C# - Image Processing (Contrast Algorithm)

Posted by တေဇာလင်း Friday 3 March 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုကို Contrast Algorithm ကိုအသုံးပြုပြီးတော့ Color တွေကို Control လုပ်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Contrast Algorithm ရဲ့ အလုပ်လုပ်ပုံကတော့ Pixel တစ်ခုကို Detect လုပ်မရ်။ Detect လုပ်ပြီးတဲ့အခါမှာတော့ bright ဖြစ်တဲ့ Pixel ဖြစ်ရင် RGB Value တွေကို သတ်မှတ်ပေးလိုက်တဲ့ Contrast အတိုင်းတိုးပေးလိုက်မှာဖြစ်ပြီး dark ဖြစ်တဲ့ Pixel ဖြစ်ခဲ့ရင်တော့ သတ်မှတ်ပေးလိုက်တဲ့ Contrast အတိုင်း RGB Value တွေကို လျှော့ချပေးပါလိမ့်မရ်။ တနည်းပြော ရရင် Contrast ဆိုတာ Image တစ်ခုရဲ့ Brithtest and Drakest Area အကြား ဘရ်လောက်အနေအထား(length)အထိ ခြားနားပေးလိုက်မရ် ဆိုတာကို သတ်မှတ်ပေးတာပါ။ Contrast Increase ဖြစ်ရင် (သို့မဟုတ်) ခြားနားချက်များလာရင် Vibrant များပြီး အရောင်အသွေး တောက်လာမှာဖြစ်ပြီး Contrast Decrease ဖြစ်လာရင်တော့ အရောင်အသွေး ထိုင်းမှိုင်းတဲ့ဘက်ကို ကူးသွားမှာဖြစ်ပါတရ်။ Fig တွေမှာ ကြည့်လိုက်ရင်တော့ ဆိုလိုရင်းကို နားလည်ကြလိမ့်မရ်လို့ ထင်ပါတရ်ဗျ။
Contrast တန်ဖိုး သတ်မှတ်တဲ့အခါမှာတော့ Threshold Value အနေနဲ့ -100 to 100 ကြားကို သတ်မှတ်ပေး နိုင်ပါတရ်။ Positive Values ကတော့ Image ရဲ့ Contrast တန်ဖိုးကို တိုးပေးမှာဖြစ်ပြီး Negative Values တွေကတော့ Image ရဲ့ Contrast တန်ဖိုးကို လျှော့ချပေးမှာဖြစ်ပါတရ်။ Contrast တန်ဖိုး သုည(0) ကတော့ Contrast အလုပ် မလုပ်ရသေးတဲ့အခြေအနေ (သို့မဟုတ်) Image ရဲ့ မူလအခြေအနေပဲဖြစ်ပါတရ်။ ဒါပေမဲ့ Algorithm ထဲရောက်တဲ့ အခါမှာတော့ Contrast တွက်ယူတဲ့ Formula ကိုဖြတ်ရပါတရ်။ ဒီအချိန်မှာတော့ Contrast တန်ဖိုးဟာ 0 to 4 ကြားသာ အလုပ် လုပ်တာကို တွေ့ရပါလိမ့်မရ်။ ကျနော်တို့ ရွေးချယ်ပေးလိုက်တဲ့ -100 to 100 ကြား Threshold Value ကို Contrast Value အဖြစ် ပြောင်းလဲပေးတဲ့ Formula ကတော့...
Contrast = Math.Pow(((100.0 + Threshold) / 100.0), 2);
အခုလိုပုံစံဖြစ်ပါတရ်။ တကယ်အသုံးပြုမရ့် Contrast တန်ဖိုး တွက်ထုတ်ပြီးတဲ့အချိန်မှာတော့ Contrast = 1 ဟာ ပြောင်းလဲမှုမရှိတဲ့ မူလ Image အခြေအနေဖြစ်ပြီး 0 to 1 ကြားကတော့ Contrast Decrease ဘက်ကို ကစားနိုင်မရ့် အခြေအနေပါ။ ဒီလိုပါပဲ 1 to 4 ကြားကတော့ Contrast Increase ဘက်ကို စကားနိုင်မရ့် အခြေအနေပဲဖြစ်ပါတရ်။ Contrast တန်ဖိုးကို သိပြီဆိုရင်တော့ ကျနော်တို့ Algorithm လုပ်ငန်းစဉ်လေးကို လေ့လာကြည့်ပါ့မရ်။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပါတရ်။ ဒုတိယအဆင့်မှာတော့ ရလာတဲ့ RGB Color Value တွေကို Contrast Formula ထဲကိုဖြတ်ပြီး RGB Color Value အသစ်တွေကို ဖန်တီးယူပါတရ်။ Contrast Formula ပုံစံကတော့ RGB = ((((originalRGB / 255.0) – 0.5) * Contrast) + 0.5) * 255.0; အခုလိုဖြစ်ပါတရ်။ တတိယအဆင့်မှာတော့ ရရှိလာတဲ့ Color Value အသစ်တွေကို မူလ Pixel ရဲ့ RGB Color Value နေရာတွေမှာ ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Contrast Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Red Color တစ်ခုကို Contrast တွက်ပြထားပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Contrast Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခုနဲ့ PictureBox(2)ခု၊ TrackBar(1)ခုနဲ့ Label(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
TrackBar ကို Initial Value = 100 ပေးထားတာကတော့ Contrast In/Out အတွက် TrackBar ကို စမှတ် 100 မှာ Zero Line ချလိုက်တာပါ။ ဒါမှ ကနဦး ဆွဲတင်လိုက်သော Image ဟာ 100(0%)မှာ ဖော်ပြပြီး 100 အောက်ငယ်သွားရင် Contrast Decrease Proces ဘက်ကိုလုပ်ကာ 100 ထက်များသွားရင်တော့ Contrast Increase Process ဘက်ကိုလုပ်ပါလို့ ခိုင်းလို့ရမှာပါ။ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။ ဒီတော့ TrackBar ရဲ့ Value အချိန်းအပြောင်းပေါ်မူတည်ပြီး Brightness Result ပြောင်းလဲ လုပ်ဆောင်သွားမှာဖြစ်ပါတရ်။ TrackBar ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။ Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Contrast Changing အတွက် Threshold Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Contrast Value အတိုး/အလျှော့ လုပ်သွားတဲ့ပုံကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ ဒီလေ့ကျင့်ခန်းမှာတော့ တမူထူးခြားသွားအောင် Coding ရေးသားတဲ့ ပုံစံလေးကို အနည်းငရ် ချိန်းထားပါတရ်။ R, G, B Color တန်ဖိုး အချိန်းအပြောင်း အားလုံးဟာ တူညီတဲ့ Formula တစ်ခုတည်းမှာ အလုပ်လုပ်တာပါ။ ဒီတော့ Image တစ်ခုလုံးမှာရှိတဲ့ Byte အရေအတွက်ကို အရင်ရှာပြီး For loop နဲ့ တစ်ကြောင်းတည်းပတ်ကာ အလုပ် လုပ်ခိုင်းထားပါတရ်။ ရှေ့သင်ခန်းစာတွေမှာ လေ့လာခဲ့တဲ့ R, G, B Color တန်ဖိုး တစ်ခုချင်းစီ ခွဲတွက်ယူတာနဲ့ အတူတူပါပဲ။ ဒီနေ့ လေ့လာတဲ့ ပုံစံက Coding နည်းတရ်ဆိုပေမဲ့ Processing Time အနည်းငရ် ပိုနှေးတရ်ဆိုတာတော့ သိထားစေချင်ပါတရ်။ အရင်ပုံစံအတိုင်း သုံးချင်တဲ့ မိတ်ဆွေတို့ အနေနဲ့တော့ အောက်က Coding အတိုင်း Method မှာ အစားထိုး အသုံးပြုနိုင်ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ TrackBar သို့မဟုတ် Contrast Value ရဲ့ ပြောင်းလဲအမှုအပေါ် မူတည်ပြီး Contrast Image ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ Track Value ထဲက 100 ပြန်နုတ်ထားတာကတော့ Contrast Value ကို -100 to 100 ကြား တွက်ယူချင်လို့ပါ။ ပြောင်းလဲသွားတဲ့ Contrast Value ကိုတော့ label နဲ့ Infornation ထုတ်ပြထားပါတရ်။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment