C# - Image Processing (Brightness Algorithm)

Posted by တေဇာလင်း Monday 20 February 2017 0 comments

မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမများ အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီနေ့တော့ ကျနော်တို့ Visual Studio C# ကို အသုံးပြုပြီး Image တစ်ခုကို Brithtness အတိုး/အလျှော့လုပ်ပြီး အလင်း/အမှောင် ချိန်ယူနိုင်တာလေးနဲ့ပါတ်သတ်ပြီး လေ့လာကြည့်ပါ့မရ်။ ကျနော့် လေ့ကျင့်ခန်းတွေကတော့ စတင် လေ့လာသူများအတွက်သာ ရည်ရွယ်ပါတရ်။ ဒါကြောင့် သိနေပြီးသား သူများအနေနဲ့ နားလည်ပေးကြဖို့နဲ့ ကျနော်ရဲ့ တင်ပြပုံ မှားယွင်းတာများရှိခဲ့ရင် ပြန်လည်ထောက်ပြပေးနိုင်ဖို့ မျှော်လင့်ပါတရ်ဗျ။
Brightness ဆိုတာကတော့ Image တစ်ခုကို အလင်း/အမှောင် ချိန်ညှိုနိုင်ဖို့အတွက် အသုံးပြုတဲ့ Algorithm တစ်ခုပဲ ဖြစ်ပါတရ်။ Image တစ်ခုကို Region တွေ အသေးစိတ်ခွဲပြီး Pixel တစ်ခုချင်းစီကို Detect လုပ်ကာ စိတ်ကြိုက် အလင်း/အမှောင်ကို ချိန်ယူနိုင်ပါတရ်။ အနုစိတ်နိုင်လေ ပုံထွက်ကောင်းလေပါပဲဗျ။ ဒီလေ့ကျင့်ခန်းမှာတော့ Image ရဲ့ Pixel အားလုံးကို Detect လုပ်ပြီး Brightness အတိုး/အလျှော့ကို စိတ်ကြိုက်ကစားကြည့်မှာ ဖြစ်ပါတရ်။ အလင်း/အမှောင်ပဲ ချိန်တာလေးကို ပုံထွက်ကောင်းတရ်ပြောလို့ အမျိုးတော့ မထင်ကြပါနဲ့ Camera အသုံးပြုဖူးသူတွေနဲ့ ဆယ်ဖီသမားတွေအတွက်ကတော့ မီး အလင်း/အမှောင်ရဲ့ အရေးပါမှုကို ကောင်းကောင်း သိကြမရ်ထင်ပါတရ်။ ရုပ်ရှင်တွေမှာ မီးထိုး၊ မှန်ထိုးတာတွေကလည်း ဒီ အလင်း/အမှောင်ကို စိတ်ကြိုက် ကစားကြတာပါ။
Brightness က အလင်း/အမှောင် ချိန်ယူတာလို့ ပြောခဲ့ပါတရ်။ ဒီတော့ Brightness ကို လေ့လာတဲ့အခါ အလင်းနဲ့အမှောင်ဆိုပြီ နှစ်ပိုင်းခွဲပြီး လေ့လာနိုင်ပါတရ်။ အလင်းဘက်ကိုပဲသွားသွား၊ အမှောင်ဘက်ကိုပဲသွားသွား Color range က (0 to 255) သာရှိလို့ ဒီ scope ထဲက လွတ်သွားလို့မရပါဘူး။ ဒီတော့ ကျနော်တို့ အလင်း/အမှောင်ကို ကစားလို့ရတဲ့ Range က (-255 to +255) ပေါ့။
Algorithm ကိုချဉ်းကပ်တဲ့ ပုံစံကတော့ ထူးထူးခြားခြားမရှိပါဘူးဗျ။ ပထမဦးဆုံး Pixel တစ်ခုကို Detect လုပ်ပြီး R, G, B Color Value တွေကို ဆွဲထုတ်ပါတရ်။ ရလာတဲ့ R, G, B တန်ဖိုးတွေကိုမှ မိမိတို့လိုချင်တဲ့ အလင်း/အမှောင် တန်ဖိုးနဲ့ ပေါင်းပေးပြီး မူရင်း Pixel ရဲ့ R, G, B value တွေထဲ ပြန်ထည့်ပေးလိုက်တာပါ။ အလင်းဘက်သွားချင်ရင် အပေါင်းတန်ဖိုးနဲ့ ပေါင်းမရ်။ အမှောင်ဘက်သွားချင်ရင် အနုတ်တန်ဖိုးနဲ့ ပေါင်းပေးယုံပေါ့။ ဥပမာ အလင်းဘက်ကို သွားမရ်ဆိုပါစို့-
Brightness Value = 45;
Pixel = RGB(120, 114, 50);
Brightness Processing,
Pixel = RGB(120+45, 114+45, 50+45); = RGB(165, 159, 95);

ဒီလိုပါပဲ။ အမှောင်ဘက်ကို သွားမရ်ဆိုရင်တော့...
Brightness Value = -45;
Pixel = RGB(120, 114, 50);
Brightness Processing,
Pixel = RGB(120+(-45), 114+(-45), 50+(-45)); = RGB(75, 69, 5);
ကဲ... ဒီလောက်ဆိုရင်တော့ Brightness Algorithm ရဲ့ သဘောတရားကို သိပြီလို့ ထင်ပါတရ်။ ကျနော်တို့ GUI ဖောက် Coding ရေးပြီး လက်တွေ့လေ့လာကြည့်ရအောင်။ ဒါကတော့ ကျနော်တို့ Project မှာ အသုံးပြုမရ် Library File တွေပါ။ ဒီနေ့ လေ့ကျင့်ခန်းအတွက် GUI တည်ဆောက်ခြင်းအပိုင်းမှာတော့ ကျနော် Button(1)ခု၊ Label(1)ခု၊ PictureBox(2)ခုနဲ့ TrackBar(1)ခုကို အသုံးပြုထားပါတရ်။ Tools တွေရဲ့ Properties တွေကိုတော့ အောက်က Table အတိုင်း ပြင်ယူလိုက်ကြပါဗျာ။
ကျနော်ကတော့ အောက်ကပုံအတိုင်း ပုံစံချထားပါတရ်ဗျာ။ မိတ်ဆွေတို့အနေနဲ့တော့ GUI ကို ကြိုက်သလို ပုံဖော် ဖန်တီးနိုင်ပါတရ်ဗျ။
ဒီနေ့ လေ့ကျင့်ခန်းမှာတော့ Brightness Processing အတွက် TrackBar ကိုသုံးထားပါတရ်။ TrackBar ကို Initial Value = 255 ပေးထားတာကတော့ Brightness In/Out အတွက် TrackBar ကို စမှတ် 255 မှာ Zero Line ချလိုက်တာပါ။ ဒါမှ ကနဦး ဆွဲတင်လိုက်သော Image ဟာ 255(0%)မှာ ဖော်ပြပြီး 255 အောက်ငယ်သွားရင် Bright Out Process ဖြစ်တဲ့ အမှောင်ဘကိုကိုလုပ်ကာ 255 ထက်များသွားရင်တော့ Bright In Process ဖြစ်တဲ့ အလင်းဘက်ကိုလုပ်ပါလို့ ခိုင်းလို့ရမှာပါ။ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်။ ဒီတော့ TrackBar ရဲ့ Value အချိန်းအပြောင်းပေါ်မူတည်ပြီး Brightness Result ပြောင်းလဲ လုပ်ဆောင်သွားမှာဖြစ်ပါတရ်။ TrackBar ကို D-Click ပေးပြီး အောက်က Method လေးကို ရေးယူလိုက်ပါဗျာ။ Method ကိုတော့ Processing လုပ်မရ့် Image နဲ့ Brightness Changing အတွက် Value ကို Parameter Passing လုပ်ထားပါတရ်။ Pixel Detection လုပ်တဲ့ လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ ရှေ့မှာလေ့လာခဲ့ပြီးဖြစ်တဲ့ Fast Image Processing လေ့ကျင့်ခန်းအတိုင်း Detect လုပ်ထားပါတရ်။ နားမလည်သေးတဲ့ မိတ်ဆွေတို့အတွက် ရှေ့သင်ခန်းစာတွေကို ပြန်ဖတ်ပေးပါလို့ တိုက်တွန်းပါရစေ။ R, G, B Brightness Value အတိုး/အလျှော့ လုပ်သွားတဲ့ပုံကိုတော့ ကျနော် အပေါ်မှာ ဥပမာနဲ့ အသေစိတ်ရှင်းပြခဲ့ပါတရ်။ Coding မှာ ခက်ခဲတာ ဘာမှမပါလို့ နားလည်ကြလိမ့်မရ်လို့ မျှော်လင့်ပါတရ်ဗျ။
ဒါကတော့ Calling Method ပုံစံပါ။ if()statement နဲ့စစ်ထားတာကတော့ Processing လုပ်မရ့် Image ကိုဆွဲတင်ပြီး ရှိ/မရှိ သိချင်လို့ပါ။ မိတ်ဆွေတို့ အားလုံးကို ခြုံငုံနားလည်သွားအောင် အောက်မှာ Coding အပြည့်အစုံကို လေ့လာနိုင်ပါတရ်ဗျ။ မိတ်ဆွေ၊ ညီအစ်ကို၊ မောင်နှမအားလုံး လေ့လာခြင်းဖြင့် ကျေနပ်နိုင်ကြပါစေ။

0 Responses so far.

Post a Comment