C# - Image Processing (Bi-Tonal Color Algorithm)

Posted by တေဇာလင်း Tuesday 7 March 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုအား မိမိနှစ်သက်ရာ Color နှစ်ခုတည်းဖြင့် ဘရ်လို ရုပ်လုံးဖော်ကြည့်နိုင်မလဲ ဆိုတာလေးကို လေ့လာကြည့်ပါ့မရ်။ နည်းပညာ Term အရတော့ BiTonal Color Algorithm လို့ခေါ်ပါတရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Algorithm ရဲ့ သဘောတရားကတော့ ကျနော်တို့ ရှေ့မှာ လေ့လာခဲ့ပြီးဖြစ်တဲ့ Binary Color သို့မဟုတ် Black&White Algorithm နဲ့ အတူတူပါပဲ။ လေ့လာခဲ့ပြီးသား မိတ်ဆွေတို့အနေနဲ့ ဒီနေ့ လေ့ကျင့်ခန်းက အရမ်းကို လွယ်ကူနေပါလိမ့်မရ်။ Black&White တုန်းက 1 and 0 သို့မဟုတ် Color ရဲ့ Lower bound and Upper bound နှစ်ခုတည်းမှာပဲ အလုပ်လုပ်ပါတရ်။ ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Algorithm ထဲသို့ မိမိကြိုက်နှစ်သက်ရာ Color နှစ်ခုကို Passing လုပ်ပြီး Processing လုပ်နိုင်မှာဖြစ်ပါတရ်။ Color နှစ်ခုဖြစ်တဲ့အတွက် Threshold Value တစ်ခုနဲ့ ပိုင်းခြားပြီး ရုပ်လုံးဖော်မှာပါ။ Algorithm ရဲ့ လုပ်ငန်းစဉ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတရ်ဗျ။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပါတရ်။ ဒုတိယအဆင့်မှာတော့ ရလာတဲ့ RGB Color Value တွေကို Average ရှာပြီး Threshold Value နဲ့ နှိုင်းယှဉ်ပါတရ်။ Average တန်ဖိုးက ကြီးခဲ့ရင်တော့ ၄င်း Pixel ကို Color1 နဲ့ Assign လုပ်ပါတရ်။ Threshold ကကြီးနေမရ်ဆိုရင်တော့ ၄င်း Pxiel ကို Color2 နဲ့ Assign လုပ်ယူလိုက်တာပဲဖြစ်ပါတရ်။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး BiTonal Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Pixel တစ်ခုစာ တွက်ပြထားပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ BiTonal Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခုနဲ့ PictureBox(2)ခု၊ Panel(2)ခု၊ TrackBar(1)ခုနဲ့ Label(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ကျနော်တို့ ရုပ်လုံးဖော်မည့် Color နှစ်ခုကိုဆွဲတင်ဖို့အတွက်တော့ Panel Box နှစ်ခုကို သုံးထားပါတရ်။ Panel Box ရဲ့ Click_Event တွေမှာ ColorDialog Box တွေကိုခေါ်ပြီး မိမိနှစ်သက်ရာ Color ကိုရွေးချယ်မှာဖြစ်ပါတရ်။ ကျနော်ကတော့ Color Loading အတွက် Method ခွဲရေးထားပါတရ်။ အောက်မှာ လေ့လာကြည့်လိုက်ပါဗျာ။ ကျနော်တို့ စစချင်းမှာ Global အနေနဲ့ Coloar Variable နှစ်ခုကိုကြေငြာထားပါတရ်။ ကျနော်တို့ ဆွဲတင်ယူမရ့် Color နှစ်ခုကို ၄င်း Variable နှစ်ခုနဲ့ Assign လုပ်ပြီး Algorithm ကို Passing လုပ်မှာဖြစ်ပါတရ်။ LoadColor()Method က ရိုးရှင်းပါတရ်။ ColorDialog Box ကိုခေါ်ပြီး ရွေးချယ်လိုက်တဲ့ Color ကို Calling Mehtod သို့ Return ပြန်ပေးယုံပါပဲ။ Calling Method အနေနဲ့တော့ Panel နှစ်ခုရဲ့ Click_Event တွေက ခေါ်ထားပါတရ်။ ဒါအပြင် ဘရ်လို Color တွေကို ရွေးချယ်လိုက်တရ်ဆိုတာကို User အနေနဲ့ မြင်တွေ့နိုင်ဖို့အတွက် Panel တွေရဲ့ Background Color တွေအဖြစ် ပြန်ဆွဲတင် ပြထားပါသေးတရ်ဗျ။ ခက်ခဲတာမပါလို့ နားလည်လိမ့်မရ်လို့ ယုံကြည်ပါတရ်ဗျ။
BiTonal Image ပြောင်းလဲယူမရ့် Method ကိုတော့ TrackBar ရဲ့ Scroll_Event ထဲမှာရေးပါတရ်။ ဒါကြောင့် TrackBar Value ပြောင်းလဲမှုရှိတိုင်း Image Result ပြောင်းလဲမှုရှိပါလိမ့်မရ်ဗျ။ Method ကိုတော့ Processing လုပ်မရ့် Image, Threshold Value နဲ့ Color Value နှစ်ခုကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ BiTonal Color ခွဲပြီး Assign လုပ်သွားပုံအဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Calling Method လေးကို ဆက်ကြည့်ကြရအောင်ဗျာ။ ဒါကတော့ TrackBar သို့မဟုတ် Threshold Value ရဲ့ ပြောင်းလဲအမှုအပေါ် မူတည်ပြီး BiTonal Image ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ ပြောင်းလဲသွားတဲ့ Threshold Value ကိုတော့ label နဲ့ Infornation ထုတ်ပြထားပါတရ်။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment