C# - Gnome Sort

Posted by တေဇာလင်း Monday 25 December 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ကျနော်တို့ ဒီနေ့ Gnome Sort ဆိုတဲ့ Sorting Algorithm လေးတစ်ခုအကြောင်းကို လေ့လာကြည့်ပါမယ်။ Gnome Sort ကို Stupid Sort လို့လည်း ခေါ်ကြပါသေးတယ်ဗျ။ ဒီ Algorithm ကတော့ ဥယျာဉ်တစ်ခုအတွင်းမှာ ပန်းအိုးတွေကို အစီအစဉ်တကျ စီယူတဲ့အပေါ် အခြေခံထားပါတယ်။
Gnome Sort Algorithm
အလုပ် လုပ်သွားတဲ့ ပုံကတော့ Insertion Sort နဲ့ Bubble Sort ကို ပေါင်းစပ် အသုံးပြုထားတာနဲ့ အလားသဏ္ဍန်တူပါတယ်။ ဒီကောင်က Sorting စီရာမှာ ကပ်လျှက် Element နှစ်လုံးကို နှိုင်းယှဉ်ပါတယ်။ နှိုင်းယှဉ်ခံ Element နှစ်ခုအတွင်း ခြားနားချက်ရှိသွားပြီး တစ်နည်းအားဖြင့် else(Condition) မှန်သွားပြီ ဆိုရင်တော့ Element နှစ်ခုကို နေရာချိန်းယူပါတယ်။ နောက်ပြီး loop ကို else(Condition) မှားသည်အထိ backwards(i--) ပြန်သွားပြီး left order Element တွေနဲ့ ပြန်နှိုင်းယှဉ် ကြည့်ပါတယ်ဗျ။ If(Condition) ပြန်မှန်တဲ့အချိန်ရောက်ရင်တော့ Right order Element တွေနဲ့ တစ်ခါပြန်နှိုင်းယှဉ်ပြီး Algorithm ကို ဆက်အလုပ် လုပ်ပါတယ်ဗျ။ ဒီသဘောတရားအတိုင်း Sorted List မဖြစ်မခြင်း Algorithm ကို ထပ်ခါတလဲလဲ အလုပ် လုပ်စေမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကြီးလိုက်အတွက် Algorithm အလုပ် လုပ်သွားပုံကို ကျနော်တို့ ဥပမာလေးနဲ့ လေ့လာကြည့်ပါ့မယ်။
နားလည်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
Time Complexity :
ဒီ Algorithm ကတော့ Stupid Sort အမျိုးအစားထဲမှာပါပေမဲ့ Sorting Method တွေထဲမှာ Adaptive ဖြစ်ပြီး သုံးသင့်တဲ့ ထဲမှာပါဝင်ပါတယ်ဗျ။ Processing Time ကြာတယ်/မကြာဘူးကတော့ အသုံးပြုမယ့် Array/List အပေါ်မှာ မူတည်ပါလိမ့်မယ်။ Algorithm ကိုက loop တစ်ခုအတွင်းမှာ increase and decrease နှစ်မျိုးစလုံးကို သုံးထားတာကိုး။ ဒါကြောင့် အသုံးပြုမည့် Array/List မှာ Sorted ဖြစ်ပြီးသား Element တွေ များများ order ဖြစ်နေရင် Processing Time မြန်မှာဖြစ်ပြီး မဟုတ်ရင်တော့ ကြာနိုင်ပါလိမ့်မယ်ဗျ။
ကဲ… သေချာနားလည်သွားအောင် အောက်မှာ C# နဲ့ရေးထားတဲ့ ကုဒ်အပြည့်အစုံလေးကို လေ့လာကြည့်ကြစို့ဗျာ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment