C# - Change Color Image to Black & White Image

Posted by တေဇာလင်း Thursday 16 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Color Image တစ်ခုကို Black & White ပုံစံသို့ ဘရ်လိုပြောင်းလဲ ယူနိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ကျနော်တို့ ဒီနေ့ လေ့ကျင့်ခန်းလေးကို မလေ့လာမှီ Ditigal Image တစ်ခုရဲ့ အကြမ်းဖျဉ်း ဖွဲ့စည်းပုံနဲ့ သဘောတရားကို ကြည့်မရ်ဆိုရင် သိခဲ့ပြီးသားအတိုင်းပါပဲ... Image တစ်ခုဟာ 2-Dimension ပုံစံ Pixel တွေနဲ့ ဖွဲ့စည်းထားပါတရ်။ Pixel တစ်ခုစီတိုင်းမှာတော့ အခြေခံအကျဆုံး Red, Green, Blue and Alpha ဆိုတဲ့ Color တန်ဖိုးတွေရှိပါတရ်။ ဒီ Color တန်ဖိုး အချိန်းအပြောင်းပေါ်မူတည်ပြီး Pixel တစ်ခုစီတိုင်းမှာ Secondly Color တစ်ခုစီဖြစ်လာပြီး ရုပ်လုံးပေါ်ကာ ကျနော်တို့ မြင်ကွင်းထဲကို ရောက်လာတာပဲဖြစ်ပါတရ်။ ယင်းဆိုရင်ဖြင့် Pixel တစ်ခုစီတိုင်းမှာရှိတဲ့ Color တန်ဖိုးတွေကို Black သို့မဟုတ် White အဖြစ် ပြောင်းလဲပေးနိုင်မှသာ ကျနော်တို့ လိုချင်နေတဲ့ Black & White Image တစ်ခုကို ရရှိပါလိမ့်မရ်။
ဒီတော့ ကျနော်တို့အနေနဲ့ RGB Color Channel ရဲ့ ဘရ်တန်ဖိုးတွေက Black ဖြစ်တရ်၊ ဘရ်တန်ဖိုးတွေက White ဖြစ်မရ်ဆိုတာကို သိဖို့လိုအပ်လာပါပြီ။ မခက်ခဲပါဘူးဗျာ။ Color တန်ဖိုးရဲ့ lower bound ဖြစ်တဲ့ Zero(0) ဟာ Black Color ဖြစ်ပြီး upper bound ဖြစ်တဲ့ 255 ဟာ White Color ဖြစ်ပါတရ် (Color Channel တစ်ခုဟာ 0 to 255 ရှိတရ်ဆိုတာတော့ သိကြမရ်ထင်ပါတရ်)။ ဆိုလိုတာကတော့ RBG(0, 0, 0) ဟာ Black Color ဖြစ်တရ်။ RGB(255, 255, 255) ဟာ White Color ဖြစ်တရ်လို့ ပြောတာပါ။
ကိုရင်မောင်ရေ... Color တန်ဖိုးတွေကို Black(0) ဖြစ်ဖြစ်၊ White(255) ဖြစ်ဖြစ် ပြောင်းလဲရမှာတော့ ဟုတ်ပါပြီ။ Pixel ကို Detect လုပ်တဲ့အခါမှာ 0 to 255 ကြား ဘာဖြစ်လာမရ်မှန်းမသိတဲ့ Color တန်ဖိုးတွေ ရမှာလေ။ ဒါကို ကျနော်တို့က ဘရ်ဟာကို Black ပြောင်းပြီး ဘရ်ဟာကို White ပြောင်းယူမှာလဲလို့ မေးဖို့ရှိလာပါတရ်။ ဒီအမေးကိုတော့ ကျနော်တို့အနေနဲ့... ဒီ Algorithm အတွက် တိတိကျကျ သတ်မှတ်ထားတာမရှိပါဘူး။ User ရဲ့ လိုအပ်ချက်အရ Threshold value တစ်ခုထားပြီး ပိုင်းခြားလိုက်ပါလို့ ဖြေရမှာပါပဲ။ Threshold Value ဆိုလို့ ခေါင်းရှုပ်မသွားပါနဲ့။ 0 to 255 ကြား တန်ဖိုးတစ်ခုခုကို key အဖြစ် အသေယူလိုက်တာပါ။ Detect ရရှိတဲ့ တန်ဖိုးဟာ ယင်း key နဲ့ငယ်ရင် Black ပြောင်း၊ ကြီးရင် White အဖြစ်ပြောင်းပါလို့ ခိုင်းလိုက်တာပါ။ အများစုကတော့ Color Rage (0 to 255) ရဲ့ တ၀တ်ဖြစ်တဲ့ 127 ကို Threshold Value ထားပြီး Black & White Image အဖြစ် ပြောင်းယူကြပါတရ်။ နားလည်ကြမရ် ထင်ပါတရ်ဗျ။
ကဲ... ကျနော်တို့ Processing ရဲ့ သဘောတရားကို သိပြီဆိုရင်တော့ GUI လေးဖောက်ပြီး Coding လေးနဲ့ လက်တွေ့ လေ့လာကြည့်ကြရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ Label(1)ခု၊ PictureBox(2)ခုနဲ့ TrackBar(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Black & White Processing အတွက် သီးသန့် Button မထည့်တော့ပဲ TrackBar ရဲ့ Scroll_Event ထဲက တိုက်ရိုက် Processing လှမ်းလုပ်တဲ့ ပုံစံလေးနဲ့ လေ့လာကြည့်သွားပါ့မရ်။ ဒီတော့ TrackBar Value ပြောင်းလဲမှုရှိတိုင်း Black & White Processing ပြောင်းလဲမှုဖြစ်မှာ ဖြစ်ပါတရ်။ TrackBar ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။ Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Threshold Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ ဒီမှာ Black & White အတွက် ထူးခြားသွားတာကတော့ Pixel တစ်ကွက်ချင်းစီမှာ ရှိနေတဲ့ R, G, B Color တန်ဖိုး(၃)ခုကို ပေါင်းပြီး အရေအတွက်နဲ့ ပြန်စားကာ Average Color တန်ဖိုးကို ရှာယူလိုက်တာပါပဲ။ ကျန်တာကတော့ ကျနော် အပေါ်မှာ ဆွေးနွေးခဲ့ပြီးတဲ့အတိုင်းပဲ ရလာတဲ့ averageColor တန်ဖိုးကို Threshold Value နဲ့ နှိုင်းယှဉ်ပါတရ်။ averageColor ကကြီးနေရင် ယင်း Pixel ကွက်ရဲ့ R, G, B Color တန်ဖိုးတွေကို 255 တွေပေးပြီး အဖြူရောင် Pixel ကွက်အဖြစ်ပြောင်းလဲယူပါတရ်။ ငယ်ခဲ့ရင်တော့ 0 တွေပေးပြီး အနက်ရောင် Pixel ကွက်အဖြစ် ဖန်တီးယူလိုက်တာပါ။ အရမ်း ရိုးရှင်းပြီး လွယ်ကူလွန်းပါတရ်။ ဒါကတော့ Calling Method ပုံစံပါ။ ဘရ်လောက် Threshold Value နဲ့ Processing လုပ်ထားတရ်ဆိုတာကို ပြဖို့ Label ကိုသုံးထားပါတရ်။ if()statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိကို သိချင်လို့ပါ။
မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment