C# - Shaker Sort Algorithm

Posted by တေဇာလင်း Monday 8 January 2018 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီးတော့ Sorting Algorithms တွေထဲက တစ်ခုဖြစ်တဲ့ Shaker Sort Algorithm အကြောင်း လေးကို လေ့လာကြည့်မှာ ဖြစ်ပါတရ်ဗျာ။ Shaker Sort ရဲ့ အလုပ်လုပ်သွားတဲ့ လုပ်ငန်းစဉ် မူကြမ်းကို အောက်ကပုံမှာ လေ့လာနိုင်ပါတရ်ဗျာ။
အလုပ်လုပ်သွားတဲ့ လုပ်ငန်းစဉ်ကိုတော့ အထက်ပါပုံကို ကြည့်လိုက်တာနဲ့ နားလည်နိုင်ကြမှာပါ။ ပိုပြီးနားလည်သွားအောင် ကျနော် အနည်းငရ် ရှင်းပြပါ့မရ်။ Shaker Sort Algorithm ရဲ့ Step တစ်ခုမှာ အဆင့်(2)ဆင့်ခွဲပြီး အလုပ်လုပ်ပါတရ်(အတွင်း loop နှစ်ခုကို ဆိုလိုတာပါ)။
ပထမအဆင့်မှာတော့ Unsorted Array ရဲ့ ပထမ Index ကစပြီး နောက်ဆုံး index အထိ loop ပါတ်ကာ Increase ဖြစ်သွားသော ကပ်လျှက် index တွေနဲ့ နှိုင်းယှဉ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ နှိုင်းယှဉ်ခံ element က ငယ်နေရင်တော့ နေရာချင်း ချိန်းယူပါတယ်။ loop ဆုံးသွားတဲ့အချိန်မှာတော့ Array/List ရဲ့ နောက်ဆုံး index မှာ အကြီးဆုံးကိန်း ရောက်နေပါလိမ့်မယ်။ ပြီးရင်တော့ ဒုတိယ loop ကိုဆက်သွားပါပြီ။
ဒုတိယအဆင့်ကတော့ ပထမအဆင့်နဲ့ ပြောင်းပြန်ပါ။ Sort ဖြစ်ပြီးသား နောက်ဆုံး index ကို ချန်ခဲ့ပါတယ်။ sort မဖြစ်သေးသော last index ကစပြီး Decrease ဖြစ်သွားကာ first index ပြန်ရောက်သည်အထိ loop ပါတ်ကာ ကပ်လျှက် index တွေနဲ့ နှိုင်းယှဉ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ နှိုင်းယှဉ်ခံ element က ကြီးနေရင်တော့ နေရာချင်း ချိန်းယူပါတယ်။ loop ဆုံးသွားတဲ့အချိန်မှာတော့ Array/List ထဲက အငယ်ဆုံး ကိန်းဟာ first index ဆီရောက်နေပါလိမ့်မယ်ဗျ။

မှတ်ချက်။ Step တစ်ကြိမ်ပြီးတိုင်း Array/List ရဲ့ အမြင့်ဆုံး Index နဲ့ အနိမ့်ဆုံး index တို့ဟာ Sorting စီပြီး ဖြစ်နေပါလိမ့်မယ်။
ဒီနည်းလမ်းအတိုင်း Step အားလုံး ဆုံးသည်အထိ အလုပ် လုပ်စေပြီး Array/List ကို Sorting စီယူမှာဖြစ်ပါတယ်ဗျ။ အပေါ်က ရှင်းလင်းချက် မူကြမ်းပုံကို ကြည့်လိုက်ရင်တော့ မိတ်ဆွေတို့အနေနဲ့ ကျနော့် ဆိုလိုရင်းကို နားလည်ပါလိမ့်မယ်ဗျ။ ပိုပြီး နားလည်သွားအောင် အောက်က C# Code အပြည့်အစုံလေးကို လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment