C# - Selection Sort Algorithm

Posted by တေဇာလင်း Sunday 15 January 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး မင်္ဂလာပါ။ ဒီနေ့တော့ ကျနော်တို့ Microsoft Visual Studio C# ကို အသုံးပြုပြီးတော့ Sorting Algorithms တွေထဲက တစ်ခုဖြစ်တဲ့ Selection Sort Algorithm အကြောင်း လေးကို လေ့လာကြည့်မှာ ဖြစ်ပါတရ်ဗျာ။ Selection Sort ရဲ့ အလုပ်လုပ်သွားတဲ့ လုပ်ငန်းစဉ် မူကြမ်းကို အောက်ကပုံမှာ လေ့လာနိုင်ပါတရ်ဗျာ။
အလုပ်လုပ်သွားတဲ့ လုပ်ငန်းစဉ်က ရိုးရှင်းပါတရ်။ အထက်ပါပုံကို ကြည့်လိုက်တာနဲ့ နားလည်နိုင်ကြမှာပါ။ ပိုပြီးနားလည်သွားအောင် ကျနော် အနည်းငရ် ရှင်းပြပါ့မရ်။ Selection Sort Algorithm ရဲ့ Step တစ်ခုမှာ အဆင့်(4)ဆင့်ခွဲပြီး အလုပ်လုပ်ပါတရ်။ ငယ်စဉ်ကြီးလိုက်(ASC)အတွက် ကျနော် ဥပမာ ပြပါ့မရ်။ 1. ပထမအဆင့်မှာတော့ Unsorted Array ရဲ့ ပထမ Index ကို key အဖြစ်သတ်မှတ်ပါတရ်။ 2. ဒုတိယအဆင့်အနေနဲ့ key မှလွဲ၍ ကျန် Arrary အစုထဲမှ အငယ်ဆုံးကိန်း(Min)ကို ရှာပါတရ်။ 3. ဒီအဆင့်မှာတော့ အပေါ်မှာ ကျနော်တို့ ရှာခဲ့တဲ့ အငယ်ဆုံးကိန်း(Min)နဲ့ key ကို နှိုင်းယှဉ်ပါတရ်။ key ကကြီးနေရင် Min နဲ့ Key ကို နေရာချင်း ချိန်းပါတရ်။ ငယ်နေရင်တော့ ဒီအတိုင်း ဆက်ထားပါတရ်။ 4. အဆင့်တစ်ဆင့်ပြီးတိုင်း Array ရဲ့ ထိပ်ပိုင်းကျတဲ့ Index တွေဟာ Sorted ဖြစ်နေပါလိမ့်မရ်ဗျ။ နားလည်နိုင်ကြလိမ့်မရ်လို့ ထင်ပါတရ်။ အပေါ်ကပုံကိုကြည့်ပါ။ Step 1 ပြီးလို့ Step 2 ပြောင်းတဲ့ အချိန်မှာ Array ရဲ့ First Index ဟာ Sorted ဖြစ်နေပါပြီ။ ဒီလိုပါပဲ key ကလည်း ဒုတိယ Index ကို ခုန်သွားပါလိမ့်မရ်။ နောက်တစ်ဆင့် Setp 2 ပြီးလို့ Step 3 ပြောင်းတဲ့အခါမှာလည်း Array ရဲ့ ရှေ့ Index နှစ်ခုဟာ Sorted ဖြစ်နေတာ တွေ့ရပါလိမ့်မရ်။ key ကလည်း နောက် Index တစ်ခုကို ခုန်သွား မှာပါ။ ဒီလုပ်ငန်းစဉ်အတိုင်းပဲ Array ရဲ့ နောက်ဆုံး Index အထိ loop ပါတ် ဖြေရှင်းသွားမှာ ဖြစ်ပါတရ်။
စိတ်ဝင်စားတဲ့ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ ကျနော်နဲ့အတူ လေ့လာကြည့်ကြစို့ဗျာ။
ှPDF ရဲ့ SelectionSort() Function မှာ ကျနော် ဖော်ပြခဲ့တဲ့ ပုံစံမှားနေပါတယ်ဗျ။ အောက်က ပုံစံအတိုင်း ပြင်ရေးလိုက်ပါဗျ။ အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ။

0 Responses so far.

Post a Comment