C# - Image Processing (Insert Noise Effect based on Color)

Posted by တေဇာလင်း Monday 13 March 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ မိမိတို့ ကြိုတ်နှစ်သက်ရာ Color ကိုအခြေခံပြီး Image တစ်ခုအတွင်းသို့ Noise Effect ထည့်သွင်းနိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ Image and Color Filtering တွေထဲက တစ်ခုပေါ့။ သင်ခန်းစာအားလုံးကတော့ series သဘောမျိုးလေးနဲ့ တစ်ခုနဲ့ တစ်ခုဆက်စပ်နေလို့ ရှေ့သင်ခန်းစာတွေကို လေ့လာပေးကြဖို့လည်း တိုက်တွန်းချင်ပါတရ်ဗျ။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Algorithm ရဲ့ သဘောတရားကတော့ ကျနော်တို့ ရှေ့မှာ လေ့လာခဲ့တဲ့ Binary Algorithm, Color Substitution Algorithm တို့ကို အတူတူပါပဲ။ ၄င်း Algorithm တွေရဲ့ သဘောတရားတွေကို အခြေခံပြီး Threshold Value တစ်ခုနဲ့ ပိုင်းခြားကာ Pixel တွေပေါ်သို့ Noise Effect ကို ထည့်သွင်းလိုက်တာပဲဖြစ်ပါတရ်။ Noise ထည့်သွင်းတဲ့နေရာမှာတော့ Binary တုန်းကလို Pixel တိုင်းကို ပြောင်းလဲမှုမလုပ်ဘဲ Filter နှစ်ခုနဲ့စစ်ထုတ်ကာ Detect လုပ်မိတဲ့ Pixel ကိုသာလျှင် Noise ထည့်သွင်းမှာ ဖြစ်ပါတရ်ဗျ။ Result Screen Shoot တွေကို ကြည့်လိုက်ရင်တော့ မိတ်ဆွေတို့ နားလည်သွားကြ လိမ့်မရ်လို့ ထင်ပါတရ်ဗျ။ Algorithm ရဲ့ လုပ်ငန်းစဉ်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတရ်ဗျ။ Noise ထည့်သွင်းခြင်းအတွက် ကျနော် Example မှာ pixel တစ်ခုစာ တွက်ပြထားပါတရ်။ အနည်းငယ် ရှင်းပြရမရ် ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ယူပါတရ်။ ဒုတိယအဆင့်မှာတော့ Detect ရရှိသော RGB တန်ဖိုးတွေရဲ့ Average တန်ဖိုးကိုရှာပြီး Grayscale အဖြစ်ပြောင်းယူပါတရ်။ မိတ်ဆွေတို့အနေနဲ့ Color Image ပေါ်မှာပဲ Noise ကို ထည့်သွင်းချင်တရ်ဆိုရင်တော့ ဒီ Grayscale ပြောင်းတဲ့အဆင့်ကို ကျော်သွားနိုင်ပါတရ်။ ကျနော်ကတော့ ဓါတ်ပုံအဟောင်းတွေပေါ်မှာ Noise ထင်တဲ့ပုံစံမျိုး ပြောင်းချင်လို့ Grayscale ပြောင်းယူတဲ့အဆင့်ကို ထည့်သွင်းထားတာပဲဖြစ်ပါတရ်ဗျ။ နောက်တစ်အဆင့်မှာတော့ ရရှိလာသော Average%100 တန်ဖိုးနဲ့ Threshold Value ကိုနှိုင်းယှဉ်ပြီး Filter တစ်ဆင့်ခံပါတရ်။ စစ်ဆေးမှုအောင်မြင်ခဲ့ရင်တော့ ဒုတိယ (83%2)==0 Filter ကို ထပ်စစ်ပါတရ်ဗျ။ ဒီ Filter နှစ်ခုအပေါ်မူတည်ပြီး Detect လုပ်မိသော ဘရ် Pixel ပေါ်ကိုတော့ upNoiseColor ထည့်မရ်၊ ဘရ် Pixel ပေါ်ကိုတော့ downNoiseColor ထည့်မရ်ဆိုတာကို သတ်မှတ်တာပါ။ Threshold Value နဲ့ ပိုင်းခြားထားတဲ့ ပထမ Filter က ဒီ Processing အတွက် အဓိကဖြစ်ပါတရ်။ ဒီအဆင့်မှာ condition False ဖြစ်ခဲ့ရင်တော့ ၄င်း Detected Pixel ကို မူလ Color အတိုင်း မပြောင်းလဲပဲ ပြန် assign လုပ်ပေးမှာဖြစ်ပါတရ်။ ဒါကြောင့် Threshold Value တန်ဖိုးများလေ ကျရောက်လာမရ့် Noise အရေအတွက်များလာလေ ဖြစ်မရ်ဆိုတာကို သတိထားစေချင်ပါတရ်။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Noise ထည့်သွင်းပြီးသား Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Processing ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခုနဲ့ PictureBox(2)ခု၊ Panel(2)၊ Label(1)ခုနဲ့ TrackBar(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ကျနော်တို့ Processing လုပ်မရ့် Color အတွက် Panel Box နှစ်ခုကို သုံးထားပါတရ်။ Panel Box ရဲ့ Click_Event တွေမှာ ColorDialog Box တွေကိုခေါ်ပြီး မိမိနှစ်သက်ရာ Color ကိုရွေးချယ်မှာဖြစ်ပါတရ်။ ကျနော်ကတော့ Color Loading အတွက် Method ခွဲရေးထားပါတရ်။ ဒါအပြင် Form_Load တတ်တတ်ချင်းမှာ Noise အတွက် Black and White Color နှစ်ခုကို Auto Detect လုပ်နိုင်အောင် ဆွဲခေါ်ထားပါသေးတရ်ဗျ။ ဘာ Color မှ မရွေးပဲ Processing လုပ်မိရင် Default အနေနဲ့ Noise ကို Black and White ပုံစံနဲ့ ထည့်သွင်းပေးနိုင်အောင်ပါဗျ။ အောက်မှာ လေ့လာကြည့်လိုက်ပါဗျာ။ LoadColor()Method နဲ့ Calling ပုံစံတွေကိုတော့ ရှေ့သင်ခန်းစာမှာ လေ့လာခဲ့ပြီးဖြစ်လို့ ထွေထွေထူးထူး ရှင်းစရာ မလိုတော့ဘူးလို့ ထင်ပါတရ်ဗျ။ အထက်ပါ Coding အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ Processing လုပ်မဲ့ Specified Color ကို ရွေးချယ်ဖို့ပါပဲဗျာ။ ခက်ခဲတာမပါလို့ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
Noise Effect Image ပြောင်းလဲယူမရ့် Method ကိုတော့ TrackBar ရဲ့ Scroll_Event ထဲမှာရေးပါတရ်။ ဒါကြောင့် TrackBar ရဲ့ Value ပြောင်းလဲမှုအပေါ်မူတည်ပြီး Image Result ပြောင်းလဲမှုရှိပါလိမ့်မရ်ဗျ။ Method ကိုတော့ Processing လုပ်မရ့် Image, Color Value နဲ့ Threshold value တို့ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ Noise Effect Image အလုပ်လုပ်သွားပုံ အဆင့်ဆင့်ကိုလည်း ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။
Calling Method လေးကို ဆက်ကြည့်ကြရအောင်ဗျာ။ ဒါကတော့ TrackBar Value ပြောင်းလဲအမှုအပေါ် မူတည်ပြီး Image Result ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment