C# - Image Processing (Color Addition/Subtraction Algorithm)

Posted by တေဇာလင်း Thursday 9 March 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုထဲသို့ မိမိနှစ်သက်ရာ Color တစ်ခုအား ပေါင်းထည့်၍ သို့မဟုတ် နုတ်ယူ၍ ရုပ်လုံးဖော်ယူနိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ နည်းပညာ Term အရတော့ Color Addition/Subtraction Algorithm လို့ခေါ်ပါတရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Algorithm ရဲ့ သဘောတရားကတော့ အရမ်းကို ရိုးရှင်းပါတရ်။ Detect လုပ်မိတဲ့ RGB Color Value တွေကို မိမိတို့ ရွေးချယ်ပေးလိုက်သော Color ရဲ့ RGB Color Value နဲ့ ပေါင်းခြင်း/နုတ်ခြင်းကို ပြုလုပ်ပါတရ်။ နောက် ရလာတဲ့ တန်ဖိုးကို မူလ Pixel ထဲသို့ ပြန်လည် Assign လုပ်လိုက်တာပဲဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Color Addition/Subtraction Algorithm ကိုအသုံးပြုပြီး Color ပေါင်းခြင်း/နုတ်ခြင်း နှစ်ခုစလုံးကို result ထုတ်ပြထားပါတရ်။ Screen Shoot တွေကို ကြည့်လိုက်ရင်တော့ မိတ်ဆွေတို့ နားလည်သွားကြလိမ့်မရ်လို့ ထင်ပါတရ်ဗျ။ Algorithm ရဲ့ လုပ်ငန်းစဉ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတရ်ဗျ။ Color Addition အတွက် ကျနော် Example မှာ pixel တစ်ခုစာ တွက်ပြထားပါတရ်။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ယူပါတရ်။ ဒုတိယအဆင့်မှာတော့ Detect ရရှိသော RGB တန်ဖိုးတွေကို Specified Color ရဲ့ RBG Value နဲ့ပေါင်းယူပါတရ်။ နောက်ဆုံးအဆင့်မှာတော့ ရရှိလာသော New Color တန်ဖိုး မူလ Pixel အတွင်းသို့ ပြန် Assign လုပ်ယူလိုက်တာပဲ ဖြစ်ပါတရ်။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Addition/Subtraction Color Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။
မှတ်ချက်။ Color တစ်ခုရဲ့ Range ဟာ 0 to 255 သာရှိလို့ ၄င်း Range ထဲက လွတ်သွားလို့ မရပါဘူး။ ဒါကြောင့် Addition/Subtraction Processing မှာရရှိလာတဲ့ Color Value ဟာ သုည(0) ထက်ငယ်နေရင် 0 လို့ယူပြီး 255 ထက်ကြီးသွားရင်တော့ 255 လို့ ယူရမရ်ဆိုတာကိုတော့ မမေ့ပါနဲ့ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Substitution Color Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခုနဲ့ PictureBox(2)ခု၊ Panel(1) ခုနဲ့ ComboBox(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ကျနော်တို့ Processing လုပ်မရ့် Color အတွက် Panel Box နှစ်ခုကို သုံးထားပါတရ်။ Panel Box ရဲ့ Click_Event တွေမှာ ColorDialog Box တွေကိုခေါ်ပြီး မိမိနှစ်သက်ရာ Color ကိုရွေးချယ်မှာဖြစ်ပါတရ်။ ကျနော်ကတော့ Color Loading နည်းလမ်းနှစ်ခုအတွက် Method ခွဲရေးထားပါတရ်။ အောက်မှာ လေ့လာကြည့်လိုက်ပါဗျာ။ LoadColor()Method နဲ့ Calling ပုံစံတွေကိုတော့ ရှေ့သင်ခန်းစာမှာ လေ့လာခဲ့ပြီးဖြစ်လို့ ကျနော် မရှင်းပြတော့ပါဘူးဗျ။ အထက်ပါ Coding အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ Processing လုပ်မဲ့ Specified Color ကို ရွေးချယ်ဖို့ပါပဲဗျာ။ ခက်ခဲတာမပါလို့ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
Addition/Subtraction Color Image ပြောင်းလဲယူမရ့် Method ကိုတော့ ComboBox ရဲ့ SelectedIndexChanged_Event ထဲမှာရေးပါတရ်။ ဒါကြောင့် ComboBox ရဲ့ Index ပြောင်းလဲမှုအပေါ်မူတည်ပြီး Image Result ပြောင်းလဲမှုရှိပါလိမ့်မရ်ဗျ။ Method ကိုတော့ Processing လုပ်မရ့် Image, Color Value နဲ့ Processing Method တို့ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ Addition/Subtraction Color အလုပ်လုပ်သွားပုံ အဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ ComboxBox ရဲ့ Index နှစ်ခုအတွက် ကျနော် Siwtch()statemet ကို အသုံးပြုထားပါတရ်။ Index 0 က Addition Color အတွက်ဖြစ်ပြီး Index 1 ကတော့ Subtraction Color အတွက်ဖြစ်ပါတရ်ဗျ။
Calling Method လေးကို ဆက်ကြည့်ကြရအောင်ဗျာ။ ဒါကတော့ ComboBox Index ပြောင်းလဲအမှုအပေါ် မူတည်ပြီး Color Processing Method ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment