C# - Easy Way Re-size Image using DrawImage() Graphic

Posted by တေဇာလင်း Saturday 4 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို မိမိနှစ်သက်ရာ Width, Height အတိုင်း ဘရ်လို Re-size လုပ်ကြည့်နိုင်မလဲဆိုတာလေးကို လေ့လာကြည့်ပါ့မရ်။ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲကနေပြီ အလွရ်ကူဆုံးနည်းလမ်းဖြစ်တဲ့ Graphic Library အောက်က DrawImage() Method ကို အသုံးပြုပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ DrawImage() Method ကို အသုံးပြုမရ်ဆိုရင်တော့ System.Drawin; နဲ့ System.Drawing.Imaging; ဆိုတဲ့ Library နှစ်ခုကိုတော့ မဖြစ်မနေ ကြေငြာပေးရပါ့မရ်။ DrawImage()Method မှာ အသုံးပြုနိုင်တဲ့ Function Overload ပုံစံတွေ အများကြီးပါ။ ဒီအများကြီးထဲကမှ Image တစ်ခုကို မိမိနှစ်သက်ရာ Width, Height အတိုင်း Graphic ပြန်ဆွဲနိုင်မရ့် အလွရ်ကူဆုံး နည်းလမ်းလေးတစ်ခုကို လေ့လာကြည့်မရ်။ ဒါကတော့...
DrawImage(Image image, int x, int y, int width, int height);
အခုလို ပုံစံပါ။ Parameter Passing ငါးခုတွေ့ရပါလိမ့်မရ်။ ပထမ parameter ကတော့ Source Image ပါ။ ဒီနေရာမှာ မိမိ Re-size လုပ်ချင်သော Image ကိုရွေးချယ်ပေးရပါ့မရ်။ ဒုတိယ parameter ကတော့ Drawing Object အတွက် စမှတ်(x coordinate of the upper-left corner)ဖြစ်ပါတရ်။ တတိယ parameter ကတော့ Drawing Object ရဲ့ စမှတ်(y-coordinate of the upper-left corner)ပဲဖြစ်ပါတရ်။ ဆိုလိုတဲ့သဘောကတော့ Drawing Objecte ကို ဒုတိယနဲ့တတိယ parameter ဖြစ်တဲ့ x, y Coordinate ကနေ စဆွဲပါလို့ သတ်မှတ်လိုက်တာပါ။ စမှတ်တော့ရပြီ ဘရ်လောက်အကျယ်၊ ဘရ်လောက်အမြင့် ဆွဲယူမှာလည်းဆိုတာကို သတ်မှတ်ပေးဖို့ လိုပါသေးတရ်။ ဒါကြောင့် နောက်ဆုံး parameter နှစ်ခုမှာ Drawing Object ရဲ့ Width နဲ့ Height ကို သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတရ်။ ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ ကျနော်တို့အသုံးပြုမရ့် DrawImage()Method ရဲ့ အလုပ်လုပ်ပုံကို နားလည်ကြပြီလို့ ထင်ပါတရ်။
ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(3)ခု၊ PictureBox(2)ခု၊ Panel(1)ခု၊ Label(2)ခုနဲ့ TextBox(2)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
DrawImage()Method ရဲ့ အလုပ်လုပ်ပုံကိုလည်းသိပြီ၊ GUI လည်းတည်ဆောက်ပြီးပြီဆိုရင်တော့ ကျနော်တို့ ဘရ်လို Re-size လုပ်နိုင်မလဲဆိုတာလေးကို ဆက်လေ့လာကြည့်ပါ့မရ်။ ResizeImage()ဆိုတဲ့ Method တစ်ခုတည်အောက်ပြီး အောက်ပါ Coding လေးကို ရေးယူလိုက်ပါဗျာ။ အလုပ်လုပ်သွားပုံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ Parameter အနေနဲ့ Source Image ရယ်၊ Re-size Width and Height ကို Passing လုပ်ထားပါတရ်။ Result အနေနဲ့တော့ Source Image ကို သတ်မှတ်ပေးလိုက်သော Width and Height အတိုင်း Processing လုပ်ပြီး ပြန်လည် ထုတ်ပေးမှာဖြစ်ပါတရ်။ Coding စစချင်းမှာ User သတ်မှတ်လိုက်သော Width and Height အတိုင်း Bitmap Image တစ်ခု ဖန်တီးယူပါတရ်။ ဒုတိယ cmd line မှာတော့ Graphic Object တည်ဆောက်ပါတရ်။ Graphic ရဲ့ Drawing Area ကိုတော့ Bitmap ပါလို့ သတ်မှတ်ပေးလိုက်ပါတရ်။ ဒီမှာ using Keyword သုံးထားတာကတော့ Graphic Object ရဲ့ scope ကို သတ်မှတ်လိုက်တာပါ။ Scope လွန်ပြီဆိုတာနဲ့ Graphic Object ကို Auto Dispose လုပ်ပေးပါတရ်။ using မသုံးခဲ့ဘူးဆိုရင်တော့ Graphic ကို သုံးပြီးတဲ့အချိန်မှာ Dispose() Method ကိုခေါ်ပြီး Graphic လုပ်ငန်းပြီးဆုံးကြောင်း သတ်မှတ်ပေးရပါတရ်။ တတိယ cmd line ကတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ Graphic Area ထဲမှာ DrawImage() Method ကိုအသုံးပြုပြီး Graphic တစ်ခု ဆွဲယူလိုက်တာပဲဖြစ်ပါတရ်ဗျာ (ရှင်းလင်းချက် အပေါ်မှာကြည့်ပါ)။ နောက်ဆုံး cmd line ကတော့ ကျနော်တို့ လုပ်နေကြအတိုင်း Image ကို Return ပြန်ပေးတာပဲဖြစ်ပါတရ်။ Image အနေနဲ့ Return ပြန်ပေးတာဖြစ်တဲ့အတွက် Calling Method က Image အနေနဲ့ ပြန်ဖမ်းရမရ်ဆိုတာတော့ သတိထားရမှာဖြစ်ပါတရ်။ Result ကိုတော့ အောက်မှာ ကြည့်လိုက်ပါဗျာ။
ဒီမှာတော့ ကျနော် Re-size Image ကို Runtime မှာ ကြည့်ချင်တဲ့အတွက် ကျနော်တို့ Result PictureBox ကို PanelBox ထဲမှာ ထည့်ထားတာပဲဖြစ်ပါတရ်ဗျာ။ Panel ကို AutoScroll = True ပေးထားတာကတော့ ကျနော်တို့ Result PictureBox ဘရ်လောက်ပဲ Size ကြီးကြီး PanelBox ရဲ့ Width and Height အထဲမှာပဲ ဖော်ပြစေပြီး Scroll ဆွဲကြည့်နိုင်အောင်ပါ။ နားလည်ကြမရ်လို့ မျော်လင့်ပါတရ်ဗျ။
ဆက်လက်ပြီး Calling Method ကို လေ့လာကြည့်ပါ့မရ်။ btnProcessing Button ကို D_Click ပေးပြီး အောက်ပါ Coding ကို ရေးယူလိုက်ပါဗျာ။ အနည်းငရ် ရှင်းပြပါ့မရ်။ စစချင်းမှာ TextBox တွေက ရိုက်ထည့်လာတဲ့ ကိန်းဂဏန်းတွေကို int အဖြစ်ဖမ်းပါတရ်။ ဘာလို့လည်းဆိုတော့ TextBox Input မှန်သမျှကို VS C# က Default String အနေနဲ့ သတ်မှတ်ထားလို့ပါ။ နောက် Result ထုတ်ပြပေးမရ့် PictureBox ရဲ့ Width and Height ကို User ရိုက်ထည့်လိုက်တဲ့ Width and Height အတိုင်း Assign လုပ်လိုက်ပါတရ်။ နောက်တစ်ဆင့်မှာတော့ ResizeImage() Method ကိုခေါ်ပြီး Image ကို Re-size လုပ်ယူပါတရ်။ ပြီးရင်တော့ PictureBox ပေါ်မှာ တခါတည်း ဖော်ပြလိုက်တာပဲ ဖြစ်ပါတရ်။ နောက်ဆုံးတစ်ကြောင်းကတော့ ကျနော်တို့ ပြောင်းလဲယူလိုက်တဲ့ Image Resolution ကို သိနိုင်အောင် Display ပြထားတာပါ။ Coding ခက်ခက်ခဲခဲတွေ မပါလို့ နားလည်ကြလိမ့်မရ်လို့ ထင်ပါတရ်ဗျ။ Coding အပြည့်အစုံကို အောက်မှာ ၀င်ရောက်လေ့လာနိုင်ပါတရ်ဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment