C# - Image Processing (Gamma Algorithm)

Posted by တေဇာလင်း Friday 24 February 2017 1 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# နဲ့ Image တစ်ခုကို Gamma Algorithm ကိုအသုံးပြုပြီးတော့ Color တွေကို Control လုပ်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Gamma ဆိုတာ non-linear operation တစ်ခုပါ။ Gamma correction, gamma non-linearity, gamma encoding, ... စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတရ်။ မည်သို့ပင်ဆိုစေ Gamma ရဲ့ အလုပ်ကတော့ Image တစ်ခုရဲ့ light and dark တန်ဖိုးတွေကို encode and decond လုပ်ဖို့ပါ။ တစ်နည်းအားဖြင့် Brightness ကို Control လုပ်တာပါ။ အလင်း/အမှောင်ကို control လုပ်တရ်ဆိုလို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Brightness နဲ့ သွားမရောစေချင်ပါ။ Gamma Operation က Brightness Operation နဲ့ ပိုပြီးရှုပ်ထွေးပါတရ်။ Gamma Algorithm ကိုတော့ အလင်း/အမှောင် ပုံစံ မမှန်သော Image များကို မိမိစိတ်ကြိုက် R, G, B Color Value ကို Brithtness ကစားပြီး encode လုပ်တဲ့အချိန်မှာ သုံးပါတရ်။ Brightness တုန်းက R, G, B Color value ကို -255 to 255 နဲ့ radio တစ်ခုတည်းမှာ ကစားနိုင်ပေမဲ့ Gamma မှာတော့ 0.2 to 5 ကြားမှာ R, G, B Color Value ကို channel တစ်ခုစီအလိုက် ကစားနိုင်ပါလိမ့်မရ်။ အောက်မှာ Algorithm နဲ့ Example လေးကို ကြည့်လိုက်ရင် နားလည်သွာပါလိမ့်မရ်။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမဦးဆုံး Pixel ကို Detect လုပ်ပြီး RGB Color Value တွေကို ဆွဲထုတ်ပါတရ်။ ဒုတိယအဆင့်မှာတော့ ရလာတဲ့ RGB Color Value တွေကို Gamma Formula ထဲကိုဖြတ်ပြီး RGB Color Value အသစ်တွေကို ဖန်တီးယူပါတရ်။ Gamma Formula ပုံစံကတော့...
RGB = (255.0 * Math.Pow(Original_Color / 255.0, 1.0 / Gamma));
အခုလိုဖြစ်ပါတရ်။ တတိယအဆင့်မှာတော့ ရရှိလာတဲ့ Color Value အသစ်တွေကို မူလ Pixel ရဲ့ RGB Color Value နေရာတွေမှာ ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းအတိုင်း last Pixel ရောက်သည်အထိ တွက်ထုတ်ပြီး Gamma Image တစ်ခုအဖြစ် ဖန်တီးယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာအနေနဲ့တော့ ကျနော် Red Color တစ်ခုကို Gramma တွက်ပြထားပါတရ်။ နားလည်မရ်လို့ မျှော်လင့်ပါတရ်ဗျ။ အထက်မှာရှင်းပြခဲ့တာကတော့ Gamma Algorithm ရဲ့ Color Encode Formual ပုံစံပါ။ မိတ်ဆွေတို့အနေနဲ့ Gamma ချိန်ယူပြီးသား Image တစ်ခုကို မူလပုံစံ သို့မဟုတ် ကြိုက်နှစ်သက်ရာ Color နဲ့ Decode ပြန်လုပ်ချင်တရ်ဆိုရင်ဖြင့် အောက်က Formula ကို ပြန်သုံးနိုင်ပါတရ်ဗျ။
Original = 255.0 * Math.Pow(encode/255.0, gamma);
အပေါ်မှာ ကျနော် Red Color 120 ကို Gamma ကိုသုံးပြီး Encode လုပ်ခဲ့တာ 139 ရခဲ့ပါတရ်။ မိတ်ဆွေတို့အနေနဲ့ ဒီ Decode Formual ကိုသုံးပြီး Decode ပြန်လုပ်ကြည့်ပါ။ Red Color 120 ပြန်ရပါလိမ့်မရ်ဗျ။
မှတ်ချက်။ Gamma Input range က 0.2 to 5 အထိပဲရှိတာကို သတိပြုပါ။ Gamma Value = 1 က Gamma Processing မလုပ်ရသေးတဲ့ မူလ Color Value ဖြစ်ပြီး 1 နဲ့ 0.2 ကြားကတော့ အမှောင်ဘက်ကို Control လုပ်မရ့် Gamma Value ဖြစ်ပါတရ်။ 1 to 5 ကတော့ အလင်းဘက်သို့ Control လုပ်မရ့် Gamma Value ပဲဖြစ်ပါတရ်ဗျာ။
ကဲ... ဒီလောက်ဆိုရင်တော့ Gamma Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(2)ခုနဲ့ PictureBox(2)ခု၊ TrackBar(3)ခုနဲ့ Label(3)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီမှာ TrackBar ရဲ့ Range ကို 4 to 100 ပေးထားတာကတော့ ကျနော်တို့ Gamma ရဲ့ Inupt Range ဖြစ်တဲ့ 0.2 to 5 ကြား ကစားနိုင်အောင်ပါ။ 4 to 100 ပေးပြီး 0.2 to 5 ဖြစ်အောင် ကျနော်ကတော့ အောက်ကပုံစံအတိုင်း တွက်ထုတ်ထားပါတရ်။
Gamma = 0.05 * TrackBarValue;
အခုလိုပါ။ TrackBar ရဲ့ lower bound ဖြစ်တဲ့ 4 ကို 0.05 နဲ့မြှောက်ကြည့်ပါ။ ကျနော်တို့ Gamma Value ရဲ့ lower bound ဖြစ်တဲ့ 0.2 ကိုရပါလိမ့်မရ်။ ဒီလိုပါပဲ TrackBar ရဲ့ upper bound ဖြစ်တဲ့ 100 ကို 0.05 နဲ့မြှောက်ကြည့်ပါ။ ကျနော်တို့ Gamma Value ရဲ့ upper bound ဖြစ်တဲ့ 5 ကိုရပါလိမ့်မရ်ဗျာ။ ဒါဆိုရင်တော့ TrackBar ကိုကြိုက်သလိုကစားရင်တောင် ကျနော်တို့ လိုချင်နေတဲ့ Gamma Input Range ဖြစ်တဲ့ 0.2 to 5 ကြားပဲ ရှိနေပါလိမ့်မရ်ဗျ။ logic ကတော့ သင်္ချာကို အခြေခံထားပါတရ်။ Math အားကောင်းရင်ဖြင့် Programming Logic ကောင်းပါလိမ့်မရ်ဗျာ။ လေ့လာကြပါလို့ တိုက်တွန်းပါရစေ။
ဒီလောက်ဆိုရင်တော့ ကျနော်တို့ Gamma Processing မှာ အသုံးပြုမရ့် Algorithm တွေ logic တွေ အကြမ်းဖျဉ်းနားလည်သွားပါပြီ။ ကျနော်တို့ Coding ရေးကြည့်ကြမရ်။ ဒါကတော့ ပထမဆုံး Processing လုပ်မရ့် Image ကို PictureBox ပေါ်သို့ ဆွဲတင်တဲ့အချိန်မှာပဲ Gamma Processing အတွက် လိုအပ်တာများကို Initial လုပ်လိုက်တာပါ။ Global အနေနဲ့ redGamma, greenGamma, blueGamma တို့ကို 1 assign လုပ်ထားတာကတော့ ကျနော်အပေါ်မှတ်ချက်မှာ ပြောခဲ့တဲ့အတိုင်း Image ကို Gamma Processing မလုပ်ရသေးတဲ့ 1 အခြေအနေမှာ initial လုပ်ချင်လို့ပါ။ ကနဦးမှာ user information အဖြစ် label တွေနဲ့ Gamma value တွေကို 1 ပေးထားပါတရ်။ နောက် TrackBar Value တွေကို 20 ပေးထားတာကလည်း Gamma Processing မလုပ်ရသေးတဲ့ 1 အခြေအနေမှာ initial လုပ်ချင်လို့ပါပဲ(Gamma = 20 * 0.05 = 1)။ နားလည်နိုင်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။ ဒါကတော့ Gamma Processing အတွက် Method ခွဲရေးထားတာပါ။ Method ကိုတော့ Processing လုပ်မရ့် Image နဲ့အတူ RGB Gamma Value တွေကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Color Value တွေကို Gamma ပြောင်းယူပုံအဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ TrackBar သို့မဟုတ် RBG Gamma Value တွေရဲ့ ပြောင်းလဲအမှုအပေါ် မူတည်ပြီး Gamma Image ပြောင်းလဲယူဖို့အတွက် Calling Method အခြေအနေပါ။ RBG Gamma Value တွေအတွက် Track Bar သုံးခုကို သုံးထားတဲ့အတွက် TrackBar သုံးခုစလုံးမှ Method ကို Calling လုပ်ထားပါတရ်။ Coding ကတော့ အရမ်းကို ရိုးရှင်းပါတရ်။ Gamma Method က သတ်မှတ်ထားတဲ့ Parameter အတိုင်း Value တွေကို မှန်မှန်ကန်ကန် Assign လုပ်ပေးလိုက်ယုံပါပဲဗျာ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ Default Image အတွက်တော့ ရိုးရိုးရှင်းရှင်းပါပဲ။ အားလုံးကို Gamma Processing မလုပ်ရသေးတဲ့ အခြေအနေကို ပြန်ပို့ထားလိုက်တာပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

1 Response so far.

  1. unsafe ကဘာအတွက်လည်းခင်ဗျာ error တက်နေပါတယ်။

Post a Comment