C# - Image Processing (Negative Algorithm)

Posted by တေဇာလင်း Wednesday 22 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို Negative View ပုံစံနဲ့ ထုတ်ကြည့်နိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ဖလင်ကင်မရာတွေခောတ်ကို မှီခဲ့တဲ့ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမတို့အတွက်တော့ Negative Image ဆိုတာကို သိကြမရ်ထင်ပါတရ်။ Negative Film လိပ်လေးတွေကို တယုတယသိမ်းပြီး ဓါတ်ပုံအဖြစ် ပြန်ပြန်ကူးယူခဲ့ကြရတာကိုဗျ။ Negative ဆိုတာက ရိုးရိုးရှင်းရှင်း ပြောရရင် Invert လုပ်လိုက်တာပါ။ 1 ဆိုရင် 0 ပြောင်း၊ အဖြူဆိုအမဲ ပြောင်းလိုက်တာပေါ့။ Pixel တစ်ခုစီမှာရှိတဲ့ Color တွေကို Invert လုပ်ပစ်နိုင်မှာသာ ကျနော်တို့လိုချင်တဲ့ Negative Image တစ်ခုကိုရရှိမှာ မဟုတ်လားဗျ။ Color Range 0 to 255 ကြားမှ ဘာဖြစ်လာမရ်မှန်းမသိတဲ့ Color Value ကို Invert လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းရှိပါတရ်။ ဒါကတော့ Color ရဲ့ Upper Bound ဖြစ်တဲ့ 255 ထဲက Detect လုပ်လို့ရရှိတဲ့ Color Value ကိုနုတ်လိုက်ယုံပါပဲ။ အောက်မှာ အဆင့်လိုက် အသေးစိတ် Algorithm လေးကို ကြည့်လိုက်ပါ။ အနည်းငယ် ရှင်းပြရမရ်ဆိုရင်တော့... ပထမအဆင့်မှာ Image ရဲ့ Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကို ဆွဲထုတ်ယူပါတရ်။ ဒုတိယအဆင့်မှာတော့ Color range ရဲ့ Upper Bound ဖြစ်တဲ့ 255 ထဲက Detect ရရှိသော R, G, B Color တန်ဖိုးတွေကို နုတ်ပါတရ်။ တတိယအဆင့်မှာတော့ အသစ်ရရှိလာသော R, G, B တန်ဖိုးတွေကို မူလ Pixel ရဲ့ R, G, B Color တန်ဖိုးတွေနေရာကို ပြန်အစားထိုးလိုက်တာပါ။ ဒီနည်းလမ်းအတိုင်းပဲ Last Pixel ရောက်သည်အထိ အလုပ်လုပ်စေပြီး Color Image တစ်ခုကို Negative Image အဖြစ်သို့ ပြောင်းလဲယူလိုက်တာပဲ ဖြစ်ပါတရ်ဗျ။ ဥပမာလေးနဲ့တွဲပြီးရှင်းထားလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။
မှတ်ချက်။ ဒီ Algorithm က Color Image ကို Negative Image အဖြစ် ပြောင်းလဲနိုင်သလို၊ Negative Image ကို Color Image အဖြစ် ပြန်လည်ပြောင်းလဲယူနိုင်ပါတရ်ဗျ။
ကဲ... ဒီလောက်ဆိုရင်တော့ Negative Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(2)ခုနဲ့ PictureBox(2)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
NegativeImage( ) Method လေးကို လေ့လာကြည့်ပါ့မရ်။ Button Click_Event ကိုသာ သုံးထားတဲ့အတွက်ကြောင့် Negative Image Button ကို D_Click ပေးပြီး အောက်ပါ Coding လေးကို ရေးယူလိုက်ပါဗျာ။ Method ကိုတော့ Processing လုပ်မရ့် Image ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Color Value တွေကို Invert ပြောင်း Negative လုပ်ယူပုံအဆင့်ဆင့်ကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။ ဒါကတော့ Calling Method ပုံစံပါ။ if( )statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment