C# - Image Processing (Color Substitution Algorithm)

Posted by တေဇာလင်း Tuesday 7 March 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုရဲ့ Color တစ်ခုအား မိမိနှစ်သက်ရာ Color တစ်ခုနဲ့ အစားထိုး ရုပ်လုံးဖော်ကြည့်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ နည်းပညာ Term အရတော့ Color Substitution Algorithm လို့ခေါ်ပါတရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Algorithm ရဲ့ သဘောတရားကတော့ ကျနော်တို့ ရှေ့မှာ လေ့လာခဲ့ပြီးဖြစ်တဲ့ Black&White Algorithm and Bi-Tonal Algorithm တို့နဲ့ အတူတူပါပဲ။ ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Algorithm ထဲသို့ မိမိကြိုက်နှစ်သက်ရာ Color နှစ်ခုကို Passing လုပ်ပြီး Processing လုပ်ခိုင်းမှာပါ။ ပထမ Color ကတော့ Source Color ဖြစ်ပါတရ်။ တနည်းအားဖြင့် အစားထိုးခြင်းကို ခံရမရ့် Color Pixel ပေါ့။ ဒုတိယ Color ကတော့ Substituted Color သို့မဟုတ် ပထမ Color နေရာမှာ ပြန်လည်အစားထိုးယူမရ့် Color ပဲဖြစ်ပါတရ်။ ပြောင်းလဲယူတဲ့နေရာမှာတော့ Threshold Value လေးထားပြီး Source Color နဲ့ အနီးစပ်ဆုံး တူညီတဲ့ Pixel တွေကိုပါ Substituted Color နဲ့ အစားထိုးပြထားပါတရ်။ Color Value တိုင်းက Sensitive ဖြစ်လွန်းလို့ Threshold Value ထားပြီး အနီးစပ်ဆုံး တူညီတဲ့ Pixel တွေကိုပါ ပြောင်းလဲယူရတာလည်း ဖြစ်ပါတရ်။ ဥပမာအနေနဲ့တော့ ကျနော် Color Substitution Algorithm ကိုအသုံးပြုပြီး လုပ်ငန်းစဉ်တစ်ခုမှာ မော်ဒယ်ရဲ့ အကျီင်္ Color ကို ချိန်းပြထားပါတရ်။ နောက်တစ်ခုမှာတော့ Background Color ကို ချိန်းပြထားပါတရ်ဗျ။ Screen Shoot တွေကို ကြည့်လိုက်ရင်တော့ မိတ်ဆွေတို့ ဆိုလိုရင်းကို နားလည်ကြလိမ့်မရ်လို့ ထင်ပါတရ်။ Algorithm ရဲ့ လုပ်ငန်းစဉ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတရ်ဗျ။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပြီး စုစုပေါင်း totalPixelColor တန်ဖိုးကို ရှာပါတရ်။ ဒုတိယအဆင့်မှာတော့ Source Color ရဲ့ RGB တန်ဖိုးတွေကိုပေါင်းပြီး totalSourceColor တန်ဖိုးကိုရှာပါတရ်။ နောက်တဆင့်မှာတော့ TotalSourceColor နဲ့ totalPixelColor တို့ရဲ့ ခြားနားခြင်းကိုရှာပြီး Threshold Value နဲ့ နှိုင်းယှဉ်ပါတရ်။ Threshold တန်ဖိုးက ကြီးခဲ့ရင်တော့ ၄င်း Pixel ကို Substitution Color နဲ့ အစားထိုးလိုက်မှာဖြစ်ပြီး Threshold ငယ်နေမရ်ဆိုရင်တော့ ၄င်း Pxiel ကို မူလအတိုင်းပြန် Assign လုပ်ယူလိုက်တာပဲ ဖြစ်ပါတရ်။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး BiTonal Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Pixel တစ်ခုစာ တွက်ပြထားပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Substitution Color Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခုနဲ့ PictureBox(2)ခု၊ Panel(2)ခု၊ TrackBar(1)ခုနဲ့ Label(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ကျနော်တို့ Processing လုပ်မရ့် Color နှစ်ခုအတွက် Panel Box နှစ်ခုကို သုံးထားပါတရ်။ Panel Box ရဲ့ Click_Event တွေမှာ ColorDialog Box တွေကိုခေါ်ပြီး မိမိနှစ်သက်ရာ Color ကိုရွေးချယ်မှာဖြစ်ပါတရ်။ ဒါပေမဲ့ ဒီလေ့ကျင့်ခန်းမှာတော့ တမူထူးခြားသွားအောင် Source Color ရွေးချယ်တဲ့နေရာမှာ MouseDown_Event ကိုထည့်သုံးပြထားပါတရ်။ Picture ပေါ်သို့ Mouse Down လုပ်လိုက်တဲ့ Coordinate မှာရှိတဲ့ Pixel ရဲ့ Color Value ကို Source Color အဖြစ်ရယူလိုက်တာပါ။ မိတ်ဆွေတို့အနေနဲ့ ColorDialog ပုံစံဖြင့်ဖြစ်စေ၊ MouseDown ပုံစံဖြင့်ဖြစ်စေ Source Color ကိုရယူနိုင်ပါတရ်။ ကျနော်ကတော့ Color Loading နည်းလမ်းနှစ်ခုအတွက် Method ခွဲရေးထားပါတရ်။ အောက်မှာ လေ့လာကြည့်လိုက်ပါဗျာ။ ပထမ picOriginalImg_MouseDown() Method ကတော့ Image ရဲ့ မိမိပြောင်းလဲစေချင်သော Color ကိုရွေးချယ်တဲ့ နေရာမှာ Mouse Down ကိုအသုံးပြုပြီး PictureBox ထဲမှာ မိမိနှစ်သက်ရာ Source Color ကို ရွေးချယ်ဖို့ပဲဖြစ်ပါတရ်။ Grahpic Library ကိုအသုံးပြုထားပါတရ်။ နောက် Mouse Down လုပ်လိုက်သော Picture ပေါ်မှ x, y coordinate ရဲ့ Color Value ကိုဆွဲထုတ်ပြီး Global ကြေငြာခဲ့သော sourceColor ထဲသို့ သွား Assign လုပ်ထားလိုက်တာပဲဖြစ်ပါတရ်။ အောက်က LoadColor()Method နဲ့ Calling ပုံစံတွေကိုတော့ ရှေ့သင်ခန်းစာမှာ လေ့လာခဲ့ပြီးဖြစ်လို့ ကျနော် မရှင်းပြတော့ပါဘူးဗျ။ အထက်ပါ Coding အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ Source Color နဲ့ Substitution Color ကို ရွေးချယ်ဖို့ပါပဲဗျာ။ ခက်ခဲတာမပါလို့ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
Substitution Color Image ပြောင်းလဲယူမရ့် Method ကိုတော့ TrackBar ရဲ့ Scroll_Event ထဲမှာရေးပါတရ်။ ဒါကြောင့် TrackBar Value ပြောင်းလဲမှုရှိတိုင်း Image Result ပြောင်းလဲမှုရှိပါလိမ့်မရ်ဗျ။ Method ကိုတော့ Processing လုပ်မရ့် Image, Threshold Value နဲ့ Color Value နှစ်ခုကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ Substitution Color အစားထိုး အလုပ်လုပ်သွားပုံအဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။
Calling Method လေးကို ဆက်ကြည့်ကြရအောင်ဗျာ။ ဒါကတော့ TrackBar သို့မဟုတ် Threshold Value ရဲ့ ပြောင်းလဲအမှုအပေါ် မူတည်ပြီး Substitution Color Image ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ ပြောင်းလဲသွားတဲ့ Threshold Value ကိုတော့ label နဲ့ Infornation ထုတ်ပြထားပါတရ်။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment