C# - Get Image Information by Image Type

Posted by တေဇာလင်း Friday 20 January 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုရဲ့ Information(Width, Height, Type, Size)တွေကို ဘရ်လို ထုတ်ကြည့်နိုင်မလဲ ဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ကြမှာဖြစ်ပါတရ်။ ကျနော့် လေ့ကျင့်ခန်းတွေက စတင်လေ့လာသူများအတွက်သာ ရည်ရွယ်လို့ သိပြီးသားသူတွေအတွက် နားလည်ပေးကြဖို့ ကြိုတင်တောင်းပန်ထားပါရစေဗျာ။ လေ့ကျင့်ခန်းတွေကတော့ အခန်းဆက် ပုံစံမျိုးဖြစ်နေလို့ ရှေ့အပိုင်းတွေမှာ သုံးခဲ့တာလေးတွေပါ ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတရ်။ ဒါကြောင့် ရှေ့သင်ခန်းစာရဲ့ GUI မှာပဲ ကျနော်တို့ လိုအပ်တဲ့ Tool လေးတွေကို ထပ်ဖြည့်ပြီး လေ့လာကြည့်ကြပါ့မရ်။ ဒီနေ့ လေ့ကျင့်ခန်းအတွက် ကျနော် Button (၁)ခုနဲ့ Label (4)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်ပါ Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
PictureBox အတွင်းသို့ Image ဆွဲတင်ခြင်းအပိုင်းကိုတော့ ရှေ့သင်ခန်းစာဖြစ်တဲ့ C# - Image Loading to PictureBox သင်ခန်းစာမှာ လေ့လာခဲ့ပြီးဖြစ်ပါတရ်။ ဒါကြောင့် Image ဆွဲတင်တဲ့ coding တွေကို ကျနော် မရှင်းတော့ပါဘူး။ ယခု လေ့ကျင့်ခန်းမှာတော့ မိတ်ဆွေ ဆွဲတင်ထားတဲ့ Image ဟာ Width ဘရ်လောက်၊ Height ဘရ်လောက်၊ ဘာ Type အမျိုးအစားလဲ၊ Size ဘရ်လောက်ရှိလဲ အစရှိတဲ့ Information တွေကို ထုတ်ကြည့်မှာဖြစ်ပါတရ်။ GUI ပုံစံကိုတော့ အောက်ကပုံမှာ ကြည့်နိုင်ပါတရ်။
ပုံမှန်အားဖြင့်ဆိုရင် File (or) Image တွေရဲ့ Information တွေ ထုတ်ကြည့်တဲ့အခါမှာ File (or) Image ရဲ့ Location/Path ကိုရွေးပေးပြီး FileInfo နဲ့ ကြည့်ကြတာ များပါတရ်။ ကျနော့်လက်ရှိ သင်ခန်းစာတွေကတော့ Image ဘက်ကို အသားပေးထားတဲ့အတွက်ကြောင့် Image Type ဖြစ်နေတဲ့ File တနည်းအားဖြင့် Image ပါလို့ အတည်ပြုပြီးသား File ရဲ့ Information ကိုပဲ ထုတ်ကြည့်တဲ့ ပုံစံနဲ့ ချဉ်းကပ်ထားပါတရ်။ FileInfo လို File(txt, doc, etc)တိုင်းရဲ့ Information ကိုတော့ ကြည့်နိုင်မှာမဟုတ်ပါဘူး။ အားသာချက်အနေနဲ့ကတော့ Image ရဲ့ Path ကို String Type နဲ့ Static ပုံစံ အသေလမ်းကြောင်း ပေးစရာမလိုတော့ပဲ Image Type အဖြစ် သတ်မှတ်ထားတဲ့ မည်သည့် File ကိုမဆို Information ထုတ်ကြည့်နိုင်မှာဖြစ်ပါတရ်။ PictureBox နဲ့ ဥပမာပေးရရင် PictureBox အတွင်းသို့ ဆွဲတင်မရ့် Image ကို Physical Drives တွေထဲက ဖြစ်နိုင်သလို Database လို နေရာကလည်း ရောက်လာနိုင်တာကိုးဗျ။ FileInfo ကို အသုံးပြုလို့ Physical Drives တွေထဲက PictureBox ကိုဆွဲတင်ရင် File Path ကို String ပုံစံ အဆင်ပြေပေမဲ့ Database ထဲကဆွဲတင်မရ်ဆိုရင်တော့ String ပုံစံ အဆင်ပြေမှာမဟုတ်တော့ပါဘူးဗျာ။ စာနဲ့ ရေးပြီးရှင်းရတာတော့ နားလည်ရခက်ပါတရ်။ ဒါကြောင့် Image Type ကိုအသုံးပြုပြီး Image တစ်ခုရဲ့ Information ကို ထုတ်ကြည့်တရ်လို့ပဲ မှတ်ထားလိုက်ပါဗျာ။ Result ကို ပုံ(၂)မှာကြည့်ပါ။
မိတ်ဆွေတို့ သေချာနားလည်သွားအောင် Coding အပြည့်အစုံကို ကျနော် အောက်မှာ ဖော်ပြပေးလိုက်ပါတရ်။

နားလည်နိုင်ကြလိမ့်မရ်လို့ ယုံကြည်ပါတရ်ဗျ။ ဒီလေ့ကျင့်ခန်းမှာတော့ Method မခွဲတော့ပဲ btnImgInfo ဆိုတဲ့ Button ရဲ့ Click_Event မှာပဲ Coding ကိုတခါတည်းရေးထားပါတရ်။ ပထမဆုံး PictureBox ထဲမှာ ရှိတဲ့ Image ကို Image Type ထဲထည့်လိုက်ပါတရ်။ Image အဖြစ်သိပြီဆိုရင်တော့ Width နဲ့ Height Properties တွေကို အသုံးပြုပြီး Image ရဲ့ Width နဲ့ Height ကို ဆွဲထုတ်ပါတရ်။ Type ကိုဆွဲထုတ်တဲ့ နေရာမှာတော့ Image ရဲ့ Type တွေဟာ ImageFormat အနေနဲ့ ရှိနေတာပါ။ ကျနော်တို့ လိုချင်တာက String ပုံစံလေ။ ဒီတော့ ImageFormatConverter() ရဲ့ ConvertToString() Method ကိုအသုံးပြုပြီး ImageFormat ကနေပြီး String အဖြစ်ပြောင်းလဲယူလိုက်တာဖြစ်ပါတရ်။ Image ရဲ့ Size ကို သိဖို့အတွက်ကတော့ Image ကို MemoryStream() ထဲမှာ ခေတ္တသွား Save ပေးရပါတရ်။ MemoryStream ထဲရောက်ပြီဆိုရင်တော့ ၄င်း Image ရဲ့ Size/Length ကိုဖတ်လို့ရပါပြီ။ ဒါပေမဲ့ ဖတ်လို့ရတဲ့ Image ရဲ့ Size က byte အနေနဲ့ ထွက်လာမှာပါ။ ဒါကိုမှ ကျနော်တို့ ဖော်ပြစေချင်တဲ့ KB (or) MB အဖြစ် ပြောင်းလဲ ဖော်ပြပေးလိုက်တာပဲဖြစ်ပါတရ်။ 1024 နဲ့ စားတာကတော့ 1024 byte မှာ 1 KB ရှိသလို၊ 1024 KB မှာ 1MB ရှိလို့ပါ။ MB တွက်တဲ့နေရာမှာ string.Format("{0:F2}", imgSizeKB / 1024) သုံးထားတာကတော့ ဒဿ မ(၂)နေရာဖြတ်ချင်လို့ပါ။ ဒဿ မ(၁)လုံးဖြတ်ချင်ရင် 0:F1, နှစ်လုံးဖြတ်ချင်ရင် 0:F2 စသည်ဖြင့် မိမိဖြတ်ချင်တဲ့ ဒဿ မအရေအတွက်အတိုင်း F level ကို တိုးယူနိုင်ပါတရ်။ Coding တွေက အခက်ခဲကြီးတွေ မဟုတ်လို့ ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Image တစ်ခုရဲ့ Information တွေကို ဆွဲထုတ်ကြည့်တတ်ပြီလို့ ထင်ပါတရ်ဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment