                {
                    arr[count++] = (char)(remainder -10+ 'A');
                }
                else
                {
                    arr[count++] = (char)(remainder + '0');
                }   
            }

            //Revert String
            string output = "";
            for (int i = count-1; i >= 0; i--)
            {
                output += arr[i];
            }
            return output;
        }

        private void btnConvert_Click(object sender, EventArgs e)
        {           
            txtBinary.Text =DecToOther(int.Parse(txtDecimal.Text), 2);
            txtOctal.Text = DecToOther(int.Parse(txtDecimal.Text), 8);
            txtHexadecimal.Text = DecToOther(int.Parse(txtDecimal.Text), 16);
        }

        private void btnReset_Click(object sender, EventArgs e)
        {
            txtDecimal.Clear();
            txtBinary.Clear();
            txtOctal.Clear();
            txtHexadecimal.Clear();
            txtDecimal.Focus();
        }
    }
}
အားလုံးကို အသေးစိတ်နားလည်သွားအောင် Decimal Nume (10) ကို Octal Number အဖြစ် ပြောင်းလဲတာလေးကို trace လိုက်ပြပါ့မရ်။

DecToOther(int Dec, int Base)
 Dec = 10, Base=8
loop1 => while(10> 0) => true
   remainder  = 10%8 = 2
   Dec = 10/8 = 1
   if() =false
    arr[1] = (char)(2+50) = (52)2
loop2 => while(1> 0) => true
   remainder  = 1%8 =1
   Dec = 1/8 =0
   if() => false
    arr[2] = (char)(1+50) = (51)1
loop3 => while(0 > 0) => false
so, arr[] ={2,1}
အနည်းငယ်ရှင်းရမယ်ဆိုရင်တော့... ပထမ loop မှာ array[1] ထဲကို 52 ထည့်ရပါ့မရ်။ 52 ကို Char ပြောင်းတဲ့အခါ 2 ကိုရပါလိမ့်မရ်။ ဒါကြောင့် arr[1] =2 ရတာပါ။ ဒုတိယ loop မှာ array[2] ထဲကို 51 ထည့်ရပါ့မရ်။ 51 ကို Char ပြောင်းတဲ့အခါ 1 ကိုရပါလိမ့်မရ်။ ဒါကြောင့် arr[2] =1 ရတာပါ။ တတိယ loop မှာတော့ while connection false ဖြစ်ပါတရ်။ ဒီတော့ loop ကထွက်ပါပြီ။ ဒီအခြေအနေမှာ ကျနော်တို့ array အခန်းထဲမှာ arr[] ={2,1} ဆိုပြီး ရရှိနေပါပြီဗျာ။ နောက်ဆုံးမှာတော့ ၄င်း array ကို invert လုပ် ပြောင်းပြန်လှန်ပေးခြင်းဖြင့် ကျနော်တို့ လိုချင်တဲ့ octal တန်ဖိုး 12 ဆိုတာကို ရရှိခဲ့တာဖြစ်ပါတရ်။ နားလည်းကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျာ။ အခြား Type Conversion တွေလည်း ဒီနည်းအတိုင်းပဲ ပြောင်းလဲသွားတာဖြစ်ပါတရ်။ မိတ်ဆွေအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေဗျာ။

0 Responses so far.

Post a Comment