C# - Image Processing (Pink Color Filtering Algorithm)

Posted by တေဇာလင်း Thursday 16 March 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုအတွင်းမှာရှိတဲ့ Pink Color နှင့် ၄င်းနဲ့အနီးစပ်ဆုံးတူတဲ့ Color တွေကို Detect လုပ်ယူနိုင်တာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ Image and Color Filtering တွေထဲက တစ်ခုပေါ့။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Algorithm ရဲ့ သဘောတရားကတော့ ရိုးရှင်းပါတရ်။ Image ရဲ့ Pixel တိုင်းကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပါတရ်။ ရရှိလာတဲ့ RGB Color Value တွေကိုမှ Pink Filter Alogrithm ကိုဖြတ်ခိုင်းပြီး Pink Color ဟုတ်/မဟုတ်ကို စစ်ဆေးပါတရ်။ Pink Color ဖြစ်ခဲ့ရင်တော့ ၄င်း Pixel ကို RGB(255, 255, 255) အစားသွင်းပြီး အဖြူရောင်ဖြစ် Assign လုပ်ပါတရ်။ Pink Color မဟုတ်ခဲ့ရင်တော့ RGB(0, 0, 0) အစားသွင်းကာ Pixel ကို အမဲရောင်ဖြစ် ပြန် Assign လုပ်ပါတရ်ဗျ။ Result Screen Shoot တွေကို ကြည့်လိုက်ရင်တော့ မိတ်ဆွေတို့ နားလည်သွားကြ လိမ့်မရ်လို့ ထင်ပါတရ်ဗျ။ Algorithm ရဲ့ လုပ်ငန်းစဉ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတရ်ဗျ။ Pink Color Filter ဖမ်းယူခြင်းအတွက် ကျနော် Example မှာ pixel တစ်ခုစာ တွက်ပြထားပါတရ်။ အနည်းငယ် ရှင်းပြရမရ် ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ယူပါတရ်။ ဒုတိယအဆင့်မှာတော့ Detect ရရှိသော RGB တန်ဖိုးတွေကို Pink Color ဟုတ်/မဟုတ် စစ်ဆေးရန် Pink Filter Algorithm ထဲကိုဖြတ်ပါတရ်။ Red > Green+60 နဲ့ Red > Blue-20 က ဒီ Algorithm ရဲ့ အဓီကအသက်ပါ။ ဒီ Condition နှစ်ခုစလုံးမှန်ခဲ့မှသာလျှင် Pink Color ပါလို့မှတ်ယူပြီး Detected Pixel ကို အဖြူရောင် Color နဲ့ ဖမ်းယူမှာဖြစ်ပါတရ်။ Condition နှစ်ခုထဲက တစ်ခုခု မှားခဲ့ရင်တော့ Pink Color မဟုတ်ဘူးဆိုတာ Auto သိပြီး Detected Pixel ကို အမဲရောင် Color နဲ့ ဖမ်းယူမှာဖြစ်ပါတရ်။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Pink Color Filter လုပ်ပြီးသား Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။
မှတ်ချက်။ အောက်ပါ Pink Color ရဲ့ RGB Value ကို လေ့လာနိုင်ပါတရ်။
Pink Color Value နဲ့ Algorithm ကိုကြည့်ရင် ကျနော်တို့ ဒီ Algorithm ဟာ အထက်ပါပုံက Pink Color တွေကိုသာ အတိအကျ Detect လုပ်တာ မဟုတ်ဘူးဆိုတာကို တွေ့ရမှာပါ။ Pixel ကို Detect လုပ်တဲ့အခါ Color Value တွေဟာ အရမ်းကို Sensitive ဖြစ်လွန်းတာကြောင့် အနီးစပ်ဆုံး ဒီ Algorithm နဲ့ စစ်ထုတ်ပြီး Pink Color ကို ဆွဲထုတ်တာပါဗျ။ တိတိကျကျ Pink Color တွေကြီး ဆွဲထုတ်ချင်ရင်တော့ Detect လုပ်မိတဲ့ RGB Color Value တွေဟာ အထက်ပါပုံက Pink Color တန်ဖိုးတွေနဲ့ ညီ/မညီ Condition တွေနဲ့ စစ်ထုတ်နိုင်ပါတရ်။ ဒီနည်းအတိုင်းပါပဲ မည်သည့် Color ကိုမဆို စစ်ထုတ်နိုင်ပါလိမ့်မရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Processing ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(2)ခုနဲ့ PictureBox(2)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
Pink Filter Image ပြောင်းလဲယူမရ့် Method ကိုတော့ Button ရဲ့ Click_Event ထဲမှာရေးပါတရ်။ ဒါကြောင့် Pink Detect Button ကို D-Click ပေးပြီး အောက်ပါ Coding ကိုရေးယူလိုက်ပါဗျာ။ Method ကိုတော့ Processing လုပ်မရ့် Image ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ Pink Filter Image အလုပ်လုပ်သွားပုံ အဆင့်ဆင့်ကိုလည်း ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။
ကျနော် Processing နှစ်မျိုးနဲ့ Screen Shoot လုပ်ပြထားပါတရ်။ ရှေ့ဆက်ပြီး Calling Method လေးကို ဆက်လေ့လာကြည့်ကြမရ်ဗျာ။ ဒါကတော့ Calling Method အခြေအနေပါ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment