How to Create & Use DLL File in C# ?

Posted by တေဇာလင်း Saturday 17 December 2016 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Microsoft Visual Studion C# ကိုအသုံးပြုပြီးတော့ DLL File တစ်ခုကို ဘရ်လို ဖန်တီးယူနိုင်မလဲ၊ ဘရ်လိုပြန်လည်ပြီး ခေါ်ယူ အသုံးပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးပေးသွားပါ့မရ်။ Dll ဆိုတာကတော့ Dynamic Link Library ရဲ့ အတိုကောက် စကားလုံးဖြစ်ပါတရ်။ Library File ဆိုတာနဲ့တင် ကုဒ်တင်းကို တီးမိခေါက်မိ သူတွေအနေနဲ့တော့ အသုံးချနိုင်မှုနဲ့ စွမ်းဆောင်ရည်ကို သိနေလောက်ပြီလို့ ထင်ပါတရ်။
ကျနော် အနည်းငရ်ပြောရရင် Dll ဆိုတာ Programming Language အသီးသီးအတွက် IDE နဲ့ Writer အကြား Coding Flow ကို Convert လုပ်ပေးနိုင်တဲ့ File တစ်ခုပါ။ အကျိုးသက်ရောက်မှုကတော့ ပြောမပြနိုင်လောက်အောင်ပါပဲ။ ကျနော်တို့ VS မှာ C# ကို အသုံးပြုပြီး Project တစ်ခုရေးမရ်ဆိုပါစို့။ အခြေခံ အကျဆုံး Text တွေ၊ Label တွေ၊ Button တွေ အစရှိတဲ့ Tools တွေကို ကျနော်တို့ မဖြစ်မနေကို အသုံးပြု ရမှာပါ။ ကျနော်တို့ ဒီလို အသုံးပြုနိုင်ဖို့ IDE Creater တွေက အမျိုးမျိုးသော Functions တွေအတွက် Library File တွေကို ထည့်သွင်း ပေးထားရပါတရ်။ ဒါမှသာ Writer တွေအတွက် မဆင်ပြေမရ်မဟုတ်လားဗျ။ ဥပမာ ပြောရရင် ကျနော်တို့ Form အစရှိတဲ့ Text, Label, Button တွေ အသုံးပြုနိုင်ဖို့အတွက် using System.Windows.Forms; ဆိုတဲ့ Library dll file အသုံးပြုပေးရပါတရ်။ Graphic သမားတွေအတွက် Line, Circle, Shape,... အစရှိတဲ့ ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် using System.Drawing.Drawing2D; ဆိုတဲ့ Library File ကိုအသုံးပြုရပါတရ်။ ဒီလိုပါပဲ။ မိတ်ဆွေတို့အနေနဲ့ File and Directory တွေကို Read, Write, Create,... စတာတွေ လုပ်ချင်ပါသလား။ using System.IO; ဆိုတဲ့ Library File ကိုအသုံးပြုရပါတရ်။ အခြားလည်း အများကြီးပါပဲဗျာ။ ကျနော် ဒီလောက်ပဲ ပြောပါရစေ။
ဒီမှာ ကျနော်အနေနဲ့ သိစေချင်တာက Library File ကိုအသုံးပြုခြင်းဖြင့် Writer သို့မဟုတ် Programmer တစ်ယောက်အနေနဲ့ Coding ကို အသေးစိတ် စဉ်းစားစရာမလို၊ ကိုယ်တိုင်ဖန်တီး စရာမလို၊ ထပ်ခါတလဲလဲ ရေးနေစရာမလိုပဲ မိမိစိတ်ကူးကို အချိန်တိုအတွင်းမှာ ဖန်တီးယူနိုင်တရ်ဆိုတာပါပဲဗျာ။ ဒါဆို ဒီလောက် အကျိုးသက်ရောက်မှု အားကောင်းတဲ့ library file ကို ကိုယ်တိုင်ရော ဖန်တီးယူလို့ မရနိုင်ဘူးလားလို့ မေးစရာရှိလာပါတရ်။ ကျနော်အနေနဲ့ ပြောရရင် Programming Language တိုင်းအတွက် ရပါတရ်ဗျာ။ ဒီလေ့ကျင့်ခန်းမှာတော့ ကျနော် VS C# ကိုအသုံးပြုပြီး 0 to 9 Number တွေကို မြန်မာကနေအင်္ဂလိပ်၊ အင်္ဂလိပ်ကနေမြန်မာ သို့ ပြောင်းလဲနိုင်ဖို့အတွက် Dll file ဖန်တီးပြီး ပြန်လည်အသုံးချ နိုင်တာလေးကို ဆွေးနွေး ပေးသွားပါ့မရ်။ စိတ်ဝင်စားတဲ့ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများအားလုံး ကျနော်နဲ့အတူ လေ့လာကြည့်ကြ အုံးစို့ဗျာ။

အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။

0 Responses so far.

Post a Comment