C# - Static Target Sort Algorithm

Posted by တေဇာလင်း Monday 1 January 2018 1 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ကျနော်တို့ ဒီနေ့ Static Target Sort ဆိုတဲ့ Sorting Algorithm လေးတစ်ခုအကြောင်းကို လေ့လာကြည့်ပါမယ်။
ဒါကတော့ Static Target Sort ရဲ့ Algorithm ပါ။
ဒီကောင်ရဲ့ အလုပ် လုပ်ပုံ Algorithm အတိုင်း ငယ်စဉ်ကြီးလိုက် ပုံစံနဲ့ ရှင်းပြပါ့မယ်။
1. Array/List ရဲ့ ပထမဆုံးအခန်းကို Target အဖြစ် သတ်မှတ်ပါတယ်။
2. Loop ပါတ်ပြီး Target နဲ့ ကျန် Element တွေကို တိုက်ဆိုင် စစ်ဆေးပါတယ်။
3. ကျနော်တို့ စစ်ဆေးနေတဲ့အချိန်မှာ Array/List ရဲ့ Element တစ်လုံးလုံးဟာ Target Element ထက် ငယ်သွားပြီဆိုတာနဲ့ Target Element နဲ့ စစ်ဆေးခံ Element တို့ကို နေရာချင်း ချိန်းယူပါတယ် (Target Array အခန်း ချိန်းသွားခြင်း မဟုတ်ပါ)။
4. Upper Loop တစ်ကြိမ်တိုင်းမှာ Target ဟာ Array အခန်းတစ်ခုကိုသာ ရည်ညွှန်းပြီး နောက်တစ်ကြိမ် Loop ဆက်သွားတဲ့အချိန်မှာတော့ Target++ ဖြစ်ပြီး နောက်အခန်းကို ပြောင်းသွားမှာဖြစ်ပါတယ်။
5. Upper Loop တစ်ကြိမ်ပြီးတိုင်း Array/List ရဲ့ ထိပ်ဆုံး အခန်း (သို့မဟုတ်) ထိပ်ဆုံး Element ဟာ Sorting စဉ်ပြီးသား ဖြစ်ပြီး Upper Loop ဆုံးသွားတဲ့အချိန်မှာတော့ Array/List အားလုံးဟာ Sorting စဉ်ပြီးသား ဖြစ်သွားပါလိမ့်မယ်ဗျ။ အောက်က ရှင်းလင်းချက် ပုံမူကြမ်းလေးကို ကြည့်လိုက်ပါ။
မိတ်ဆွေတို့အနေနဲ့ အပေါ်က ရှင်းလင်းချက်ပုံနဲ့ Algorithm ကို ကြည့်လိုက်မယ်ဆိုရင်ဖြင့် Static Target Sort Algorithm ရဲ့ အလုပ် လုပ်သွားပုံ ဆိုလိုရင်းကို နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျ။
ကဲ… သေချာနားလည်သွားအောင် အောက်မှာ C# နဲ့ရေးထားတဲ့ ကုဒ်အပြည့်အစုံလေးကို လေ့လာကြည့်ကြစို့ဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

1 Response so far.

  1. ငတေရေ...
    C# ကို window form app နဲ့  သုံးတာလေး လည်း ရေးတင်အုန်း စာအုပ်၇ှိရင်လည်း တင်ပေးအုန်း
    ငါ (ငညီ)..

Post a Comment