C# - Zoom In/Out Image using Graphics

Posted by တေဇာလင်း Thursday 9 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို ZoomIn, ZoomOut ပုံစံဖြစ် ဘရ်လိုဆွဲယူ ကြည့်နိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲကနေပြီ အလွရ်ကူဆုံးနည်းလမ်းဖြစ်တဲ့ Graphic ဆွဲပြီး ဖန်တီးယူတဲ့ နည်းလမ်းကိုပဲ အသုံးပြုပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ PictureBox(1)ခု၊ Panel(1)ခု၊ TrackBar(1)ခုနဲ့ Label(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Zoom Processing အတွက် သီးသန့် Button မထည့်တော့ပဲ TrackBar ရဲ့ Scroll_Event ထဲက တိုက်ရိုက် Processing လှမ်းလုပ်တဲ့ ပုံစံလေးနဲ့ လေ့လာကြည့်သွားပါ့မရ်။ ဒီတော့ TrackBar Value ပြောင်းလဲမှုရှိတိုင်း Zoom Processing ပြောင်းလဲမှုဖြစ်မှာ ဖြစ်ပါတရ်။ Coding ကို တစ်ဆင့်ချင်းစီ လေ့လာကြည့်မရ်။ ဒါကတော့ ကျနော်တို့ Load Image Button ကို အသုံးပြုပြီး PictureBox ပေါ်သို့ Image ဆွဲတင်တဲ့နေရာမှာ Zoom Processing အတွက် လိုအပ်ချက်များကို Initial သတ်မှတ်ပေးထားတာပါ။ Global Variable အဖြစ် colneImg ဆိုပြီး Processing လုပ်နေစဉ်အတွင်းမှာ Image ကို သိုလှောင်ရန် Image Type တစ်ခုကို ဖန်တီးပါတရ်။ ပြီးရင်တော့ PictureBox ပေါ်သို့ Image ဆွဲတင်ပြီးတဲ့အချိန်မှာ ၄င်း Variable ထဲသို့ Clone ပွားယူ Assign လုပ်လိုက်ပါတရ်။ ဆိုလိုတဲ့ သဘောကတော့ နောက်ပိုင်း Processing လုပ်ငန်းစဉ်အတွင်း မူရင်း Image ကိုမထိပဲ ယခု Clone ပွားယူထားသော Image နဲ့သာ Processing လုပ်ပါလို့ ပြောလိုက်တာပါ။ PictureBox ရဲ့ Size ကို CloneImg ရဲ့ Size အတိုင်း ပြောင်းလဲလိုက်တာ ကတော့ ဆွဲတင်လိုက်သော Image ရဲ့ Width and Height အတိုင်း PictureBox က လိုက်ပြီး Fixed ဖြစ်သွားအောင်ပါ။ TrackBar ကို Initial Value = 50 ပေးထားတာကတော့ Zoom In/Out အတွက် TrackBar ကို စမှတ် 50 မှာ Zero Line ချလိုက်တာပါ။ ဒါမှ ကနဦး ဆွဲတင်လိုက်သော Image ဟာ 50(0%)မှာ ဖော်ပြပြီး 50 အောက်ငယ်သွားရင် ဘရ်လောက် % ထိ ZoomOut ဖြစ်သွားလဲဆိုတဲ့ ZoomOut Process လုပ်ကာ 50 ထက်များသွားရင်တော့ ဘရ်လောက် % ထိ ZoomIn ဖြစ်သွားလဲဆိုတဲ့ ZoomIn Process ကိုလုပ်ပါလို့ ခိုင်းလို့ရမှာပါ။ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။
Zoom In/Out Method ကို ဆက်လေ့လာကြည့်ပါ့မရ်။ tbZoomValue ကို D_Click ပေးပြီး TrackBar ရဲ့ Scroll_Event ထဲမှာ အောက်ပါ Coding ကိုရေးယူလိုက်ပါဗျာ။ အနည်းငရ်ရှင်းပြပါ့မရ်။ စစချင်းမှာ if()Statement နဲ့ Zoom Processing လုပ်ချင်တဲ့ Image ကို PictureBox ပေါ်သို့ ဆွဲတင်ပြီးသား ရှိ/မရှိ တနည်းအားဖြင့် Processing လုပ်ဖို့ Clone Image ရှိ/မရှိ စစ်ဆေးပါတရ်။ Image မဆွဲတင်ရသေးဘူး ဆိုရင်တော့ Zoom Function အလုပ်လုပ်မှာ မဟုတ်ပါဘူးဗျာ။ ဒုတိယ cmd line ကတော့ ဘရ်လောက် Zoom In/Out ဖြစ်နေလဲဆိုတဲ့ Information ကို အသုံးပြုသူကို ပြစေချင်လို့ ထည့်ထားတာပါ။ TrackBar Value က 50 အောက်ငရ်ရင် အနုတ်တန်ဖိုးပြမှာဖြစ်ပြီး 50 ထက်ကြီးရင်တော့ အပေါင်းတန်ဖိုး ပြပေးမှာဖြစ်ပါတရ်။ နောက်တစ်ကြောင်းမှာတော့ if()statement နဲ့ zoom တန်ဖိုး (သို့မဟုတ်) TrackBar Value ဟာ 50 နဲ့ ညီလား၊ ငယ်လားလို့ ထပ်စစ်ပါတရ်။ Connection မှန်ရင်တော့ Zoom Out Processing အတွက် အောက်က အလုပ်ကို ဆက်လုပ်ပါလိမ့်မရ်။ ဒီမှာတော့ Image ရဲ့ Width and Height ကို ZoomOut ကြောင့် ပြောင်းလဲသွားသော Width and Height အတိုင်း Rebuild ပြန်လုပ်ပေးဖို့အတွက် reWidth နဲ့ reHeight ဆိုပြီး တွက်ထုတ်ယူထားပါတရ်။ တွက်ချက်မှုကိုတော့ အရောင်းဆိုင်တွေမှာ Discount တွက်တဲ့ ပုံသေနည်းအတိုင်း စဉ်းစားပြီး တွက်ယူထားတာပါ။ ဥပမာ - ကျသင့်ငွေ 1000 ကျသော ပစ္စည်းတစ်ခုကို 5% Discount ပေးမရ်ဆိုပါစို့။ ဒါဆို...
Net Amount = ကျသင့်ငွေ - ((ကျသင့်ငွေ x Discount) / 100);
ဒီ Formula အတိုင်း တွက်ယူနိုင်ပါတရ်။ ဒီတော့...
Net Amount = 1000 – ((1000 x 5) /100); = 950 ကျပ် ကျသင့်မှာဖြစ်ပါတရ်။
ဒီနည်းလမ်း အတိုင်းပါပဲ။ Zoom Out ကြောင့် ပြောင်းလဲပေးရမရ့် Imag ရဲ့ Size ကို တွက်ယူလိုက်တာပါ။ 50 ထဲက tbZoomValue.Value ကို ပြန်နုတ်ထားတာကတော့ ကနဦးတည်းက မူရင်း Image Size ကို 50 မှာ Zero Line ချခဲ့လို့ပါ။ ဒီပုံစံအတိုင်း ကျနော် 5% လျှော့ချတဲ့ ZoomOut တစ်ခုကို တွက်ပြပါ့မရ်။ ဥပမာ - ကျနော်တို့ Image Size က 1024x768 ရှိတရ်ဆိုပါစို့။ သူ့ကိုမှ 5% ZoomOut လုပ်မရ်ပေါ့။ ဒီတော့ ပုံသေနည်းထဲကို ဖြတ်ကြည့်ပါမရ်။
 
reWidth = cloneImg.Width - ((cloneImg.Width * (50 - tbZoomValue.Value)) / 100);
reWidth = 1024 – ((1024 * (50 - 45))/100);
reWidth = 1024 – ((1024 * 5)/100);
reWidth = 1024 – (5120/100);
reWidth = 1024 – 51;
reWidth = 973;
ဒါဆို Width = 1024 ကို 5% ZoomOut လုပ်တဲ့အခါမှာ ပြောင်းလဲသွားတဲ့ reWidth = 973 ကို ရရှိပါပြီ။ ကျနော်တို့ Height ကို ဆက်တွက်ကြည့်မရ်။
reHeight = cloneImg.Height - ((cloneImg.Height * (50 - tbZoomValue.Value)) / 100);
reHeight = 768 – ((768 * (50 - 45))/100);
reHeight = 768 – ((768 * 5)/100);
reHeight = 768 – (3840/100);
reHeight = 768 – 38;
reHeight = 730;
ဒါဆို Height = 768 ကို 5% ZoomOut လုပ်တဲ့အခါမှာ ပြောင်းလဲသွားတဲ့ reHeight = 730 ကို ရရှိပါပြီ။ ဒီတော့ 1024x768 ရှိသော Image တစ်ခုကို 5% ZoomOut လုပ်ရင် 973x730 ရရှိမှာပါ။ ဒီနည်းအတိုင်း ရာခိုင်နှုန်း(%) သို့မဟုတ် TrackBar Value အနုတ်ဘက်သို့ ပြောင်းလဲမူအပေါ် မူတည်ပြီး ZoomOut Processing အတွက် Width and Height ပြောင်းလဲသွားမှာပဲ ဖြစ်ပါတရ်။ နောက်တစ်ဆင့်မှာတော့ ZoomOut ဖြစ်သွားသော Width and Height အတိုင်း Image ကို သိုလှောင်ဖို့ Bitmap Container တစ်ခု ဖန်တီးလိုက်ပါတရ်။ ပြီးရင်တော့ ၄င်း Bitmap အတိုင်း Grahic ဆွဲယူပါ့မရ်လို့ ခိုင်းပါတရ်။ Graphic ဆွဲပြီးသွားရင်တော့ ကျနော်တို့ ZoomOut Image တစ်ခုရပါပြီး ဒီကောင့်ကို မူရင်း Image Viewer ဖြစ်တဲ့ PictureBox ပေါ်သို့ ပြန်ဆွဲတင်ပေးလိုက်ယုံပါပဲဗျာ။ PictureBox ရဲ့ Size ကို Rebuilt လုပ်ထားတာကတော့ ပြောင်းလဲသွားသော ZoomOut Image အတိုင်း PictureBox Size ကို fixed ဖြစ်နေအောင်ပဲဖြစ်ပါတရ်။
ZoomIn အတွက် တွက်ချက်မှုကလည်း ZoomOut ရဲ့ သဘောတရားအတိုင်းပါပဲဗျာ။ ကျနော်အသေးစိတ် မရှင်းတော့ပါဘူး။ ((cloneImg.Width * (tbZoomValue.Value - 50)) / 100) ဒါက Percentage တွက်ယူတဲ့အပိုင်းပါ။ TrackBar Value က 50(Zero Line Value) ထက်ကြီးသွားမှာဖြစ်လို့ ပြန်နုတ်ပေးခြင်းဖြင့် ZoomIn လုပ်ပေးမရ့် Percentage တန်ဖိုးကို တွက်ယူထားတာပါ။ မူရင်း Width and Height နဲ့ ပြန်ပေါင်းပေးထားတာကတော့ မူလ Image ထက် တွက်ထုတ်ထားသော Percentage အတိုင်း ကြီးသွားစေချင်လို့ပါ။ ဒီလောက်ဆိုရင်တော့ Zoom In/Out ကို Percentage နဲ့ လုပ်နိုင်တဲ့ နည်းလမ်းလေးကို နားလည်နိုင်ကြပြိလို့ ထင်ပါတရ်။
ပိုပြီးနားလည်သွားအောင် Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်လိုက်ကြပါအုံးဗျာ။ Result ကိုတော့ ပုံမှာ ကြည့်ရင် အရှင်းကြီး သိနိုင်ပါလိမ့်မရ်။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment