C# - Spliting RGB-Color Channel of Image

Posted by တေဇာလင်း Tuesday 24 January 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုရဲ့ Color Channel တွေကို ဘရ်လိုခွဲကြည့်နိုင်မလဲ ဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ကြမှာ ဖြစ်ပါတရ်။ Image တစ်ခုဟာ 2D Array ပုံစံ pixel တွေနဲ့ ဖွဲ့စည်းထားပါတရ်။ Array တစ်ကွက်စီက pixel တစ်ခုကို ကိုယ်စားပြုပါတရ်။ ၄င်း pixel တစ်ကွက်ချင်းစီမှာရှိတဲ့ တန်ဖိုးတွေကရော ဘာတွေဖြစ်မလဲ။ Color တန်ဖိုးတွေပေါ့ဗျာ။ ယေဘုယျ အနေနဲ့တော့ Color တန်ဖိုးတစ်ခုစီဟာ Red, Green, Blue ဆိုတဲ့ Primitive Color သုံးခုနဲ့ Alpha (Depth, Light) တန်ဖိုးတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီလေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ကတော့ Image တစ်ခုရဲ့ piexl တစ်ကွက်စီတိုင်းမှာ ရှိနေတဲ့ Color တန်းဖိုးတွေကို သိဖို့နဲ့ မိမိလိုချင်တဲ့ Color Channel ကို ဆွဲထုတ်တတ်ဖို့ ရည်ရွယ်ပါတရ်။ နောက်ပိုင်း Image Processing ပိုင်းကို လေ့လာတဲ့အချိန် Color တန်ဖိုး အချိန်းအပြောင်းတွေ လုပ်ပြီး Image Transform လုပ်တဲ့အခါ လွယ်ကူသွားအောင်လို့ပါဗျာ။ အခုအချိန်ထိတော့ အားလုံးက အခြေခံလေးတွေပါပဲ။ ကျနော့် လေ့ကျင့်ခန်းတွေက စတင်လေ့လာသူများအတွက်သာ ရည်ရွယ်လို့ သိပြီးသား သူတွေအတွက် နားလည်ပေးကြဖို့ ကြိုတင် တောင်းပန်ထားပါရစေဗျာ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် ကျနော် Button (၂)ခု၊ ComboBox (၁)ခုနဲ့ PictureBox (၂)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်ပါ Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
PictureBox အတွင်းသို့ Image ဆွဲတင်ခြင်းအပိုင်းနဲ့ Image ကို Save ယူခြင်းအပိုင်းကိုတော့ ရှေ့ သင်ခန်းစာတွေမှာ လေ့လာခဲ့ပြီးဖြစ်ပါတရ်။ ဒါကြောင့် coding တွေကို ကျနော် မရှင်းတော့ပါဘူး။ ယခု လေ့ကျင့်ခန်းမှာတော့ မိတ်ဆွေ ဆွဲတင်ထားတဲ့ Image ကို ComboBox ထဲက Color Channel ကိုရွေးချယ်ပြီး မိမိ ပြောင်းလဲစေချင်တဲ့ Color Channel အတိုင်းပြောင်းယူတဲ့ ပုံစံနဲ့ လေ့လာကြည့်မှာပါ။ GUI ပုံစံကိုတော့ အောက်ကပုံမှာ ကြည့်နိုင်ပါတရ်။
စဉ်းစားပုံကတော့ မိတ်ဆွေရွေးချယ်လိုက်တဲ့ Image ရဲ့ Pixel တစ်ကွက်ချင်းစီထဲမှာရှိတဲ့ ARGB Color တန်ဖိုးတွေကို ရှာပါတရ်။ ရှာလို့ရတဲ့ Color တန်ဖိုးတွေထဲကမှ မိမိ ပြောင်းလဲစေချင်သော Color Channel ကိုသာချန်ပြီး ကျန်တဲ့ Color တန်ဖိုးတွေကို သုည(0) ပေးပြီး ပြန် Set လုပ်လိုက်တာပါပဲဗျာ။ ကျနော်တို့ လိုချင်တဲ့ Color Channel အပေါ်မူတည်ပြီး Pixel တစ်ကွက်ချင်းစီမှာရှိတဲ့ Color တန်ဖိုးတွေက ပြောင်းလဲသွားမှာပါ။ ဥပမာ ARGB(255, 100, 45, 72) ထဲက ကျနော်တို့က Blue Channel ပြောင်းချင်တရ်ဆိုပါစို့။ Pixel တစ်ကွက်ချင်းစီမှ ရလာတဲ့ ARGB Color တန်ဖိုးတွေထဲက ARGB(255, 0, 0, 72) Red နဲ့ Green ကို သုည(0) ပေးပြီး ကျန် Apha နဲ့ Blue တန်ဖိုးကို ပြန် Set လုပ်လိုက်တာပါ။ ComboBox ရဲ့ SelectedIndex အချိန်းအပြောင်းပေါ် မူတည်ပြီး Image ရဲ့ Color Channel ပြောင်းလဲမှုကို ချက်ချင်းပြချင်တာဖြစ်တဲ့အတွက် Calling Mehtod ကို ComboBox ရဲ့ SelectedIndexChanged_Event ထဲမှာ ၀င်ရေးထားပါတရ်။ Channel အချိန်းအပြောင်း လုပ်ငန်းစဉ်ကိုတော့ သီးသန့် Method ခွဲပြီးရေးထားပါတရ်။ Method ထဲကို Image နဲ့ Channel ကို Parameter Passing လုပ်ထားပါတရ်။ တွက်ချက်ပြီးရင်တော့ နောက်ဆုံး Result အဖြစ် Image ကို Return ပြန်ပေးမှာဖြစ်ပါတရ်။ Result ကို ပုံ(၂)မှာကြည့်ပါ။
မိတ်ဆွေတို့ သေချာနားလည်သွားအောင် GetChannelImage() Mehtod ရဲ့ Coding ကိုအောက်မှာ ဖော်ပြပေးထားပါတရ်။
ဒီမှာ အလုပ် လုပ်သွားတဲ့ပုံစံကတော့ ပထမအဆင့်မှာ မိတ်ဆွေတို့ ပို့ပေးလိုက်တဲ့ Image ကို Image ရဲ့ အခြေခံအကျဆုံး Format ဖြစ်တဲ့ Bitmap အဖြစ် ပြောင်းလဲယူပါတရ်။ ဒုတိယအဆင့်မှာတော့ For Loop ကို အသုံးပြုပြီး Image ရဲ့ Pixel တစ်ကွက်ချင်းစီကို loop ပါတ်ပြီး ဖတ်ပါတရ်။ တစ်ဆက်တည်းမှာပဲ GetPixel()Method ကိုအသုံးပြုပြီး Pixel တစ်ကွက်ချင်းစီမှာရှိတဲ့ Color တန်ဖိုးတွေကို မှတ်ယူပါတရ်။ တတိယအဆင့်မှာတော့ မိတ်ဆွေတို့ ရွေးချယ်လိုက်တဲ့ Color Channel အပေါ်မူတည်ပြီး Pixel တစ်ကွက်ချင်းစီရဲ့ New Color တန်ဖိုးတွေကို ပြန် Set လုပ်ပါတရ်။ Pixel အားလုံး Color Change ပြီးသွားပြီဆိုရင်တော့ Loop ကထွက်သွားမှာပါ။ နောက်ဆုံးအဆင့်မှာတော့ ကျနော်တို့ Color ချိန်းပြီးသား Image တစ်ခုကို Bitmap ထဲထည့်ပြီး Image Type အဖြစ် Return ပြန်ပေးလိုက်တာပဲဖြစ်ပါတရ်ဗျာ။ နားလည်းနိုင်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။
GetChannelImage() Method ဖန်တီးခြင်းအပိုင်းကို သိပြီဆိုရင်တော့ ၄င်း Method ကို ဘရ်လို ပြန်ခေါ်သုံးမလဲဆိုတာလေးကို လေ့လာကြည့်ပါ့မရ်။ ComboBox ကို D_Click ပေးပြီး SelectedIndexChanged_Event ထဲမှာ ၀င်ရေးလိုက်ပါဗျာ။
ခက်ခက်ခဲခဲ မရှိပါဘူးဗျာ။ Prarmeter Passing လုပ်ပေးရမဲ့ Image နဲ့ Channel ကို Initial လုပ်ပြီး Method ကို ခေါ်လိုက်တာပါ။ Method က Image Return ပြန်ပေးမှာဖြစ်တဲ့အတွက် Image အနေနဲ့ ပြန်ဖမ်းယုံပါပဲ။ ရလာတဲ့ Image ကိုတော့ ဒုတိယ PictureBox ဖြစ်တဲ့ picChannelImg ထဲကို Add ပေးလိုက်တာပါ။
မိတ်ဆွေတို့ ပိုပြီး နားလည်သွားအောင် Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
ကဲ... ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Image တစ်ခုရဲ့ မိမိစိတ်ကြိုက် Color Channel ခွဲပြီး ကြည့်တတ်ပြီလို့ ထင်ပါတရ်ဗျာ။ ကျနော့် အားနည်းချက်များရှိခဲ့ရင်လည်း ပြန်လည် ထောက်ပြပေးကြပါဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment