C# - Crop Image in a Ellipse Shape using Graphics

Posted by တေဇာလင်း Tuesday 7 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို မိမိနှစ်သက်ရာနေရာအား Ellipse ပုံစံဖြစ် ဘရ်လိုဖြတ်ယူနိုင်မလဲဆိုတာလေးကို လေ့လာကြည့်ပါ့မရ်။ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲကနေပြီ အလွရ်ကူဆုံးနည်းလမ်းဖြစ်တဲ့ Graphic Library အောက်က DrawImage() Method ကို အသုံးပြုပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများ အတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Crop Processing အတွက် သီးသန့် Button မထည့်တော့ပဲ picOriginalImg ရဲ့ Event တွေကပဲ Processing လှမ်းလုပ်တဲ့ ပုံစံလေးနဲ့ လေ့လာကြည့်သွားပါ့မရ်။ အသုံးပြုသွားမရ့် Event တွေကတော့ MouseDown, MouseMove and MouseUp တို့ပဲ ဖြစ်ပါတရ်။ MouseDown Event ထဲမှာတော့ PictureBox ပေါ်သို့ Left_Click ဖြင့် Mouse Point ချ Down/Click ပေးလိုက်တဲ့အချိန်မှာ လုပ်စေချင်တဲ့ အလုပ်တွေကို ခိုင်းစေနိုင်ပါတရ်။ MouseMove Event ကတော့ Left_Clik ပေးပြီး Drag ဆွဲတဲ့အချိန်မှာ လုပ်စေချင်တဲ့ အလုပ်တွေကို ခိုင်းဖို့ပါ။ MouseUp မှာတော့ Mouse Down and Move အလုပ် နှစ်ခုလုပ်ပြီး ပြန်လွှတ်လိုက်တဲ့အချိန်မှာ လုပ်စေချင်တဲ့ အလုပ်တွေကို ခိုင်းစေနိုင်ပါတရ်။ ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Event သုံးခုလုံးပြီးမှ Processing တစ်ခု လုပ်တဲ့ပုံစံနဲ့ ချဉ်းကပ်ထားပါတရ်။
Event တစ်ခုချင်းစီထဲက Code ကို အသေးစိတ်လေ့လာကြည့်ကြရအောင်...။ picOriginalImg ရဲ့ MouseDown_Event ထဲသို့ ၀င်၍ အောက်ပါ Coding ကိုရေးယူလိုက်ပါဗျာ။ Method ရဲ့ အပြင်ဘက်မှာ Global Variable အဖြစ် x, y, cropWidth, cropHeight ဆိုပြီး လေးခုကြေငြာထားပါတရ်။ ၄င်း variable တွေကို ဒီ Event တစ်ခုတည်းကတင် မဟုတ်ဘဲ အခြားသော Event တွေကပါ ခေါ်သုံးနိုင်အောင်လို့ Global ကြေငြာထားခြင်းဖြစ်ပါတရ်။ MouseDown_Event ထဲမှာ ခိုင်းထားတဲ့အလုပ်ကတော့ ရိုးရှင်းပါတရ်။ စစချင်းမှာ if()Statement နဲ့ Mouse ရဲ့ Event(Action)ကိုဖမ်းပြီး Left Click ဖြစ်လား/မဖြစ်လားဆိုပြီး စစ်ထားပါတရ်။ Left_Click Action ဖြစ်ခဲ့ရင်တော့ ကျနော်တို့ Global ကြေငြာထားသော x, y variable ထဲကို မိတ်ဆွေကို Mouse Down/Click ပေးလိုက်သော X,Y Coordinate ကို လှမ်းထည့်လိုက်ပါတရ်။ ဆိုလိုတာကတော့ မိတ်ဆွေတို့ Crop ရဲ့ Image ဟာ ဒီ X, Y Coordinate က စပါ့မရ်လို့ မှတ်ထားခိုင်းလိုက်တာပဲဖြစ်ပါတရ်။ ကာဆာကို Cross သုံးထားတာကတော့ Mouse Down and Drag လုပ်နေတဲ့အချိန်မှာ ကာဆာကို Cross ပုံစံလေး ပြနေစေချင်တဲ့အတွက်ကြောင့်ပါ။ ဒီလောက်ဆိုရင်တော့ MouseDown_Event မှာ ခိုင်းစေထားတဲ့အချိန်တွေကို သိပြီလို့ ထင်ပါတရ်ဗျာ။
picOriginalImg ရဲ့ MouseMove_Event ထဲသို့ဝင်ပြီး အောက်ပါ Coding ကိုထပ်ရေးယူလိုက်ပါဗျာ။ ဒီမှာလည်း ခက်ခဲတာ ဘာမှမပါ ပါဘူးဗျာ။ Coding စစချင်းမှာ ကျနော်တို့ Crop လုပ်ချင်တဲ့ PictureBox ထဲမှာ Image Load ဆွဲတင်ပြီး သားရှိ/မရှိကို အရင်စစ်ထားပါတရ်။ မရှိရင်တော့ MouseMove_Event အလုပ်လုပ်မှာမဟုတ်ပါဘူး။ ရှိခဲ့ရင်တော့ ဒုတိယ if()statement နဲ့ Mouse ရဲ့ Action ကိုဖမ်းပြီး Left-Click ဖိပြီး Drag(Move) လုပ်တာ ဟုတ်/မဟုတ် ထပ်စစ်ထားပါတရ်။ ဟုတ်ခဲ့ရင်တော့ ဘရ်လောက် Width, ဘရ်လောက် Height လောက်ထိ Crop လုပ်မရ်ဆိုတဲ့ မိတ်ဆွေတို့ Drag ဆွဲသွားသော Width နဲ့ Height ကိုမှတ်ပါတရ်။ ရလာတဲ့ တန်ဖိုးတွေကိုတော့ အပေါ်မှာ global ကြေငြာခဲ့တဲ့ cropWidth နဲ့ cropHeight ထဲကို သွားသိမ်းထားပါတရ်။ ဒီမှာ နောက်ဆုံး MouseMove ရဲ့ ဆုံးမှတ်ဖြစ်တဲ့ X,Y Coordinate တွေထဲက စမှတ်(X,Y coordinate) (e.X - x နဲ့ e.Y - y) ကိုပြန်နုတ်ထားတာကတော့ မိတ်ဆွေတို့ Drag ဆွဲယူလိုက်တဲ့ Width and Height ကို အတိအကျလိုချင်လို့ပါ။ နားမလည်ခဲ့ရင်တော့ X,Y Coordinate မျဉ်းဆွဲပြီး Trace လုပ်ကြည့်နိုင်ပါတရ်။ ဒီ crop Image ရဲ့ Widht and Height ဖမ်းနိုင်တဲ့အဆင့်နဲ့တင် တကယ်ဆိုရင် MouseMove_Event ရဲ့ အလုပ်က ပြီးပါတရ်။ ဒါကိုမှကွန့်ပြီး Selected Area ကို ထင်သာမြင်သာရှိအောင် Rectangle and Ellipse ပုံစံလေးဆွဲပြီး ပြစေချင်လို့သာ အောက်က သုံးကြောင်းက ထပ်ရေးရတာ ဖြစ်ပါတရ်။ အောက်က သုံးကြောင်းမပါလည်း အလုပ်ဖြစ်ပါတရ်။
Rectangle and Ellipse ဆွဲဖို့အတွက် DrawRectangle() နဲ့ DrawEllipse() Method တွေကိုသုံးထားပါတရ်။ Parameter ငါးခုပါပြီး ပထမ parameter ကတော့ Graphic ကိုဆွဲချင်တဲ့ Pen Class ပါ။ ဒီမှာတော့ Pen ရဲ့ Color ကို Assign လုပ်ပေးထားပါတရ်။ မိတ်ဆွေတို့အနေနဲ့တော့ နှစ်သက်သလို အခြား properties တွေကို ထည့်သွင်းအသုံးပြုနိုင်ပါတရ်။ နောက် x,y Paramenter နှစ်ခုကတော့ Graphic ရဲ့ စမှတ် Coordinate အမှတ်ဖြစ်ပါတရ်။ နောက်ဆုံး Parameter နှစ်ခုကတော့ ဆွဲယူမရ့် Graphic ရဲ့ Width and Height ကို သတ်မှတ်ပေးလိုက်တာပါ။ ဒီမှာ ကျနော် Graphic လုပ်ငန်းစဉ်ကို နှစ်ကြောင်းကိုတစ်ကြောင်းတည်းဖြစ်အောင် ပေါင်းရေးထားတာပါ။ နားလည်ရ ခက်သွားမရ်ဆိုရင်တော့ ...
Graphics gfx = picOriginalImg.CreateGraphics();
gfx.DrawRectangle(Pens.Gold, x, y, cropWidth, cropHeight);
gfx. DrawEllipse(Pens.DarkGoldenrod, x, y, cropWidth, cropHeight);
အခုလိုပုံစံ ခွဲရေးလို့ရနိုင်ပါတရ်။ ပထမ တစ်ကြောင်းက Graphic ဆွဲယူမရ့် Container ကိုသတ်မှတ်ပေးတာပါ။ ကျနော်တို့က picOriginalImg အပေါ်မှာဆွဲမှာဖြစ်လို့ ၄င်း PictureBox ကိုညွှန်းပေးထားတာပဲဖြစ်ပါတရ်။ ဒုတိယ နှစ်ကြောင်းကတော့ သတ်မှတ်ထားတဲ့ Container ပေါ်မှာ မိမိနှစ်သက်ရာ Method ကိုအသုံးပြုပြီး Graphic တစ်ခုဆွဲယူ လိုက်တာပဲဖြစ်ပါတရ်။ နားလည်ကြမရ်လို့ ထင်ပါတရ်။ မိတ်ဆွေတို့အနေနဲ့တော့ နှစ်ကြောင်းတစ်ကြောင်းပေါင်းပြီးဖြစ်စေ၊ နှစ်ကြောင်းခွဲရေးပြီးဖြစ်စေ မိမိအားသာရာကို အသုံးပြုနိုင်ပါတရ်။
picOriginalImg.Refresh(); 
PictureBox ကို အမြဲ Refresh ပေးထားတာကတော့ MouseMove Event အတွင်း ရွှေ့သွားသော Pixel အတိုင်း ဆွဲယူသွားသော Graphic တွေကို ပြန် ပြန်ဖျတ်ထုတ်ချင်လို့ပါ။ မိတ်ဆွေကို သဘောတရားကို နားလည်စေချင်ရင်တော့ ၄င်း cmd line ကို off ပြီး run ကြည့်နိုင်ပါတရ်။
နောက်ဆုံး Event တစ်ခုဖြစ်တဲ့ MouseUp_Event ကိုဆက်လေ့လာကြည့်မရ်။ ဒါကြောင့် picOriginalImg ရဲ့ MouseUp Event ထဲသို့ဝင်၍ အောက်ပါ Coding လေးကို ၀င်ရေးယူလိုက်ပါဗျာ။ Coding စစချင်းမှာ crop Area သတ်မှတ်နေတဲ့အချိန် Cross ပေးထားသော ကာဆာကို မူလပုံစံဖြစ်တဲ့(မျှားခေါင်းပုံ) Default ပြန်ပေးလိုက်ပါတရ်။ if()statemet ကတော့ crop Area ရှိ/မရှိ စစ်ထားတာပါ။ မိတ်ဆွေတို့ crop လုပ်မရ့် Area ဟာ 1 pixel ထက်နည်းနေရင် အလုပ်လုပ်မှာ မဟုတ်ပါဘူးဗျာ။ နောက်တစ်ကြောင်းကတော့ Crop မလုပ်ရသေးတဲ့ Original Image ကို Bitmap အဖြစ် Clone ပွားယူလိုက်တာပဲဖြစ်ပါတရ်။ နောက်တစ်ကြောင်းကတော့ Crop လုပ်ယူလိုက်တဲ့ Image ကို သိုလှောင်ဖို့အတွက် Bitmap အသစ်တစ်ခု တည်ဆောက်လိုက်တာပါ။ ပြီးရင်တော့ ၄င်း Bitmap ကို Container အဖြစ်ထားပြီး Graphic ဆွဲယူပါ့မရ်လို့ ခိုင်းပါတရ်။ SmoothingMode သုံးထားတာကတော့ မိတ်ဆွေတို့ ဖန်တီးယူလိုက်တဲ့ Graphic ကို Smooth ဖြစ်စေချင်လို့ပါ။ ပြီးရင် ကျနော်တို့က Crop Image ကို Ellipse ပုံစံ ဖြတ်ယူမှာဖြစ်လို့ Ellipse အတွက် Path ဆွဲနိုင်အောင် GraphicsPath Object တစ်ခုဆောက်ပါတရ်။ နောက် ၄င်း GraphicsPath ထဲကိုမှ ကျနော်တို့ MouseDown and MouseMove Method တို့နဲ့ Crop လုပ်ယူလိုက်သော Ellipse Graphic Path ကို Add ယူပါတရ်။ Graphic ကို Clear လုပ်ပြီး အဖြူရောင် ကာလာ Assign လုပ်ထားတာကတော့ ကျနော်တို့ Crop ယူလိုက်သော Image မှလွဲ၍ ကျန် Image Background နေရာများကို အဖြူရောင် ထားစေချင်လို့ပဲ ဖြစ်ပါတရ်။ နောက်တစ်ကြောင်းမှာတော့ SetClip()Method ကိုအသုံးပြုပြီး ကျနော်တို့ သတ်မှတ်ပေးပြီးသားဖြစ်တဲ့ Ellipse Graphic Path ကြီးတစ်ခုလုံးကို Graphic Object ထဲ Assign လုပ်ပေးပြီး Graphic ဆွဲယူရန်အသင့်လို့ ပြောပါတရ်။ နောက်တစ်ကြောင်းကတော့ DrawImage() Method ကိုသုံးပြီး အမှန်တကရ် Crop Graphic ဆွဲယူတဲ့အဆင့်ပါ။ Parameter ငါးခု passing လုပ်ထားပါတရ်။ ပထမ parameter ကတော့ Soucre Image သို့မဟုတ် Original Image ပါ။ နောက် parameter နှစ်ခုကတော့ စမှတ်(X,Y coordinate) သတ်မှတ်ပေးတာပါ။ နောက် parameter ကတော့ Selected area ပါ။ Rectangle ကိုသုံးထားပါတရ်။ နောက်ဆုံး parameter ကတော့ Graphics ရဲ့ Unit ကို သတ်မှတ်ပေးတာပဲ ဖြစ်ပါတရ်။ ကျနော်ကတော့ Pixel ကိုရွေးပေးထားပါတရ်။ မိတ်ဆွေတို့အနေနဲ့တော့ လက်မ၊ မီလီမီတာ၊ point စတဲ့ နှစ်သက်ရာ Unit တစ်ခုခုနဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတရ်။ အနှစ်ချုပ်ခိုင်းသွားတဲ့ သဘောကိုပြောရရင် Original ထဲက Select လုပ်ထားသော Area ကို Pixel Unit ကိုအသုံးပြုပြီး cropBmp ထဲသို့ စမှတ်(0,0 Coordinate) မှ Graphic ဖန်တီးပေးပါလို့ ခိုင်းလိုက်တာပါ။ နောက် Crop Image ကို White Color ပေးပြီး Background ကာလာကို Transparent ပြောင်းယူတာပါ(Background Color နဲ့ Transparent Color ညီမှ Background Transparent ဖြစ်မှာဖြစ်ပါတရ်)။ .Png Type နဲ့ Save ရင်တော့ Background Transparent Color ရပြီး မည်သည့် object နဲ့မဆို တွဲဘက်အသုံးပြုနိုင်မှာ ဖြစ်ပါတရ်။ အခြား .Jpg တို့နဲ့ Save ရင်တော့ Background Color ကို Black နဲ့ သိမ်းပေးမှာဖြစ်ပါတရ်။ နောက်ဆုံးရလာတဲ့ cropBmp သို့မဟုတ် Crop Image ကိုတော့ Preview အဖြစ် picResultImg PictureBox ပေါ်သို့ ဆွဲတင်ပေးလိုက်တာပဲ ဖြစ်ပါတရ်ဗျာ။ နားလည်နိုင်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။
Coding တစ်ကြောင်းချင်းစီကိုတော့ အသေးစိတ် ရှင်းပြခဲ့ပါတရ်။ ပိုပြီး နားလည်စေချင်တရ် ဆိုရင်တော့ Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်နိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment