C# - Reduce/Compress Image Quality

Posted by တေဇာလင်း Monday 23 January 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုရဲ့ Size/Length ကို ဘရ်လို လျှော့ချနိုင်မလဲ ဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ကြမှာဖြစ်ပါတရ်။ Image ရဲ့ Quality ကို ကောင်းအောင် ကြိုးစားနေကြတဲ့ခောတ်မှာ Quality လျော့ချမရ်ဆိုတော့ ထူးထူးဆန်းဆန်းဖြစ်ကောင်း ဖြစ်နေပါလိမ့်မရ်။ ဒါပေမဲ့ Mega pixel ကောင်းကောင်းရဲ့ Record ယူထားတဲ့ ဓါတ်ပုံတစ်ပုံဟာ အနည်းဆုံး 1MB နဲ့ 6MB လောက်ထိရှိပါတရ်။ ဒါဆိုရင် ဓါတ်ပုံတွေ အရမ်းများလာရင် မိတ်ဆွေအတွက် Stroage Space မှာ ပြဿနာရှိလာမှာပါ။ ဒါကြောင့် ဒီ Problem ကို ဖြေရှင်းတဲ့အခါမှာ တစ်ထောင့်တစ်နေရာက အထောက်အကူ ဖြစ်လိုဖြစ်ငှား ဒီလေ့ကျင့်ခန်းကို ဆွေးနွေးပေးခြင်းဖြစ်ပါတရ်။ ဖြေရှင်းကြတဲ့ နည်းလမ်းပေါင်းစုံရှိကြမှာပါ။ အဲ့ဒီ နည်းလမ်းတွေထဲက တစ်ခုပေါ့ဗျာ။ ဒီလို ဖြေရှင်းမှ ပြေလည်နိုင်မရ်လို့တော့ မဟုတ်ပါဘူး။ ကျနော့် ဆွေးနွေးပေးမှုမှာလည်း အားနည်းချက်တွေ အများကြီးရှိပါတရ်။ ဒါအပြင် ကျနော့် လေ့ကျင့်ခန်းတွေက စတင်လေ့လာသူများအတွက်သာ ရည်ရွယ်လို့ သိပြီးသားသူတွေအတွက် နားလည်ပေးကြဖို့ ကြိုတင်တောင်းပန်ထားပါရစေဗျာ။ လေ့ကျင့်ခန်းတွေကတော့ အခန်းဆက် ပုံစံမျိုးဖြစ်နေလို့ ရှေ့အပိုင်းတွေမှာ သုံးခဲ့တာလေးတွေပါ ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတရ်။ ဒါကြောင့် ရှေ့သင်ခန်းစာရဲ့ GUI မှာပဲ ကျနော်တို့ လိုအပ်တဲ့ Tool လေးတွေကို ထပ်ဖြည့်ပြီး လေ့လာကြည့်ကြပါ့မရ်။ ဒီနေ့ လေ့ကျင့်ခန်းအတွက် ကျနော် TrackBar (၁)ခု၊ Button (၁)ခုနဲ့ Label (5)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်ပါ Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
PictureBox အတွင်းသို့ Image ဆွဲတင်ခြင်းအပိုင်းနဲ့ PictureBox အတွင်းမှ Image Information ကြည့်တဲ့အပိုင်းကိုတော့ ရှေ့ သင်ခန်းစာတွေမှာ လေ့လာခဲ့ပြီးဖြစ်ပါတရ်။ ဒါကြောင့် coding တွေကို ကျနော် မရှင်းတော့ပါဘူး။ ယခု လေ့ကျင့်ခန်းမှာတော့ မိတ်ဆွေ ဆွဲတင်ထားတဲ့ Image ဟာ Quality ဘရ်လောက်ထိ လျှော့ချရင် Image ရဲ့ Size ဘရ်လောက်ထိ လျှော့ကျသွားနိုင်လဲ ဆိုတာလေးကို လေ့လာကြည့်မှာပါ။ GUI ပုံစံကိုတော့ အောက်ကပုံမှာ ကြည့်နိုင်ပါတရ်။
စဉ်းစားပုံကတော့ မိတ်ဆွေရွေးချယ်လိုက်တဲ့ Image ရဲ့ ကနဦး Quality ကို 100 လို့ သတ်မှတ်လိုက်ပါတရ်။ ဒီ 100 Quality ကိုမှ မိမိစိတ်ကြိုက်လျှော့ချပြီး Image ရဲ့ Size/Length ကို လျှော့ချယူမှာပါ။ ဒီလို Quality ကို စိတ်ကြိုက် ချိန်ယူနိုင်ဖို့အတွက်တော့ ကျနော် TrackBar ကို သုံးထားတာပါ။ TrackBar ရဲ့ BoundRate ကတော့ 0 to 100 ပါ။ TrackBar ရဲ့ Rate အတိုး/အလျှော့ပေါ်မူတည်ပြီး Image ရဲ့ Size/Length အချိန်းအပြောင်းကို ပြချင်တာဖြစ်တဲ့အတွက် Calling Mehtod ကို TrackBar ရဲ့ Scroll_Event ထဲမှာ ၀င်ရေးထားပါတရ်။ Reduce လုပ်ငန်းစဉ်ကိုတော့ သီးသန့် Method ခွဲပြီးရေးထားပါတရ်။ Method ထဲကို Image နဲ့ Quality ကို Parameter Passing လုပ်ထားပါတရ်။ တွက်ချက်ပြီး နောက်ဆုံး Result အဖြစ် Image ကို Return ပြန်ပေးမှာဖြစ်ပါတရ်။ ReduceImage ရဲ့ Information ပြန်ကြည့်တဲ့အပိုင်းကိုတော့ ရှေ့သင်ခန်းစာက လုပ်ငန်းစဉ်အတိုင်း ပြန်သုံးထားပါတရ်။ Result ကို ပုံ(၂)မှာကြည့်ပါ။
မိတ်ဆွေတို့ သေချာနားလည်သွားအောင် CompressImageQuality() Mehtod ရဲ့ Coding ကိုအောက်မှာ ဖော်ပြပေးထားပါတရ်။
ဒီမှာ အလုပ် လုပ်သွားတာကတော့ Image.Save(savePath, TypeEncoder, EncodeImageQuality) Method ပါ။ ပထမ Parameter ဖြစ်တဲ့ Image ကို Save ဖို့ File Path ကိုတော့ Physical Drives ကို တိုက်ရိုက်မညွှန်းပေးပဲ MemoryStream ထဲမှာ ခေတ္တသိမ်းထားတဲ့ ပုံစံနဲ့ ရေးထားပါတရ်။ ဒုတိယ Parameter ဖြစ်တဲ့ Image TypeEncoder အပိုင်းမှာတော့ Linq Method ကို အသုံးပြုပြီး Jpeg Format နဲ့ Encode လုပ်ထားပါတရ်။ Linq မသုံးချင်ရင်တော့ For/Foreach Loop တစ်ခုခုကိုအသုံးပြုပြီး ImageCodecInfo ရဲ့ GetImageDecoders() ထဲက Jpeg Format ကို loop ပါတ် ဆွဲထုတ်တဲ့နည်းနဲ့ယူနိုင်ပါတရ်ဗျ။ ဒီမှာ Jpeg Format နဲ့ Encode လုပ်ရတာကတော့ Image ရဲ့ Quality ကို အရမ်းကြီးမဆုံးရှုံးရပဲနဲ့ Image ရဲ့ Size/Length ကို လျှော့ချနိုင်လို့ပါ။ Jpeg မဟုတ်ပဲ မိတ်ဆွေတို့ ရွေးချယ်လိုက်တဲ့ File Type အတိုင်း Endoce လုပ်ချင်ရင်တော့ အောက်မှာ ကျနော် ဘလော့ထားတဲ့ cmd line ကို သုံးနိုင်ပါတရ်။ ဒါဆိုရင်တော့ မိတ်ဆွေတို့ Png ဆွဲတင်ရင် Png နဲ့ Encode လုပ်သလို Gif ဆွဲတင်ရင် Gif နဲ့ Encode လုပ်မှာပါ။ Jpeg Format နဲ့ Endoce လုပ်သလောက်တော့ Image ရဲ့ Size/Length ကျသွားမှာ မဟုတ်ဘူးဆိုတာတော့ သတိထားရမှာပါ။ နောက်ဆုံး Parameter ဖြစ်တဲ့ EncodeImageQuality အပိုင်းမှာတော့ EncoderParameters Class ကိုသုံးထားပါတရ်။ ဒီကောင်ရဲ့ အဓိကအလုပ်ကတော့ Image အား မိမိတို့ လျှော့ချစေချင်တဲ့ Quality ကို သတ်မှတ်တာပါ။ Parameter သုံးခုလုံးကို ခြုံငုံပြီးပြောရရင် Image အား ပထမ Parameter ဖြစ်တဲ့ Path ထဲကို ဒုတိယ Parameter မှာ ရွေးချယ်ထားတဲ့ Type နဲ့ တတိယ Parameter မှာ သတ်မှတ်ပေးလိုက်တဲ့ Quality အတိုင်း Save ပါလို့ ခိုင်းလိုက်တာပါပဲဗျာ။

byte[] Array ထဲ သိမ်းထားလိုက်တာကတော့ Image Type အနေနဲ့ တိုက်ရိုက် Return ပြန်လို့မရလို့ တဆင့်ခံအနေနဲ့ ခေတ္တသိမ်းလိုက်တာပါ။ နောက်ဆုံးမှာတော့ byte[] Array ကို MemoryStream ထဲ ဖြတ်ပြီး ကျနော်တို့ လိုချင်တဲ့ Image Type ပြောင်းကာ Return ပြန်ပေးလိုက်တာပဲဖြစ်ပါတရ်ဗျာ။ ကျနော်က ကုဒ် အလုပ် လုပ်သွားတဲ့ သဘောတရားကိုပဲ ရှင်းပြခဲ့တာပါ။ Encode/Decode အပိုင်းကို အသေးစိတ် သိချင်ရင်တော့ ထပ်လေ့လာကြည့်ကြဖို့ တိုက်တွန်းချင်ပါတရ်ဗျာ။

Reduce Method ဖန်တီးခြင်းအပိုင်းကို သိပြီဆိုရင်တော့ ၄င်း Method ကို ဘရ်လို ပြန်ခေါ်သုံးမလဲဆိုတာလေးကို လေ့လာကြည့်ပါ့မရ်။ TrackBar ကို D_Click ပေးပြီး Scroll_Event ထဲမှာ ၀င်ရေးလိုက်ပါဗျာ။
ခက်ခက်ခဲခဲ မရှိပါဘူးဗျာ။ Prarmeter Passing လုပ်ပေးရမဲ့ Image နဲ့ Quality ကို Initial လုပ်ပြီး Method ကို ခေါ်လိုက်ယုံပါပဲ။ Method က Image Return ပြန်ပေးမှာဖြစ်တဲ့အတွက် Image အနေနဲ့ ပြန်ဖမ်းယုံပါပဲ။ ရလာတဲ့ Image ကိုတော့ ဒုတိယ PictureBox ဖြစ်တဲ့ picReduceImg ထဲကို Add ပေးလိုက်တာပါ။ လျှော့ကျသွားတဲ့ Image ရဲ့ Information ထုတ်ကြည့်တာကတော့ ရှေ့သင်ခန်းစာမှာ လေ့လာခဲ့တာနဲ့ အတူတူပါပဲဗျာ။ ကျနော်ပြထားတဲ့ ဥပမာမှာဆိုရင် 5.46MB ရှိတဲ့ Image တစ်ခုကို Quality ကို 56 အထိ လျှော့ချလိုက်တဲ့အခါ 480KB လောက်ထိ လျှော့ကျသွားတာ တွေ့ရမှာပါ။ ပုံကို ဖွင့်ကြည့်တဲ့အခါမှာလည်း အရမ်းကြီး Quality ကျပြီး ၀ါးသွားတာမျိုးမရှိပါဘူးဗျ။
မိတ်ဆွေတို့ ပိုပြီး နားလည်သွားအောင် Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်လိုက်ကြပါအုံးဗျာ။
ကဲ... ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ Image တစ်ခုရဲ့ Quality ကို C# ကိုအသုံးပြုပြီး လျှော့ချတတ်ပြီလို့ ထင်ပါတရ်ဗျာ။ ကျနော့် အားနည်းချက်များရှိခဲ့ရင်လည်း ပြန်လည် ထောက်ပြပေးကြပါဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment