C# - Rotate and Flip Image using RotateFlip()Method

Posted by တေဇာလင်း Tuesday 14 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို Rotate and Flip ပုံစံအမျိုးမျိုးနဲ့ ဘရ်လိုဆွဲယူ ကြည့်နိုင်မလဲဆိုတာလေးနဲ့ ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ နည်းလမ်းပေါင်းစုံ ရှိတဲ့အထဲကနေပြီ အလွရ်ကူဆုံးနည်းလမ်းဖြစ်တဲ့ System.Drawing; အောက်က RotateFlip()Method ကိုအသုံးပြုပြီး ဖန်တီးယူနိုင်တာလေးကို လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။ ကျနော်တို့ အသုံးပြုနိုင်တဲ့ RotateFlipType (16)မျိုးရှိပါတရ်။ ရှင်းလင်းချက်တွေကိုတော့ အောက်က Table မှာ ကြည့်နိုင်ပါတရ်။
Drawing Library က အသင့်ပေးထားတဲ့ Method ကိုခေါ်သုံးမှာဖြစ်လို့ ဒီနေ့ လေ့ကျင့်ခန်းက လွရ်တရ်လို့ ထင်ရပါလိမ့်မရ်။ ဒါပေမရ့် Image Control and Processing ဘက်ကို လေ့လာနေတဲ့ သူတွေအတွက် တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်နိုင်လိမ့်မရ်လို့တော့ ထင်ပါတရ်။ နောက်ပိုင်း အဆင့်မြင့်သင်ခန်းစာတွေကြရင်တော့ ဒီ Flip and Rotation Method တွေကို ကိုယ်တိုင် ဘရ်လိုဖန်တီးယူနိုင်မလဲဆိုတာနဲ့ ပါတ်သတ်ပြီး Graphic နဲ့ဖြစ်စေ၊ Pixel Detection ပုံစံနဲ့ဖြစ်စေ ကျနော် ထပ်ဆွေးနွေးပေးပါ့မရ်ဗျ။ ဒီနေ့တော့ သဘောတရားနဲ့ Result ကို ကျွမ်းဝင်သွားအောင် လွရ်လွရ်ကူကူပဲ လေ့လာကြည့်ကြပါ့မရ်။
ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ PictureBox(2)ခုနဲ့ ComboBox(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံစံဖော်နိုင်ပါတရ်။
ဒီနေ့ လေ့ကျင့်ခန်းကိုတော့ အဆင့်(၃)ဆင့်နဲ့ လေ့လာကြည့်ပါ့မရ်။ ပထမအဆင့်ကတော့ Form_Load မှာ System.Drawing; Library အောက်မှာ Enumation အနေနဲ့ ရှိနေပြီးသား RotateFlipType တွေကို ComboBox ထဲသို့ ဆွဲတင်ယူမှာဖြစ်ပါတရ်။ ဒီအတွက် LoadFlipType() Method ဖန်တီးပုံလေးနဲ့ Form_Load မှာခေါ်ယူပုံလေးကို အောက်မှာ လေ့လာကြည့်ပါ့မရ်။ LoadFlipType()Method မှာတော့ Parameter အဖြစ် ComboBox ကို Passing လုပ်ထားပါတရ်။ Coding စစချင်းမှာ Enum.GetNames() Method ကိုအသုံးပြုပြီး System.Drawing; Libray ထဲက Enumation Type အနေနဲ့ သိမ်းထားသေား RotateFlipType တွေကို Scan ဖတ်ယူပါတရ်(ဒီနည်းအတိုင်းပဲ အခြားသော Enumation Type တွေကိုလည်း ဆွဲယူနိုင်ပါတရ်ဗျ)။ ဒီမှာ Array တစ်ခုခုထဲကို ထည့်ထားလို့ရပါတရ်။ ကျနော်ကတော့ var Type ကိုသုံးထားပါတရ်။ နောက်တစ်ကြောင်းမှာတော့ Scan ဖတ်လို့ရရှိလာတဲ့ Flip Type တွေကို Loop ပါတ်ပြီး string Data တွေအဖြစ် ComboBox ထဲသို့ Add လိုက်တာပဲဖြစ်ပါတရ်။ အပေါ်က Form_Load ရဲ့ Calling Method မှာတော့ ကျနော်တို့ Flip Type တွေကို ဖော်ပြစေချင်တဲ့ ComboBox ကို Parameter ခေါ်ပေးလိုက်ယုံပါပဲဗျ။ ဒါဆိုရင်တော့ Form_Load တတ်ပြီးတဲ့အချိန်မှာ အောက်ကပုံအတိုင်း ComboBox ထဲမှာ Flip Type တွေရောက်နေတာ တွေ့ရပါလိမ့်မရ်။
ခက်ခက်ခဲခဲမပါလို့ နားလည်ကြလိမ့်မရ်လို့ ထင်ပါတရ်ဗျ။ ဒုတိယအဆင့်ကို ဆက်လေ့လာကြည့်ပါ့မရ်။ ဒီအဆင့်ကတော့ picOriginalImg PictureBox ထဲသို့ Image ဆွဲတင်တဲ့အပိုင်းပါ။ PictureBox ထဲသို့ Image ဆွဲတင်တာကိုတော့ ရှေ့မှာ လေ့လာခဲ့ပြီးဖြစ်ကြတဲ့ လေ့ကျင့်ခန်းတိုင်းမှာ ပါနေလို့ ကျနော်အသေးစိတ်မရှင်းတော့ပါဘူး။
နောက်ဆုံးအဆင့်ကတော့ ComboBox ရဲ့ Index Change မှာ ရွေးချယ်လိုက်တဲ့ Action အပေါ်မူတည်ပြီး Flip and Rotation Process ကိုလုပ်ပြီး picResultImg PictureBox မှာ ဖော်ပြပေးဖို့ပါ။ ဒီအတွက် cbFlipType ComboBox ကို D_Click ပေးပြီး SelectedIndexChanged Event မှာ အောက်ပါ Calling ပုံစံနဲ့ Method ခွဲရေးတဲ့ပုံစံလေးကို ရေးယူလိုက်ပါဗျာ။ Calling Method ပုံစံကတော့ ရှင်းပါတရ်။ စစချင်းမှာ if()statement နဲ့ Processing လုပ်ချင်တဲ့ Image ဆွဲတင်ပြီးသား ရှိ/မရှိကို စစ်ပါတရ်။ Image Loading မလုပ်ရသေးဘူးဆိုရင်တော့ FlipImage()Method ကို လှမ်းခေါ်မှာ မဟုတ်ပါဘူးဗျ။ Image လည်း Loading ရှိပြီ၊ ComboBox မှာလည်း Action တစ်ခုခုကို ရွေးပြီဆိုရင်တော့ အောက်က FlipImage()Method ကို လှမ်းခေါ်ပါလိမ့်မရ်။ FlipImage()Method မှာတော့ Parameter အဖြစ် Image တစ်ခုနဲ့ string တစ်ခုကို Passing လုပ်ထားပါတရ်။ ပထမ parameter ကတော့ processing လုပ်ချင်တဲ့ Image ပါ။ ဒုတိယကတော့ ပြောင်းလဲယူချင်တဲ့ Rotate and Flip Type ပေါ့။ အတွင်းပိုင်း အလုပ်လုပ်သွားတဲ့ ပုံစံကတော့ ကျနော်တို့ လေ့လာနေကြ ပုံစံအတိုင်းပါပဲ။ ရောက်လာတဲ့ Image ကို Bitmap အဖြစ် Clone ပွားယူပါတရ်။ ဒုတိယ cmd line ကတော့ string အနေနဲ့ ပို့လိုက်တဲ့ RotateFlipType စာသားကို RotateFlip()Method ကနားလည်တဲ့ RotateFlipType အဖြစ် ပြောင်းလဲယူတာပါ။ ရှင်းပြရခက်တရ်ဗျ။ ဒါပေမဲ့ ကြည့်လိုက်တာနဲ့ နားလည်ကြမရ် ထင်ပါတရ်။ ဒီအဆင့်ကို ရောက်ပြီဆိုရင်တော့ String အနေနဲ့ Passing ၀င်လာတဲ့ RotateFlipType တွေဟာ RotateFlip()Method ကနားလည်တဲ့ RotateFlipType အစစ်ဖြစ်သွားပါပြီ။ ဒါဆိုရင်တော့ တတိယ cmd line အတိုင်း ကျနော်တို့ Clone ပွားယူထားသော Image ကို RotateFlip() Method ကိုအသုံးပြုပြီး Processing လုပ်ပေးပါလို့ ခိုင်းလိုက်ယုံပါပဲ။ နောက်ဆုံးအဆင့်ကတော့ Processing လုပ်ပြီသား Image ကို ပြန်လည်ဖော်ပြေပေးနိုင်ရန် Call Method ဆီသို့ Return ပြန်ပေးလိုက်တာပဲ ဖြစ်ပါတရ်ဗျာ။ ပုံမှာ ကျနော် ဥပမာအနေနဲ့ Rotate180FlipY ဆိုပြီး ပြောင်းပြထားပါတရ်ဗျ။
ပိုပြီးနားလည်သွားအောင် Coding အပြည့်အစုံကို အောက်မှာ လေ့လာကြည့်လိုက်ကြပါအုံးဗျာ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment